မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဖရက်က ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်ကစားသမားဟောင်းကြီးဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ပေါလ်စခိုးတို့ အသီးသီး ဝေဖန်ပြစ်တင်ထားတဲ့ စကားတွေအပေါ်မှာ သူ့ဘက်က လက်ခံနိုင်ခြင်း မရှိသလို ဘာမှကိုလည်း တုံ့ပြန်နေမှာ မဟုတ်ပဲ ကွင်းအတွင်းမှာ အကောင်းဆုံးစွမ်းရည်တွေ ပြသနိုင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Roy Keane has been criticial of Fred on many occasions as TV pundits As has Paul Scholes

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ် ဘရာဇီးလ် ကွင်းလယ်ကစားသမား ဖရက်ဟာ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းပြဖို့ ကြိုးစားရုန်းကန်သူဖြစ်ပြီး နောက်ပိုင်းပွဲစဉ်တွေမှာတော့ သူရဲ့လုပ်အားတွေ ပိုမိုတိုးတတ် ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။ ဖရက်ရဲ့ ခြေသိပ်မပေါ်ခင်က သူ့ကို ရွိုင်ကိန်းနဲ့ ပေါလ်စခိုးတို့ကနေ ဖရက်ရဲ့ ကစားပုံကို “ပျင်းရိပြီး ဖြစ်ကတတ်ဆန်းနိုင်တယ်” “အားစိုက်မှုတွေ ကင်းမဲ့နေတယ်” လို့ အသီးသီး ပြစ်တင်ဝေဖန်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖရက်ကတော့ သူရဲ့ ယူနိုက်တက် စီနီယာ ကစားသမားကြီးတွေ ဝေဖန်ကဲ့ရဲ့မှုတွေအပေါ် ဘယ်လိုမှ တုံ့ပြန်နေမှာ မဟုတ်ပဲ သူလုပ်စရာ ရှိတာကိုသာ ဆက်လက်အာရုံစိုက်သွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Manchester United midfielder Fred (centre) has hit back at criticism from two club legends

Photo Credit : Daily Mail

ရွိုင်ကိန်း ပေါလ်စခိုးတို့နဲ့ပတ်သက်ပြီး ဖရက်က “သူတို့တွေက မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ အလွန်တောက်ပခဲ့တဲ့ အခိုက်အတန့်တွေကို အများကြီး ရယူခဲ့ဖူးသူတွေပါ။ အခုအချိန်မှာကတော့ သူတို့က အသင်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုနေရပြီဖြစ်လို့ ကျွန်တော့်အတွက်ကတော့ အဆင်ပြေတယ်။ ဒါက သူတို့အလုပ်နဲ့ သူတို့ဆိုတော့ သူတို့မှာ လုပ်ပိုင်ခွင့် ပြောပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်ကတော့ သူတို့ပြောဆိုနေတာကို သဘောမတူ လက်မခံဘူး။ ဒါပေမယ့် ဒါက သူတို့ရဲ့ ထင်မြင်ချက်သက်သက်ပါပဲ။ ကျွန်တော် ဒါတွေကို ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ပတ်သက်ပြီးတော့လည်း အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေများစွာကို ကျွန်တော် ကြားခဲ့ဖးပါပြီ။ အမြဲတမ်း အဆိုးဘက်ကြီးပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါတွေကို ဘာမှပြန်ပြောနေမှာ မဟုတ်ဘူး။ ကျွန်တော်ရဲ့ အာရုံစိုက်မှုက ကွင်းအတွင်းမှာ အကောင်းဆုံး လုပ်ပြဖို့ပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ထားခံရတဲ့ ဖရက်ဟာ ယူနိုက်တက်ရဲ့ နောက်ပိုင်းပွဲစဉ်တွေအတွင်း ပုံစံကောင်းတွေ ပြန်လည်ပြသနေတာကြောင့် သူ့ကို ဝေဖန်ထားခဲ့ဖူးတဲ့ ရွိုင်ကိန်းကိုယ်တိုင်ကပါ ဖရက်ကို တဖြည်းဖြည်း တိုးတတ်မှုရှိလာတယ်လို့ ပြန်လည်သတ်မှတ်ထားခဲ့ပါသေးတယ်။