ဒေါ့မွန်အသင်းက ဘယ်အသင်းပဲ ဖြစ်ဖြစ် သူတို့ရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းလာမယ် ဆိုရင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေက ဆန်ချိုကို အထူး စိတ်ဝင်စားနေကြပါတယ်။ အထူးသဖြင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်းဟာ အသက် (၂၀) အရွယ် လူငယ် ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူချင်နေပြီး ဒေါ့မွန်အသင်းကို စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းနိုင်မယ် ဆိုရင် ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင်တဲ့ အခွင့်အရေးကောင်း ရရှိမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

အင်္ဂလန် လက်ရွေးစင် ကစာသးမား ဆန်ချိုဟာ လက်ရှိရာသီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာလည်း ခြေစွမ်းကောင်း နဲ့ ပုံစံကောင်းကို ရရှိထားပြီး ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၃) ပွဲ ကစားထားခဲ့ရာမှာ သွင်းဂိုး (၁၄) ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှု (၁၆) ကြိမ်အထိလည်း ပြုလုပ်ထားခဲ့ပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ် (၂) နှစ်ကြာနီးပါး ကျန်နေသးပေမဲ့လည်း ဒေါ့မွန်အသင်းက သူ့ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီး ဆန်ချိုကို မှန်ကန်တဲ့ ဈေးနှုန်း စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းလာမယ် ဆိုရင် ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit: Dailymail

Dailymail သတင်းက ဖော်ပြထားတာကတော့ ဒေါ့မွန်အသင်းဟာ ပေါင် သန်း (၁၀၀) ကျော် ရရှိမှသာ ဆန်ချိုကို ရောင်းချသွားဖွယ် ရှိပြီး နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ သူတို့ရဲ့ အပြောင်းအရွေ့မှာ ကစားသမား (၁) ဦးအတွက် ပေါင် သန်း (၁၀၀) မသုံးဖူးဆဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ပေါ့ဘာကို ဂျုဗင်တပ်အသင်းကနေ ခေါ်ယူခဲ့တဲ့ အချိန်မှာ ပြောင်းရွေ့ကြေး အများဆုံး ပေါင် (၈၉) သန်း အသုံးပြုခဲ့ပြီး ဆန်ချိုကို ခေါ်ယူချင်ပေမဲ့လည်း ဆန်ချိုကို ပေါင် သန်း (၁၀၀) ကျော်နဲ့ ခေါ်ယူသွားမလား ဆိုတာကို စောင့်ကြည့်သွားရမှာပါ။ ဆန်ချိုဟာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးပြီး အခုတစ်ကြိမ် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲက မြက်ခင်းစိမ်းကို တစ်ကျော့ပြန် ပြန်လာမလား ဆိုတာတော့…