နွေဈေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်ပိုင်းကို မဖြစ်မနေ အားဖြည့်တင်းသွားဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူန်ိုက်တက်အသင်းဟာ လတ်တလောမှာ တိုက်စစ်ကစားသမား အများအပြားနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပြီး လက်ရှိမှာလည်း အသက်လက်တတီကိုမက်ဒရစ် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ တွေ့ဆုံမှုတွေပါ လုပ်ဆောင်နေတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြလာခဲ့ပါတယ်။

Atletico's €126m 'flop' Joao Felix finally proving his worth ahead of Man  Utd clash | Goal.com Malaysia

Photo Credit : Goal

ပရီးမီးယားလိဂ် ရာသီအစမှာ (၂)ပွဲဆက် ရှုူံးပွဲတွေနဲ့ ရင်ဆိုင်ထားရပြီး အမှတ်ပေးဇယား အောက်ဆုံးထိကို ရောက်ရှိနေရတဲ့ ယူနိုက်တက်အသင်းဟာ အလွန်အားနည်းနေတဲ့ အသင်းရဲ့လူစာရင်းအတွက် ဈေးကွက်မပိတ်ခင်မှာပဲ ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် ကစားသမားများစွာနဲ့ ဆက်သွယ်နေတယ်လို့ သတင်းထွက်နေပြီး လက်ရှိမှာလည်း အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုရာတာ ကူညာနဲ့ ဂျော်အိုဖီးလစ်တို့နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေရပါတယ်။

How Sterling and Jesus sales could bring Joao Felix to Man City |  FootballTransfers.com

Photo Credit : Football Transfer

စပိန်နိုင်ငံရဲ့ နာမည်ကျော် သတင်းစာကြီး Marca မှာတော့ ယူနိုက်တက်အသင်းဟာ အသက်လက်တီကိုအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဂျာအိုဖီးလစ်ရဲ့ တာဝန်ရှိသူတွေနဲ့ မက်ဒရစ်မြို့မှာ တွေ့ဆုံခဲ့ပြီး ဂျာအိုဖီးလစ်ကို ခေါ်ယူချင်နေတဲ့ ရည်ရွယ်ချက်တွေကိုပါ ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့တယ်လို့ပါ ဖော်ပြလာခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင် ကစားသမား ဖီးလစ်ဟာ ဘင်ဖီကာအသင်းမှာ ပါဝင်ခဲ့စဉ်ကတည်းက ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ယူနိုက်တက်ကို မရောက်ဖြစ်ခဲ့ပဲ အသက်လက်တီကိုအသင်းဆီသာ ရောက်ရှိခဲ့ရပါတယ်။ င်္ဖီးလစ်ဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာလည်း သူရဲ့အနာဂတ် အခြေအနေတွေ လှုပ်လှုပ်ခတ်ခတ် ရှိထားခဲ့ပေမယ့် အသကပ်လပ်တီကိုမှာပဲ ပျော်ရွှင်နေတယ်လို့ သူကိုယ်တိုင် ရှင်းလင်း ပြောဆိုထားခဲ့သလို ဂီတာဖေးအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာလည်း အသင်းအတွက် ဂိုးဖန်တီးမှု (၃)ကြိမ်ပါ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဖီးလစ်ဟာ အသက်လက်တီကိုအသင်းကို ယူရို(၁၂၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း သူရဲ့တန်ကြေးက ယူရိုသန်း(၇၀)ခန့် ရှိနေတဲ့အပြင် အသင်းနဲ့ပါ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဖီးလစ်ကို ခေါ်ယူဖို့က အလွန် ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။