MySport Myanmar

နယူးကာဆယ် ဂိုးသမား ဒူဗရက်ကာကို အငှားနဲ့ ကမ်းလှမ်းထားတဲ့ မန်ယူ

ဂိုးသမားတစ်ဦး ဖြည့်တင်းဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲနေတဲ့ ဆလိုဗက်ကီးယား ဝါရင့်ဂိုးသမားကြီး မာတင်ဒူဗရက်ကာကို အငှားကမ်းလှမ်းမှုနဲ့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ နာမည်ကျော် ဘောလုံးဂျာနယ်လစ်တွေက ဖော်ပြလာခဲ့ပါတယ်။

 

Photo Credit : United in Focus

ယူနိုက်တက်အသင်းက နွေစျေးကွက်မပိတ်ခင်မှာ အသင်းအတွက် ဂိုးသမားတစ်ဦးခန့်လောက် ခေါ်ယူသွားဖို့ ​စီစဥ်လာခဲ့ရာ ဘွန်ဒစ်လီဂါ ဂိုးသမားတွေဖြစ်တဲ့ ဆွန်းမားနဲ့ ထရပ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် ဒီဂိုးသမားတွေကို ခေါ်ယူဖို့ အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ရှိနေတဲ့ ဒူဘရက်ကာကိုသာ အာရုံစိုက်လာခဲ့ပါတယ်။ ၂၀၁၈ခုနှစ်ကတည်းက နယူးကာဆယ်အသင်းမှာ ပါဝင်လာခဲ့တဲ့ ဂိူးသမားကြီး ဒူဘရက်ကာဟာ လက်ရှိမှာတော့ နယူးကာဆယ်နဲ့အတူ ပရီးမီးယားလိဂ် ပွဲစဥ်ပေါင်း (၁၂၇)ပွဲအထိ ပါဝင်ထားနိုင်ခဲ့သူဖြစ်ပြီး ဆလိုဗက်ကီးယား လက်ရွေးစင်အသင်းအတွက်ပါ ပွဲပေါင်း (၃၀) ပါဝင်ထားခဲ့ပါတယ်။

Photo Credit : The Telegraph

အသက်(၃၃)နှစ်အရွယ် ဂိုးသမား ဒူဗရက်ကာဟာ နယူးကာဆယ်ရဲ့ ပင်တိုင်ဂိုးသမားတစ်ဦး ဖြစ်နေပေမယ့် နယူးကာဆယ်က နွေစျေးကွက်ထဲမှာ ဘန်​လေဂိုးသမား နစ်ပုပ်ကို ​ခေါ်ယူထားသလို ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက် နစ်ပုပ်ကိုသာ နေရာပေးထားခဲ့ပြီး မနေ့ညက ထရန်းမဲအသင်းနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲမှာပါ ဒါလိုးကို နေရာပေးထားခဲ့တာကြောင့် အသင်းရဲ့ တတိယ ဦးစားပေးလို ဖြစ်လာခဲ့ရတဲ့အပေါ် ဒူဘရက်ကာက စိတ်ပျက်လာခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂိုးသမား ဒူဘရက်ကာကို ယူနိုက်တက်အသင်းက တစ်ရာသီ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး အသင်းနှစ်သင်းကြား ဆွေးနွေးနေဆဲ ဖြစ်ပေမယ့် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိထားသည့်တိုင် ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်အသင်းဆီ အငှားချထားပြီးနောက် အသင်းမှာ ဒဟေးယားနဲ့ တွမ်ဟီတန်တို့သာ အသင်းရဲ့ဂိုးသမားတေံအဖြစ် ကျန်ရှိနေတဲ့အပေါ် ဂိုးသမားတစ်ဦး ထပ်မံဖြည့်တင်းချင်နေတာ ဖြစ်သလို လက်စွမ်းပိုင်း မတည်မငြိမ်တော့တဲ့ ဒဟေးယားကို push လုပ်နိုင်မယ့် back-up ဂိုးသမားကိုပါ လိုအပ်နေတာကြောင့် ဒူဘရက်ကာကို ကမ်းလှမ်းခဲ့ရတာ ဖြစ်ပါတယ်။

Exit mobile version