နယူးကာဆဲယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာရသွားခဲ့လို့ ဇန်နဝါရီလတစ်လလုံး ကစားခဲ့ရတဲ့ ပွဲစဉ်တွေအားလုံးကို လွဲချော်ခဲ့ရသလို လာမယ့်ဖေဖော်ဝါရီလလည်လောက်မှာသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားလေး စကော့မတ်စ်တွမ်မီနေးက သူရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေ စိတ်ကျေနပ်ရနိုင်စေမယ့် ဗီဒီယိုဖိုင်တစ်ခုကို ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြပေးသွားခဲ့ပါတယ်။

Photo Credit : Getty Images

စကော့တလန်နိုင်ငံသားလေး တွမ်မီနေးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ အထူးခြေစွမ်းပြလို့နေပြီး ဖယ်လိုင်နီ ဟာရဲရားတို့ မရှိတော့တဲ့ ကွင်းလယ်ပိုင်းမှာ လစ်လပ်နေခဲ့တဲ့ ကွက်လပ်တစ်ခုကို အကောင်းဆုံးဖြည့်တင်းနိုင်ခဲ့သလို ဒဏ်ရာကြောင့် ရက်ပိုင်းများစွာ အနားယူနေရတဲဲ့ ပေါ့ဘာရဲ့ကွက်လပ်ကိုလည်း တွမ်မီနေးက ဖာထေးပေးနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကျိုးပြုနေချိန်မှာပဲ ဒဏ်ရာပြသာနာနဲပ ရင်ဆိုင်သွားရချိန်မှာ ယူနိုက်တက်ကွင်းလယ်က အားပြန်ပျော့သွားခဲ့ရကာ ရလဒ်ပိုင်းတွေမှာ သွားပြီးအကျိုးသက်ရောက်မှုတွေ ရှိလာခဲ့ရပါတယ်။

Photo Credit : Getty Images

တွမ်မီနေးဟာ သူရဲ့အင်စတာဂရမ်ပေါ်ကနေပြီး ဒဏ်ရာသက်သာလာလို့ လမ်းကောင်းကောင်းလျှောက်နိုင်ပြီဖြစ်ကြောင်း ဗီဒီယိုဖိုင်တစ်ခုကို ဖော်ပြသွားခဲ့ကာ “ဒါကအရမ်းကိုစိတ်ကြည်နူးစရာကောင်းတဲ့အခိုက်အတန့်တစ်ခု” လို့ပါ စာသားလေးတစ်ခုကို ရေးသားဖော်ပြထားခဲ့ပါတယ်။ ဒါဟာ မကြာခင်မှာ ယူနိုက်တက်အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်ဆိုတဲဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးခဲ့တာဖြစ်သလို အခုတလောမှာ ရလဒ်တွေ ဆိုးရွှားနေရတဲ့ ယူနိုက်တက်အသင်းအတွက်လည်း သတင်းကောင်းဖြစ်လာနိုင်ပါတယ်။ တွမ်မီနေးလို ဒဏ်ရာပြသာနာတွေကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူပေါ့ဘာနဲ့ တိုက်စစ်မှူးရပ်ဖိုဒ့်တို့ကလည်း ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ယူနိုက်တက်အတွက် ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ သုံးသပ်ပြောဆိုထားကြပါတယ်။

(Zawgyi)

ယူႏုိက္တက္အတြက္ ျပန္ကစားေပးႏုိင္ဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း အသိေပးခဲ႔တဲ႔ တြမ္မီေနး

နယူးကာဆဲယူႏုိက္တက္အသင္းကုိ ဂုိးျပတ္အႏုိင္ရခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္းမွာ ဒဏ္ရာရသြားခဲ႔လို႔ ဇန္နဝါရီလတစ္လလုံး ကစားခဲ႔ရတဲ႔ ပြဲစဥ္ေတြအားလုံးကုိ လြဲေခ်ာ္ခဲ႔ရသလုိ လာမယ့္ေဖေဖာ္ဝါရီလလည္ေလာက္မွာသာ အသင္းအတြက္ ျပန္လည္ကစားေပးႏုိင္ဖြယ္ရွိေနတဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေလး စေကာ့မတ္စ္တြမ္မီေနးက သူရဲ႕ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး ယူႏုိက္တက္ပရိသတ္ေတြ စိတ္ေက်နပ္ရႏုိင္ေစမယ့္ ဗီဒီယုိဖုိင္တစ္ခုကုိ ဆုိရွယ္မီဒီယာေပၚမွာ ေဖာ္ျပေပးသြားခဲ႔ပါတယ္။

