ပရီးမီးယားလိဂ်မှာ လီဗာပူးလ် ဆောက်သမ်တန် လက်စတာ အာဆင်နယ်တို့ကို ဆက်တိုက်တွေ အနိုင်ယူထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညမှာတော့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဥ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရာ မေးခွန်းထုတ်စရာ ပင်နယ်တီနဲ့အတူ နိုင်ပွဲဆက်မှုတွေပါ ရပ်တန့်သွားခဲ့ရပါတယ်။

Photo Credit : SKy Sports

ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲမှာ ရော်နယ်လ်ဒိုကို ပွဲထွက်ကစားသမားအဖြစ် ပြန်အသုံးပြုခဲ့သလို ကစားသမားသစ် ကက်စီမီရိုကိုလည်း ပထမဆုံးအကြိမ်အဖြစ် lineup ထဲမှာ စတင် အသုံးပြုခဲ့ပါတယ်။ ဒီရာသီမှာ ပွဲကစားခွင့်တွေ နည်းပါးနေတဲ့ ကစားသမား တချိူ့ကို ပုံမှန်ကစားနေရသူတွေနဲ့ တွဲဖက်ပွဲထွက်ခဲ့တယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲ နောက်ပိုင်းကတည်းက ပွဲထွက်ကစားသမားအဖြစ် မပါဝင်ရတော့တဲ့ ရော်နယ်လ်ဒိုဟာလည်း သူရဲ့ဒီရာသီ ဂိုးပေါက်ပျောက်နေမှု အဆုံးသတ်ဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ခဲ့​​​မေယ့်လည်း big chance တစ်ကြိမ် လွဲချော်ခဲ့သလို ဂိုးကန်သွင်းမှု (၄)ကြိမ်မှာလည်း တစ်ကြိမ်မှကို ဂိုးပေါက်မတည့်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Twitter

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ဒီပွဲမှာ ခံစစ်မှူးတွေအဖြစ် မက်ဂွိုင်းရားနဲ့ လင်ဒီလော့တို့ကို ပြန်သုံးခဲ့တာနဲ့ ကွင်းလယ်မှာ ဖရက်ဒ်ကို ပြန်သုံးခဲ့တာကလည်း အသင်းကို အားနည်းစေခဲ့လို 4-2-3-1 ကနေ 4-3-3 ကို ပြောင်းလဲ သုံးစွဲရမှာလည်း အသုံးပြုလာတဲ့ ကစားသမားတွေနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ရပါတယ်။ အသင်းက လိုအပ်ချက်တွေ ရှိနေချိန်မှာ မန်စီးတီး legend ဟောင်းကြီး ဆေးလ်ဗားရဲ့ကန်ချက်က မာတီနက်ဇ် လက်နဲ့ထိတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဆိုစီဒက်ဘက်ကို ပင်နယ်တီကန်ခွင့် ပြုလိုက်ပါတယ်။ ဒီဖြစ်ရပ်မှာ ဆေးလ်ဗားရဲ့ကန်ချက်မှာ ဘောလုံးက မာတီနက်ဇ်ရဲ့ပေါင်ကို ထိမိရင်းနဲ့ ပြန်ကန်ထွက်လာရာကနေ လက်မောင်းကို ထိခဲ့တာ ဖြစ်သလို VAR စစ်ဆေးမှုလည်း ရှိခဲ့ပေမယ့် ပင်နယ်တီ ပြစ်ဒဏ်လို့သာ ဆုံးဖြတ်သွားခဲ့ပါတယ်။ ဒီလို controversial decision ချမှတ်ခဲ့ပြီးနောက် ဆိုစီဒက်ဘက်က hand ball တစ်ကြိမ် ရှိခဲ့ရမှာတော့ ကွင်းလယ်ဒိုင်က ယူနိုက်တက်ကို ပင်နယ်တီပေးဖို့ လစ်လျူရှုခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း တစ်ပွဲလုံး performance အရ ကြည့်မယ်ဆိုရင် ဒီပွဲဟာ ယူနိုက်တက် အမှတ်ဆုံးရှုံးထိုက်တဲ့ ပွဲတစ်ပွဲ ဖြစ်နေရပြီး အသင်းအနေနဲ့ အမှန်တကယ် အားကိုးအားထားရမယ့် အရန်ကစားသမားတွေ ရှိမနေတာကလည်း အားနည်းချက်တစ်ခုလို ဖြစ်နေရပါတယ်။