မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ကက်စီမီရိုကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)+အပိုဆုကြေး ယူရို(၁၀)သန်းနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီး လာမယ့် (၄၈)နာရီအတွင်းမှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ The Times ကနေ ဖော်ပြလာခဲ့ပါတယ်။

Manchester United offer Casemiro a five-year deal, will double his salary  -report - Managing Madrid

Photo Credit : Managing Madrid

ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းနဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အက်ဒရီယန်ရာဘီယူတို့ကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ မအောင်မြင်ခဲ့တာကြောင့် ရီးယဲလ်ရဲ့ ကွင်းလယ်ခံစစ် ကစားသမားကြီး ကက်စီမီရိုကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒီယွန်း ရာဘီယူတို့ကို မခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ လက်ရှိမှာတော့ ကွင်းလယ်ခံစစ်နေရာမှာ အကောင်းဆုံး ကစားတတ်ပြီး အသင်းအတွက် တကယ့်ကို အလိုရှိနေတဲ့ ကစားသမားမျိုးဖြစ်တဲ့ ကက်စီမီရိုကို မကြာခင်မှာပဲ အရ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Casemiro: Manchester United close to agreeing £59.2m deal for Real Madrid  midfielder | Transfer Centre News | Sky Sports

Photo Credit : Sky Sports

Times Sports ရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်အသင်းဟာ ကက်စီမီရိုကို အပိုဆုကြေး အပါအဝင် ယူရိုသန်း(၇၀)နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိထားခဲ့သလို (၄)နှစ်+(၁)နှစ် စာချုပ်ချုပ်ဆိုသွားဖို့ကိုပါ ကစားသမားနဲ့ သဘောတူညီမှု ရရှိထားခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ defensive midfield နေရာကို ပိုင်ပိုင်နိုင်နိုင် ကစားတတ်တဲ့ ကစားသမားမျိုး လိုအပ်နေတာဖြစ်ပြီး ဒီလိုအပ်ချက်ကို အပြည့်အဝေ ဖြည့်စွမ်းနိုင်မယ့် ကက်စီမီရိုလို ကစားသမားမျိုး ခေါ်ယူလိုက်နိုင်တာဟာလည်း အသင်းအတွက် တကယ်ကို အကျိုးရှိစေတဲ့ ခေါ်ယူမှု ဖြစ်လာမှာ အသေအချာပါပဲ။ အသက်(၃၀)အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကက်စီမီရိုဟာ ၂၀၁၃ခုနှစ်ကမှ ဘရာဇီးလ် ထိပ်သီးကလပ် ဆော်ပေါ်လိုအသင်းကနေ ရီးယဲလ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးယဲလ်စီနီယာအသင်းအတွက် မပါဝင်ရသေးခင်မှာ ပေါ်တိုအသင်းနဲ့ ရီးယဲလ်အရန်အသင်းတွေမှာ ကစားခဲ့ရသလို ရီးယဲလ်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား (၅)ကြိမ် လာလီဂါဖလား (၃)ကြိမ် ယူအီးအက်အေ စူပါဖလား (၃)ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလား (၃)ကြိမ် ကိုပါဒယ်ရေးဖလား (၁)ကြိမ်နဲ့ စပိန်စူပါဖလား (၃)ကြိမ်ထိ ပိုင်ဆ်ိုင်ခဲ့ရသလို ဘရာဇီးလ်နဲ့လည်း ၂၀၁၉ ကိုပါအမေရိကဖလားကို ဆွတ်ခူးထားနိုင်ခဲံ့ပါတယ်။