ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲအတွင်းမှာ စွဲဆောင်မှုအားအပြင်းဆုံးပရိသတ်တွေကို ရွေးချယ်ခဲ့ရာမှာ လီဗာပူးလ်အသင်းပရိသတ်တွေ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပြီး ချယ်လ်ဆီးက ဒုတိယနေရာမှာရှိနေသလို တတိယနေရာမှာကတော့ မန်ချက်စတာယူနိုက်တက်အသင်းက ရှိလို့နေပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်စစ်ဆေးမှုတစ်ရပ်မှာတော့ ယူနိုက်တက်အသင်းကို အားပေးကြသူတွေဟာ ဖူးစာရှာဖွေတဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေဖြစ်သော Dating Apps တွေမှာ ဖူးစာရှာတွေ့မှုအများဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Livefootballtickets.com ဝက်ဆိုဒ်ကနေ လေ့လာသုံးသပ်ချက်များအရ တခြားသော ပရီးမီးယားလိဂ်အသင်းတွေအားလုံးထက် ယူနိုက်တက်အသင်းကို အားပေးသူတွေက Dating Apps တွေမှာဆိုရင် အတော်လေးကို ဂေါ်စွံလို့နေပြီး ယူနိုက်တက်အသင်းရဲ့ ယောကျာင်္းလေးပရိသတ်ရော မိန်းကလေးပရိသတ်တွေကိုရောကပါ အချစ်ရေးမှာ တခြားသူတွေထက် စန်းထနေတတ်လို့ သိရှိရပါတယ်။ အဓိကတော့ ယူနိုက်တက်ပရိသတ်တွေဟာ Tinder လိုမျိုး နာမည်ကြီး Dating Apps မှာ ဖူးစာရှာသူတွေရဲ့ စိတ်အဝင်စားဆုံးသူတွေ ဖြစ်နေခဲ့ရပါတယ်။

သုံးရက်တာအတွင်း Dating Apps တွေထဲမှာ Match ဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်း အားပေးသူအရေအတွက်များကိုလည်း ဖော်ပြလိုက်ပါတယ်။
အမျိုးသားပရိသတ်ဦးရေ

Manchester United – 183

Liverpool – 170

Arsenal – 166

Manchester City – 159

Tottenham – 159

Sheffield United – 152

Aston Villa – 150

Newcastle – 150

West Ham – 149

Everton – 142

Crystal Palace – 139

Wolves – 135

Bournemouth – 133

Leicester City – 133

Chelsea – 125

Brighton – 125

Burnley – 121

Southampton – 119

Watford – 119

Norwich – 118

အမျိုးသမီးပရိသတ်ဦးရေ

Manchester United – 212

Arsenal – 202

Chelsea – 179

Liverpool – 161

West Ham – 159

Manchester City – 157

Tottenham – 143

Everton – 141

Leicester City – 138

Sheffield United – 137

Wolves – 134

Burnley – 129

Southampton – 123

Newcastle – 122

Crystal Palace – 119

Brighton – 118

Bournemouth – 117

Aston Villa – 113

Watford – 110

Norwich – 109