မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေမှာ အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်သူ ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်အတွက် ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကြားဖြတ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Manchester United ready to rival Arsenal for Declan Rice with  player-plus-cash offer

Photo Credit : The Telegraph

မန်ယူနိုက်တက်အသင်းဟာ ဒီနွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှု ပြုလုပ်ခြင်း မရှိပဲနဲ့ ကစားသမား အများစုကို စောင့်ကြည့် စိတ်ဝင်စားလျက်သာ ရှိနေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အာဆင်နယ် မန်စီးတီး ချယ်လ်ဆီးတို့က အလိုရှိနေတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အတွက် ကမ်းလှမ်းမှုတစ်မျိုးနဲ့ ကမ်းလှမ်းသွားဖို့ စတင် ပြင်ဆင်လာခဲ့ပါတယ်။ ရိုက်စ်က လက်ရှိမှာ အာဆင်နယ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပေမယ့် done deal မဖြစ်ခင်မှာပဲ ယူနိုက်တက်က ကြားဖြတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football365

ယူနိုက်တက်က ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး အပါအဝင် အသင်းရဲ့ ကစားသမားတွေထဲကမှ အသင်းခေါင်းဆောင် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား ဒါမှမဟုတ် ကွင်းလယ်လူ စကော့မတ်တွမ်မီနေး တစ်ဦးဦးကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ နောက်ခံလူ မက်ဂွိုင်းယားက ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ် နှစ်သက်ရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး တွမ်မီနေးဆိုရင်လည်း ရိုက်စ်နေရာမှာ တိုက်ရိုက် အစားထိုး ဝင်ရောက်နိုင်မယ့်သူ ဖြစ်လို့ ဒီကစားသမားတွေအပြင် ပြောင်းရွှေ့ကြေးကို ဘယ်လောက်အထိ ထည့်သွင်း ကမ်းလှမ်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ မန်ချက်စတာထက် လန်ဒန်မှာသာ ဆက်နေလိုတောကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားချင်နေပါတယ်။