MySport Myanmar

ရော်နယ်လ်ဒိုကို အသင်းကနေ ရောင်းချသွားဖို့ လုံးဝ အစီအစဉ်မရှိတဲ့ ယူနိုက်တက်

ဘိုင်ယန်မြူးနစ်အပြင် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းနဲ့ပါ သတင်းတွေ တောက်လျှောက်ထွက်ပေါ်လို့နေတဲ့ အသင်းရဲ့ စူပါစတား ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အသင်းနည်းပြအဲရစ်တန်ဟက်ဂ်တို့ဘက်ကနေ ရောင်းချသွားဖို့ လုံးဝအစီအစဉ်မရှိသလို ရော်နယ်လ်ဒိုအနေနဲ့ ဒီရာသီကို အသင်းနဲ့သာ ဆက်လက်ဖြတ်သန်းလိမ့်မယ်လို့ ယူနိုက်တက်ဘက်က ယုံကြည်နေပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်ဘိုလေနဲ့ ရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်တို့ ပြီးခဲ့တဲ့တစ်ပတ်က တွေ့ဆုံခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို ဒီသတင်းတွေ မတိုင်ခင်ကလည်း လီဝန်ဒေါစကီးကို လက်လွတ်ရနိုင်တဲ့ ဘိုင်ယန်မြူးနစ်က လီဝန်နေရာအတွက် ရော်နယ်လ်ဒိုကို အလိုရှိနေတယ်ဆိုတဲ့ သတင်းကလည်း ထွက်ပေါ်ထားခဲ့ပါတယ်။ ဒီလို သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ထားခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ စူပါစတားအနေနဲ့ လာမယ့်ရာသီမှာလည်း အသင်းနဲ့သာ ဆက်လက်ပူးပေါင်းလိမ့်မယ်လို့သာ ယုံကြည်နေပါတယ်။

Photo Credit : Daily Mail

အသက်(၃၇)နှစ်အရွယ် GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး တစ်ရာသီလုံးမှာ အသင်းအတွက် သွင်းဂိုး(၂၄)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့် အသင်းနဲ့အတူ ဖလားလက်မဲ့ရာသီ top 4 အတွင်း မဝင်ရောက်လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရတဲ့ ရာသီတစ်ခုအဖြစ် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေအပေါ် စိတ်မပျက်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ခေါ်ယူမှု နှောင့်နှေးနေခြင်းကိုတော့ များစွာစိတ်ပျက်နေရပြီး ဒီအချက်က အသင်းနဲ့ လက်တွဲဖြုတ်သွားစေတဲ့အထိ ဖြစ်လာနိုင်တယ်လို့ပါ သတင်းမီဒီယာတွေကနေ ရေးသားဖော်ပြလာပါတယ်။ ဒီလို ဖော်ပြလာပြီးနောက်ပိုင်းမှာ ဘိုင်ယန် ချယ်လ်ဆီးအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကတော့ သူတို့ရဲ့ key player ဖြစ်သူ ရော်နယ်လ်ဒိုကို လက်လွတ်သွားဖို့ အစီအစဉ်မရှိသလို နည်းပြတန်ဟက်ဂ်ကလည်း ရော်နယ်လ်ဒိုကိုသာ အသင်းမှာ ဆက်ရှိချင်စေနေပြီး သူရဲ့ တိုက်စစ်ဗျူဟာမှာလည်း main sticker တစ်ဦးအဖြစ် ရော်နယ်လ်ဒိုကိုပဲ အသုံးပြုသွားဖွယ် ရှိနေပါတယ်။

Exit mobile version