နယ်သာလန် ထိပ်သီးကလပ် အိုင်းယတ်စ်အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းချက်ကို အိုင်းယတ်စ်အသင်းဘက်က အကြောင်းမပြန်သေးပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့ကို စိတ်အားထက်သန်လို့နေပါတယ်။

May be an image of 4 people

Photo Credit : talkSPORT

အသက်(၂၄)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ဗဟိုနောက်ခံကစားသမား မာတီနက်ဇ်ဟာ အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ အေဂျက်စ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင် မာတီနက်ဇ်က အေဂျက်စ်အသင်းနဲ့အတူ ဘောလုံးရာသီ(၃)ခုထိ ဖြတ်သန်းထားခဲ့ပြီဖြစ်ပြီး အသင်းနဲ့အတူ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို (၂)ကြိမ် ဆွတ်ခူးထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက အေဂျက်စ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Manchester United launch new £43m bid for Lisandro Martinez amid Arsenal interest | Daily Mail Online

Photo Credit : Daily Mail

ဗဟိုနောက်ခံလူ ဖြစ်ပေမယ့်လည်း လိုအပ်ရင် ဘယ်ခြမ်းခံစစ်မှာရော ကွင်းလယ်ခံစစ်မှာပါ ကစားတတ်သူဖြစ်တဲ့ မာတီနက်ဇ်ဟာ ခံစစ်စွမ်းဆောင်ရည်ကောင်းတွေပါ ပြသနိုင်သူဖြစ်တာကြောင့် သူ့ကို ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက အပြိုင်အဆိုင် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အဓိကတော့ မာတီနက်ဇ်နဲ့အတူ အိုင်းယတ်စ်အသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြအဲရစ်တန်ဟက်ဂ်က သူရဲ့ ကလပ်အသင်းသစ် ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေသလို အာတီတာကလည်း ဘယ်နောက်ခံလူအဖြစ်နဲ့ပါ အသုံးပြုလို့ ရနိုင်မယ့် မာတီနက်ဇ်ကို အလိုရှိလာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းက မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပြီး အိုင်းယတ်စ်ဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း(၅၀)နဲ့ပါ ယူနိုက်တက်က ကမ်းလှမ်းထားပေမယ့် ဒီကမ်းလှမ်းမှုကို အိုင်းယတ်စ်က လက်ခံလား ငြင်းဆန်သလားဆိုတာကို အကြောင်းပြန်ုခြင်းမရှိသေးပဲ ဖြစ်နေပါတယ်။ အိုင်းယတ်စ်ဘက်က မာတီနက်ဇ်အတွက် ယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်ရဲ့ နောက်ထပ် ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပုံပေါ်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ နည်းပြဟောင်းတန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေသလို အိုင်းယတ်စ်ဘက်ကိုလည်း ဆက်လက် ဖိအားပေးဖွယ် ရှိနေပါတယ်။