မနေ့ညက ဘန်လေအသင်းရဲ့ အိမ်ကွင်း Turf Moor မှာ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ ဘန်လေအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက်အသင်းက အမှတ်ပေးဇယာား အောက်ဆုံးမှာ ရှိနေရတဲ့ အိမ်ရှင်ဘန်လေကို ဦးဆောင်ထားပြီးမှ အနိုင်မစားနိုင်ခဲ့ပဲ တစ်ဖက်တစ်ဂိုးစီသာ သရေကျသွားခဲ့လို့ အသင်းပရိသတ်တွေက အသင်းရဲ့ စွမ်းဆောင်ရည်တွေအပေါ် အတော်လေး စိတ်ပျက်နေကြသလို ခံစစ်မှာ အမှားမာျးခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းရာကိုပါ စိတ်ကုန်နေကြပါတယ်။
Photo Credit : Daily Mail
ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟာရီမက်ဂွိုင်းရားဟာ ဘန်လေနဲ့ပွဲစဉ်မှာ သူရဲ့အသင်းဖော် ဗာရန်းနဲ့အတူ အသင်းရဲ့ ဗဟိုခံစစ်မှာ တွဲဖက် ပွဲထွက်လာခဲ့တာ ဖြစ်ပေမယ့် ဗာရန်းရဲ့ခေါင်းတိုက်သွင်းဂိုးမှာ သူရဲ့ Offside အနေအထား ဖြစ်နေရခြင်းကြောင့်ရော ပြိုင်ဘက်ကစားသမားကို ပြေးလမ်းပိတ်ထားသလို ဖြစ်ခဲ့တာကြောင့်ပါ ဗာရန်းရဲ့သွင်းဂိုးက ပယ်ဖျက်သွားခံခဲ့ရပါတယ်။ ဒါတင်မကသေးပဲ ဘန်လေအသင်းရဲ့ ချေပဂိုးမှာလည်း သူရဲ့အမှားမကင်းတာကြောင့် ယူနိုက်တက် ပရိသတ်တွေက မက်ဂွိုင်းရားကို အရန်စာရင်းမှာသာ ထားပေးဖို့နဲ့ သူရဲ့အသင်းခေါငး်ဆောင် လက်ပတ်ကိုပါ ဖယ်ရှားလိုက်ဖို့ တောင်းဆိုလာခဲ့ကြပါတယ်။
Photo Credit : Daily Mail
ဘန်လေအသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ မက်ဂွိုင်းရားရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ယူနိုက်တက် ပရိသတ်များက “ဗာရန်းရဲ့သွင်းဂိုးကို ဂိုးအဖြစ် မသတ်မှတ်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဘန်လေအသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို မက်ဂွိုင်းယား ရသင့်တယ်” “မက်ဂွိုင်းရားက ဗာရန်းဂိုးကို လုယူခဲ့တယ်။ ဘန်လေရဲ့ချေပဂိုးမှာလည်း အမှားမကင်းခဲ့ဘူး။ ဒီအတုအယောင်ကောင်ကို ငါတို့အသင်းကနေ ဖယ်ထုတ်လိုက်ပါတော့ “မက်ဂွိုင်းယားက ကလပ်အသင်း သမိုင်းတလျှောက် အဆိုးရွှားဆုံးသော ခေါ်ယူမှုပဲ” “နတ်ဆိုး လှည့်စားခဲ့သမျှထဲက အကြီးမားဆုံး လှည့်ကွက်ကတော့ မက်ဂွိုင်းရားကို ပေါင်သန်း(၈၀)လောက် တန်ကြေးရှိတယ်ဆိုတာပါပဲ” “မက်ဂွိုင်းရားက ဗာရန်းရဲ့သွင်းဂိုး အသင်းရဲ့ အနိုင်(၃)မှတ် ပေးဂိုးမဲ့နိုင်ပွဲတွေ အားလုံးကို ဖျက်ဆီးခဲ့တယ်” လို့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ အသင်းပရိသတ်တွေတင်မကပဲ ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်ကိုယ်တိုင်ပါ မက်ဂွိုင်းရားရဲ့ စွမ်းဆောင်ရည်တွေက အလွန်ကျဆင်းနေပြီး ပွဲအတွင်း အနီကတ် ပြသခံရမယ့် အနေအထားတစ်ခုကနေ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ရသေးတယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။