မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ကွင်းလယ်လူ ဖရန်ကီဒီယွန်းနဲ့ တောင်ပံကစားသမား အန်တိုနီတို့ကို အသင်းရဲ့ အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားခဲ့ရာ ဈေးကွက်မပိတ်ခင်မှာ ဒီယွန်းထက် အိုင်းယတ်စ် တောင်ပံကစားသမား အန်တိုနီကို အရခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်လာဦးမယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် အိုင်းယတ်စ်နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ကို ခန့်အပ်လိုက်ကတည်းက တန်ဟက်ဂ်ကိုယ်တိုင် အိုင်းယတ်စ်ရဲ့ ကစားသမားတွေ အများအပြားကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ အိုင်းယတ်စ် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူထားနိုင်ခဲ့သလို နောက်ထပ် အိုင်းယတ်စ် ကစားသမားဖြစ်တဲ့ အန်တိုနီကိုပါ ခေါ်ယူဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းလျက်ရှိရာ ခုထိ မအောင်မြင်နိုင်ခဲ့ပေမယ့်လည်း ဈေးကွက်မပိတ်ခင် အချိန်ထိတော့ ဆက်လက် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Bola

ယူနိုက်တက်အသင်းက င်္ဒီနှစ် ဈေးကွက်အတွင်းမှာ ဗဟိုနောက်ခံလူ မာတီနက်ဇ် ဘယ်နောက်ခံ မာလာစီယာနဲ့ ကွင်းလယ်လူ အဲရစ်ဆင်တို့ကို ခေါ်ယူထားခဲ့ပေမယ့် အသင်းမှာက အားနည်းချက်တွေ ကစားသမား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာတွေ ရှိနေသေးပြီး ဒီထဲမှာ တောင်ပံတ်ိုက်စစ်နေရာလည်း ပါဝင်နေရပါတယ်။ လက်ရှိ အသင်းက ပရီးမီးယားလိဂ် ပွဲစဉ်(၂)ပွဲအပြီးမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့် နွေဈေးကွက် မပိတ်ခင်မှာပဲ သူတို့ရဲ့ အဓိကပစ်မှတ် အန်တိုနီကို အရ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေ ထပ်မံ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အိုင်းယတ်စ်ဘက်က ဒီဈေးကွက်ထဲ အသင်းရဲ့ ကစားသမားကောင်းတွေ ဆက်တိုက် ဆုံးရှုံးထားရတာကြောင့် အန်တိုနီလို ထိပ်တန်းကစားသမားတစ်ဦးကို ထပ်မံ လက်မလွတ်သွားချင်ပဲ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင် အန်တိုနီအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၈၀)ဝန်းကျင်ခန့် အလိုရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက်ဘက်က winger options အတွက် ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီကို main targets အဖြစ်နဲ့ သတ်မှတ်ထားပြီး အန်တိုနီကို မရခဲ့ရင်တော့ PSV အသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ကိုဒီဂက်ပိုကို ဒုတိယ ဦးစားပေးအဖြစ် သတ်မှတ်ထားသလို အန်တိုနီရော ဂက်ပိုကိုပါ မရခဲ့ဘူးဆိုရင်တော့ ချယ်လ်ဆီးမှာ အနာဂတ် မရေမရာတော့တဲ့ အမေရိကန် တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ်ကို တစ်ရာသီအငှားနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။