မနေ့ညက ကစားသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်(၂)မှာ ယူနိုက်တက်ဘက်က အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး လူစားဝင်တိုက်စစ်ကစားသမား မားကပ်စ်ရပ်ဖိုဒ့်ကလည်း လူစားဝင်လာပြီးတဲ့နောက်မှာ အသင်းအတွက် ဟက်ထရစ်သွင်းဂိုးကိုပါ ရယူနိုင်ခဲ့ပါတယ်။ ရပ်ဖိုဒ့်ဟာ သူရဲ့ပင်နယ်တီသွင်းဂိုးကို အသင်းရဲ့စတုတ္ထမြောက်သွင်းဂိုး ဖြစ်လာနိုင်စေမယ့် ပင်နယ်တီကန်သွင်းမှုကနေ ရယူနိုင်ခဲ့ပေမယ့် ဒီပင်နယ်တီကို မာစီယဲလ်ကပဲ အဆုံးသတ်သွင်းယူခဲ့တာနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ဖိုဒ့်ဟာ မနေ့ညက ပွဲစဉ်အတွင်း အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရခြင်းမရှိပဲ ဒုတိယပိုင်း (၆၃)မိနစ်အရောက်မှ ပါဝင်ခဲ့ရပြီး အသင်းအတွက်ကိုလည်း ဟက်ထရစ်သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရပ်ဖိုဒ့်ဟာ သူရဲ့ဟက်ထရစ်သွင်းဂိုးကို အသင်းရဲ့(၄)ဂိုးမြောက်သွင်းဂိုး ဖြစ်လာနိုင်မယ့် ပင်နယ်တီကန်သွင်းမှုကနေ ရယူနိုင်ခွင့် ရှိခဲ့ပေမယ့် သူကိုယ်တိုင် ဒီပင်နယ်တီကို ဝင်ကန်ဖို့အတွက် အသင်းဖော်မာစီယဲလ်နဲ့ အငြင်းအခုံတွေ မပြုလုပ်ခဲ့ပဲ မာစီယဲလ်ကန်မယ့် ပင်နယ်တီအတွက်ပါ ဘောလုံးကိုပါ တည်ပေးခဲ့ပါသေးတယ်။

Photo Credit : Eurosport

ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ဒီပွဲမတိုင်ခင်ကတည်းက ပင်နယ်တီကန်သွင်းခွင့် ရခဲ့မယ်ဆိုရင် ကန်သွင်းဖို့အတွက် အန်တိုနီကို ကျွန်တော်မှာကြားထားပြီးသားပါ။ ဒါကြောင့် ဒီပင်နယ်တီကို သူကပဲ ကန်သွင်းခဲ့တယ်။ ကျွန်တော်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပေါလ်နဲ့ အန်တိုနီတို့နှစ်ယောက် ပါဝင်နေတာကြောင့် သူတို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ပင်နယ်တီကန်သွင်းခွင့် ရရှိထားတာဖြစ်ပြီး ပေါလ်က မကန်ခဲ့လို့ အန်တိုနီကပဲ ကန်သွင်းခဲ့တာ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ရပ်ဖိုဒ့်ကလည်း ဒီပင်နယ်တီနဲ့ပတ်သက်ပြီး “ကျွန်တော်ကတော့ ဒီပင်နယ်တီကို အန်တိုနီက အကောင်းဆုံးအဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒါနဲ့ပတ်သက်ပြီး ဘာမှပြသာနာတော့ မရှိပါဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ အခုဆိုရင် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ရဲ့ မရဏာအုပ်စုအတွင်း ကျရောက်နေခဲ့ပေမယ့် မနှစ်က ဘောလုံးရာသီ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တတ်လှမ်းထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ယူထားခဲ့သလို မနေ့ညက ကစားခဲ့ရတဲ့ လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း (၅)ဂိုး ဂိုးမရှိနဲ့ ဂိုးအပြတ်အသတ်နဲ့ကို အနိုင်ယူထားခဲ့ပြီး အုပ်စုဗိုလ်နေရာကို သိမ်းပိုက်ထားသလို နောက်တစ်ဆင့်တတ်လှမ်းဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေရပါတယ်။