မနေ့ညက ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေတဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ကစားခဲ့ရင်းနဲ့ ဗန်ဒိုက် ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲဲ့အတူ ဂိုးပြတ်အရှံးပေးခဲ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘက်က လူစုံတတ်စုံ ပါဝင်လာခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်မှာတော့ ရပ်ဖိုဒ့် ပေါ့ဘာ တွမ်မီနေးတို့လို အဓိက ကစားသမားတွေ ပါဝင်နိုင်ခြင်းမရှိတာကြောင့် အသင်းရဲ့ကစားပုံက အားနည်းလွန်းနေခဲ့ပြီး လိုအပ်ချက်များစွာလည်း ရှိနေခဲ့တာကြောင့် အခုလို ပြိုင်ဘက်ကောင်းအသင်းတစ်သင်းကို အရေးနိမ့်ခဲဲ့ရတာဖြစ်ပါတယ်။
Photo Credit : Manchester Evening News
တွမ်မီနေးနဲ့ ပေါ့ဘာတို့ ဝင်ကစားနိုင်ခြင်းမရှိတဲဲ့ အချိန်ကနေစတင်ပြီး ယူနိုက်တက်အသင်းရဲ့ကွင်းလယ်မှာ သိပ်တွဲဖက်လေ့မရှိတဲ့ မာတစ်နဲ့ဖရက်ဒ်တို့ တွဲဖက်ကစားလာဖြစ်ပါတယ်။ အခုလည်း အသက်၃၁နှစ်အရွှယ် ဝါရင့်ဆာဘီးယား ကွင်းလယ်လူကြီး မာတစ်က လီဗာပူးလ်နဲ့ပွဲအတွင်း ဖရက်ဒ်ရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီး “သူနဲ့တွဲဖက်ပြီးကစားရတာက အထူးကောင်းလွန်းပါတယ်။ ဒီနေ့ပွဲမှာ သူကစားခဲ့တာ အတော်လေး ကောင်းမွန်ပါတယ်။ သူက ပွဲတိုင်းလိုလို သူ့မှာရှိတဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ အကုန်ချပြတယ်။ အသင်းအတွက် တိုက်ပွဲဝင်လိုစိတ်အပြည့်နဲ့ ကစားတတ်တယ်။ ကျွန်တော်လည်း ဖရက်ဒ်လိုပဲ ကစားခဲ့တယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ဒီအသင်းအတွက် ပိုအကျိုးပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
Photo Credit : Manchester Evening News
“ဆက်ကြိုးစားထားမယ်။ နောက်ဆုံးချိန်အထိ ယူနိုက်တက်အတွက် အကောင်းဆုံးကြိုးစားသွားမယ်” လို့ MUTV နဲ့ အင်တာဗျူးမှာ ပြောဆိုလို့သွားခဲ့ပါတယ်။ ဖရက်ဒ်ဟာ လီဗာပူးလ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု တိကျခြင်း အခွင့်အရေးဖန်တီးနိုင်ခြင်း အလိမ်အခေါက်နဲ့ ဘောလုံးဖြတ်ထုတ်မှုတွေ အောင်မြင်ခြင်းတို့လို စွမ်းဆောင်ရည်တွေကို လုပ်ဆောင်နိုင်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေမှာလည်း ဖရက်ဒ်ကို ဝိုင်းဝန်းချီးကျူးထားခဲ့ကြပါတယ်။ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေ များပြားနေတဲ့ အခုလိုအချိန်မျိုးမှာ ဖရက်ဒ်နဲ့ မာတစ်နဲ့တွဲဲဖက်ပြီး အသင်းရဲ့ကွင်းလယ်အတွက် အကောင်းဆုံးအကျိုးပြုနေခဲ့တာမို့ ယူနိုကက်တက်အတွက် ခံသာနိုင်ပေမယ့်လည်း ကွင်းလယ်တိုက်စစ်ပိုင်းအတွက်ကတော့ ဘရူနိုဖာနန်ဒက်ဇ်လို ကစားသမားမျိုးကို ခေါ်ယူဖို့က မဖြစ်မနေ လိုအပ်နေပြီး လက်ရှိမှာတော့ ပြောင်းရွှေ့ကြေးတန်ဖိုးနဲ့ပတ်သက်ပြီး စပို့တင်းလစ္စဘွန်းဘက်နေ တိုးမြှင့်တောင်းဆိုလွန်းတာကြောင့် အပြောင်းအရွှေ့က ပျက်ဖွယ်ရှိလို့နေပါတယ်။
(Zawgyi)
လီဗာပူးလ်နဲ့ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ အသင်းဖော်ကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ မာတစ်
မနေ့ညက ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေတဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ကစားခဲ့ရင်းနဲ့ ဗန်ဒိုက် ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အရှံးပေးခဲ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘက်က လူစုံတတ်စုံ ပါဝင်လာခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်မှာတော့ ရပ်ဖိုဒ့် ပေါ့ဘာ တွမ်မီနေးတို့လို အဓိက ကစားသမားတွေ ပါဝင်နိုင်ခြင်းမရှိတာကြောင့် အသင်းရဲ့ကစားပုံက အားနည်းလွန်းနေခဲ့ပြီး လိုအပ်ချက်များစွာလည်း ရှိနေခဲ့တာကြောင့် အခုလို ပြိုင်ဘက်ကောင်းအသင်းတစ်သင်းကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။