MySport Myanmar

ဒီရာသီမှာ မန်ယူအတွက် ဂိုးတွေ များစွာ သွင်းယူပေးသွားချင်တယ်လို့ ရပ်ရှ်ဖို့ဒ် ဖွင့်ဟ

1452762092

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးအပြင် ဂိုးဖန်တီးမှုတစ်ကြိမ်ကိုပါ လုပ်ဆောင်နိုင်ခဲ့တာကြောင့် အခုဆိုရင် ရပ်ရှ်ဖို့ဒ်ရဲ့ ဒီရာသီအတွင်း သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးပမာဏဟာ စုစုပေါင်း(၁၀)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။

Photo Credit : Daily Mail

အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အတော်လေးကို တောက်ပလာခဲ့ရပြီး အခုဆိုရင် အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲ ကစားထားခဲ့ရာမှာ စုစုပေါင်း သွင်းဂိုး (၁၀)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တစ်ရာသီလုံး (၃၂)ပွဲအထိ ကစားထားခဲ့ရာ သွင်းဂိုးပေါင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်အတွက် အတော်လေး ရုန်းကန်ခဲ့ရတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ရပေမယ့် လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီက သွင်းယူထားနိုင်ခဲ့တဲ့ ပမာဏထက်ကို နှစ်ဆလောက်အထိပါ သွင်းယူထားနိုင်ပါတယ်။

Photo Credit : Daily Mail

“တိုက်စစ်မှူတိုင်းက သူတို့ ကြိုးစားချင်တဲ့ ကိန်းဂဏန်းတွေ ရှိနေမယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်တော်လည်း တစ်ရာသီအတွင်း သွင်းခဲ့ဖူးတဲ့ ဂိုးအရေအတွက်ထက်ကို ပိုမို သွင်းယူသွားချင်ပါတယ်။ အဲ့ဒါက (၂၂)ဂိုးလို့ ထင်ပါတယ်။ ဟုတ်တယ်။ ကျွန်တော်အနေနဲ့ကတော့ ဂိုးတွေ ဆက်သွင်းယူပြီး ရလဒ်တွေကောင်းအောင် ကြိုးစားသွားချင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ပြီးခဲ့တဲ့ရာသီကနဲ့မတူ လုံးဝ ကွဲပြားတဲ့ ခံယူချက်မျိုး ရှိလာခဲ့တယ်။ အခုက ကွဲပြားခြားနားသွားတဲ့ အသင်းတစ်သင်း ဖြစ်နေလို့ ကျွန်တော်တို့တွေ ဂိုးတွေ ပိုသွင်းယူပြီး ပွဲတွေကိုလည်း ပိုမို အနိုင်ရသင့်ပါတယ်။ အသင်းအတွက် ပါဝင်ရခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကွဲပြားတဲ့ စိတ်ခံယူချက်ထားပြီး အကျိုးသက်ရောက်မှု ရှိစေဖို့ တစ်ချိန်လုံး တွေးတော စဉ်းစားနေဖို့ လိုပါတယ်။ ကစားနေရတဲ့အချိန်တိုင်းမှာ ဂိုးတွေ ထပ်ရနိုင်မလား ဒါမှမမဟုတ် ကွင်းထဲမှာ အခွင့်အရေးတွေ ထပ်ရနိုင်မလားဆိုတာ သေချာ မသိနိုင်ပါဘူး။ ဒါကြောင့် သေချာတာကတော့ မတူညီတဲ့ ခံယူချက်နဲ့ စိတ်ဓါတ်မျိုး ရှိနေရမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော် လုပ်နေတာကို သဘောကျပါတယ်” လို့ ရပ်ရှ်ဖို့ဒ်က ပြောကြားလာခဲ့ပါတယ်။

Exit mobile version