စပိန်န်ိုင်ငံ အခြေစိုက် outlet တစ်ခုဖြစ်တဲ့ Relevo ရဲ့ သတင်းဖော်ပြချက်တွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား မာကိုအဆန်စီယိုကို ယူရိုသန်း(၃၀)အတွက် ကမ်းလှမ်းသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြလာခဲ့ပြီး ရီးယဲလ်နည်းပြ အန်စလော့တီက အဆန်စီယိုကို အသင်းမှာ ဆက်ထိန်းထားချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းခင်မှာ အသင်း တိုက်စစ်ပိုင်းအတွက် တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူသွားချင်နေပြီး လက်ရှိမှာတော့ အိုင်းယတ်စ် တောင်ပံကစားသမား အန်တိုနီကို ပစ်မှတ်ထားနေသလို အန်တိုနီမှ မရခဲ့ရင် တခြား ရွေးချယ်စရာ options တွေ အသင့်ရှိနေဖို့အတွက် PSV တောင်ပံကစားသမားလေး ကိုဒီဂက်ပိုအပြင် ရီးယဲလ် တောင်ပံကစားသမား အဆန်စီယိုကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။ Relevo ရဲ့ ဖော်ပြချက်မှာဆိုရင်တော့ ယူနိုက်တက်က အဆန်စီယိုကို ယူရိုသန်း(၃၀)နဲ့ပါ ကမ်းလှမ်းဖို့ ဆုံးဖြတ်ထားတယ်လို့ပါ ဖော်ပြခဲ့ပေမယ့် ဒီသတင်းက ကောလဟာလ သတင်းသာသာလောက်ပဲ ရှိနေနိုင်သလို ရီးယဲလ်နည်းပြ အန်စလော့တီကလည်း အဆန်စီယိုကို အသင်းမှာ ဆက်ထိန်းထားသွားချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့က ခက်ခဲနိုင်ပါတယ်။

Image

Photo Credit : Twitter

ယူနိုက်တက်အသင်းနဲ့ အခုလို သတင်းတွေ ထွက်လာခဲ့တဲ့ အသက်(၂၆)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ညာတောင်ပံကစားသမား အဆန်စီယိုဟာ ၂၀၁၅ခုနှစ်ထဲက ရိးယဲလ်အသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့သလို ဒီရာသီမှာလည်း အသင်းအတွက် (၇)မိနစ်လေးသာ ကစားထားရဖြစ်လို့ ကစားသမားအနေနဲ့ သူရဲ့အနာဂတ်အတွက် စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။ မကြာခင်မှာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကလည်း ပြန်လည် စတင်တော့မှာဖြစ်လို့ အဆန်စီယိုအနေနဲ့ စပိန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားကို ပါဝင်ကစားခွင့် ရရှိဖို့အတွက် သူရဲ့ကလပ်အသင်းမှာ ပွဲကစားခွင့်တွေ အခုထက် ပိုမို ရရှိချင်မှာ သေချာနေပြီး သူရဲ့စာချုပ်က်ိစ္စကလည်း မတင်မကျ ဖြစ်နေတဲ့ အနေအထားဖြစ်လို့ နည်းပြအန်စလော့တီဘက်ကသာ ပွဲကစားခွင့်အတွက် အာမခံချက် မပေးနိုင်ဘူးဆိုရင် အဆန်စီယိုက ဒီနွေမှာပဲ အသင်းပြောင်းရဖွယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် အဆန်စီယိုကို ယူနိုက်တက်အသင်းထက် နီကိုလာပေပေကို နိုက်စ်အသင်းင်္ဆီ စေလွှတ်တော့မယ့် အာဆင်နယ်အသင်းက ပိုမို ပစ်မှတ်ထားလာနိုင်ပြီး သူတို့ အခု ချိန်ရွယ်နေတဲ့ ပတ်ဒရိုနက်တို ယယ်ရမီပီနိုတို့ထက် အရည်အသွေးလည်း ပိုမြင့်သလို ပြောင်းရွှေ့ကြေးပါ ပိုသက်သာနိုင်တာကြောင့် အာဆင်နယ်က အသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ အဆန်စီယ်ိုကို ထပ်မံ ကြိုးပမ်းလာနိုင်ပါတယ်။