မန်ယူ တိုက်စစ်မှူးဟောင်း ဂျာနူဇက်ကတော့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာက သူ နှစ်သက်တဲ့ ကစားသမား ဖြစ်တယ်လို့ ပြောခဲ့သလို မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့လည်း အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျာနူဇက်ဟာ အသက် (၁၆) နှစ်အရွယ်ကတည်းက မန်ယူအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မန်ယူအသင်းမှာ (၂၀၁၂-၁၃) ရာသီကနေ (၂၀၁၆-၁၇) ရာသီအထိ ကစားခဲ့တာ ဖြစ်ပေမဲ့လည်း ခြေစွမ်းမပြနိုင်ခဲ့တော့ အငှား ချခံရသလို နောက်ဆုံးမှာ အသင်းက ထွက်ခဲ့ပါတယ်။

Photo Credit: Dailymail

ဂျာနူဇက်ဟာ မန်ယူအသင်းအတွက် ကစားခဲ့စဉ်မှာ ဒေါ့မွန်အသင်း နဲ့ ဆန်ဒါလန်အသင်းကို အငှားနဲ့ (၂) ရာသီ သွားရောက် ကစားခဲ့ပြီး နောက်ဆုံးမှာတော့ မန်ယူအသင်းကနေ ထွက်ခွာပြီး လာလီဂါ ပြိုင်ပွဲက ရီးရဲလ် ဆိုစီဒက်စ်အသင်းကို အပြီးသတ် ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဂျာနူဇက်ဟာ လာလီဂါ ပြိုင်ပွဲမှာ ကစားခဲ့စဉ်က ရီးရဲလ်မက်ဒရစ်အသင်းကို သဘောကျသွားပြီး ရီးရဲလ်အသင်းမှာ တစ်ကြိမ်မှ မကစားခဲ့ဖူးပေမဲ့လည်း သူ့ရဲ့ အကြိုက်ဆုံးအသင်း ရီးရဲလ်အသင်း ဖြစ်တယ်လို့ ပြောခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမားက ရော်နယ်ဒိုပါလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဂျာနူဇက်ဟာ စပိန် အခြေစိုက် AS သတင်းနဲ့ အမေးအဖြေ ပြုလုပ်ခဲ့တဲ့ အချိန်မှာ သူက “မန်ယူ အသင်းက ရီးရဲလ်အသင်း ပြီးရင် ဒုတိယ အကြိုက်ဆုံး အသင်းပါ”လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျာနူဇက်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားက ဘယ်သူလဲလို့ အမေးခံရတဲ့ အခါမှာ သူက “ကျွန်တော့်အတွက်တော့ ခရစ်စတီယာနို ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ကြိုက် ကစားသမားကတော့ ပေါ့ဘာပါ။ ဘာလို့လဲဆိုရင် ကျွန်တော် ပေါ့ဘာနဲ့ အတူ ကြီးပြင်လာခဲ့တာကြောင့်ပါ”လို့ အခိုင်အမာ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။ ဂျာနူဇက်ဟာ လက်ရှိအချိန်မှာ ရီးရဲလ် ဆိုစီဒက်စ်အသင်းအတွက် ကစားနေပြီး လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ လာလီဂါ ပွဲစဉ် (၁၇) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၂) ဂိုး သွင်းယူခဲ့ပါတယ်။