မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ ဒေးဗစ်ဒဟေးယားနဲ့ အသင်းရဲ့ဂိုးပေါက်မှာ နေရာအပြိုင်အဆိုင် ဖြစ်စေနိုင်ဖို့အတွက် မိုချန်ဂလာဘတ်ဂိုးသမား ဆွန်းမား ဖရန့်ဖတ်ဂိုးသမား ထရပ်နဲ့ ဘင်ဖီကာဂိုးသမား ဗလာဟိုဒီမော့စ်တို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဆွန်းမားကို ဦးစားပေး ပစ်မှတ်ထားနေပေမယ့် ဂျာမနီဂိုးသမား ကယ်ဗင်ထရပ်ကိုသာ ခေါ်ယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ အရန်ဂ်ိုးသမား ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားချပြီးကတည်းက လက်ရှိအချိန် အသင်းရဲ့ဂိုးပေါက်မှာ တာဝန်ယူနေတဲ့ ဂိုးသမားတွေအဖြစ် ဒဟေးယားနဲ့ တွမ်ဟီတန် နှစ်ဦးတည်းသာ ရှိနေရတာကြောင့် ဈေးကွက်အတွင်း ဂိုးသမားတစ်ဦးခန့်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဘက်က ဂိုးသမား(၃)ဦးကို ပစ်မှတ်ထားနေပြီး ဘွန်ဒစ်လီဂါက ဂိုးသမား(၂)ဦးဖြစ်တဲ့ ဆွန်းမားနဲ့ ထရပ်တို့ကို ဆက်သွယ်မှုတွေ လုပ်ဆောင်ထားသလို ဒီဂိုးသမားတွေကို မခေါ်ယူနိုင်ခဲ့ရင် တခြား option အဖြစ် ရွေးချယ်ဖို့အတွက် ဘင်င်္ဖီကာရဲ့ ဂရိဂိုးသမား ဗလာဟိုဒီမော့စ်ကို ချိန်ရွယ်ထားတယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

စပိန်လက်ရွေးစင် ဂိုးသမား ဒဟေးယားရဲ့လက်စွမ်းတွေက အားနည်းချက် အနည်းငယ် ရှိလာခဲ့သလို ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ ကစားပုံနဲ့ပါ သိပ်အံ့မဝင်န်ိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရတာကြောင့် ယူနိုက်တက်ဘက်က ဒဟေးယားရဲ့ back-up position အတွက်ကိုသာမကပဲ ဒဟေးယားနဲ့ နေရာအပြိုင် ဖြစ်နိုင်မယ့် ဂိုးသမားမျိုးကို ရှာဖွေလာခဲ့ပါတယ်။ ယူနိုက်တက်က အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆွစ်ဇာလန်ဂိုးသမား ကယ်ဗင်ထရပ်ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် ဖရန့်ဖတ်က အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်သူ ထရပ်ကို လက်မလွတ်သွားချင်သလို စာချုပ်သစ်ပါ ချုပ်ဆိုဖို့အထိ စီစဉ်နေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ဆွစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ သေချာပေါက် နေရာရဖို့အတွက် အသင်းမပြောင်းလိုပဲ ဖြစ်နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်က ယူရိုပါလိဂ်ချန်ပီယံ ဖရန့်ဖတ်အသင်းရဲ့ ဂျာမနီဂိုးသမား ထရပ်ကို အာရုံစိုက်လာခဲ့ပြီး ဒီဂိုးသမားအတွက် (၄)နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားရာ ကစားသမားဘက်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ Blid ဂျာနယ်ကနေ ဖော်ပြလာခဲ့ပါတယ်။ တကယ်လို့ ဒီဂိုးသမားတွေကိုသာ မရရှိခဲ့ဘူးဆိုရင်လည်း ဘင်ဖီကာအသင်းရဲ့ ဂရိလက်ရွေးစင် ဂိုးသမား ဗလာဟိုဒီမော့စ်ကို plan c အနေနဲ့ သတ်မှတ်ထားပြီး ဒီဂိုးသမား(၃)ဦးလုံးက သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ ပင်တိုင်ဂိုးသမားတွေ ဖြစ်နေတာကြောင့် ခေါ်ယူနိုင်ဖို့က အတော်လေးတော့ ခက်ခဲရဖွယ် ရှိနေပါတယ်။