Photo Credit : Getty Images

စေကာ့တလန္ႏုိင္ငံသားေလး တြမ္မီေနးဟာ ဒီရာသီမွာ ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္မွာ အထူးေျခစြမ္းျပလုိ႔ေနၿပီး ဖယ္လုိင္နီ ဟာရဲရားတုိ႔ မရွိေတာ့တဲ႔ ကြင္းလယ္ပုိင္းမွာ လစ္လပ္ေနခဲ႔တဲ႔ ကြက္လပ္တစ္ခုကုိ အေကာင္းဆုံးျဖည့္တင္းႏုိင္ခဲ႔သလုိ ဒဏ္ရာေၾကာင့္ ရက္ပုိင္းမ်ားစြာ အနားယူေနရတဲဲ႔ ေပါ့ဘာရဲ႕ကြက္လပ္ကုိလည္း တြမ္မီေနးက ဖာေထးေပးႏုိင္ခဲ႔ပါတယ္။ ဒီလုိ အသင္းအတြက္ အက်ိဳးျပဳေနခ်ိန္မွာပဲ ဒဏ္ရာျပသာနာနဲပ ရင္ဆုိင္သြားရခ်ိန္မွာ ယူႏုိက္တက္ကြင္းလယ္က အားျပန္ေပ်ာ့သြားခဲ႔ရကာ ရလဒ္ပုိင္းေတြမွာ သြားၿပီးအက်ိဳးသက္ေရာက္မႈေတြ ရွိလာခဲ႔ရပါတယ္။

Photo Credit : Getty Images

တြမ္မီေနးဟာ သူရဲ႕အင္စတာဂရမ္ေပၚကေနၿပီး ဒဏ္ရာသက္သာလာလုိ႔ လမ္းေကာင္းေကာင္းေလွ်ာက္ႏုိင္ၿပီျဖစ္ေၾကာင္း ဗီဒီယုိဖုိင္တစ္ခုကုိ ေဖာ္ျပသြားခဲ႔ကာ “ဒါကအရမ္းကုိစိတ္ၾကည္ႏူးစရာေကာင္းတဲ႔အခုိက္အတန္႔တစ္ခု” လုိ႔ပါ စာသားေလးတစ္ခုကုိ ေရးသားေဖာ္ျပထားခဲ႔ပါတယ္။ ဒါဟာ မၾကာခင္မွာ ယူႏုိက္တက္အသင္းအတြက္ ျပန္လည္ကစားေပးႏုိင္ေတာ့မယ္ဆုိတဲဲ႔အေၾကာင္းကုိ ပရိသတ္ေတြဆီ အသိေပးခဲ႔တာျဖစ္သလို အခုတေလာမွာ ရလဒ္ေတြ ဆုိးရႊားေနရတဲ႔ ယူႏုိက္တက္အသင္းအတြက္လည္း သတင္းေကာင္းျဖစ္လာႏုိင္ပါတယ္။ တြမ္မီေနးလုိ ဒဏ္ရာျပသာနာေတြေၾကာင့္ အနားယူေနရတဲ႔ ကြင္းလယ္လူေပါ့ဘာနဲ႔ တုိက္စစ္မွဴးရပ္ဖုိဒ့္တုိ႔ကလည္း ေဖေဖာ္ဝါရီလကုန္ပုိင္းေလာက္မွာ ယူႏုိက္တက္အတြက္ ျပန္လည္ကစားေပးႏုိင္ဖြယ္ ရွိေနတယ္လုိ႔ သုံးသပ္ေျပာဆုိထားၾကပါတယ္။