MySport Myanmar

ဗက်ဟို့စ်က ဖယ်လိိုင်နီလို ကစားသွားနိုင်ခဲ့တယ်လို့ မန်ယူပရိသတ်တွေ ချီးကျူး

မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တွေက အသင်းရဲ့ အထောင် တိုက်စစ်ကစားသမား ဗောက်ဗက်ဟို့စ်အနေနဲ့ ဘာစီလိုနာအသင်းနဲ့ ယူရိုပါလိဂ် ပကျော့ပွဲစဥ်မှာ နံပါတ်(၁၀)နေရာမှာ ကစားသွားခဲ့ရင်း မန်ယူနိုက်တက် ကစားသမားဟောင်း ဖယ်လိုင်နီလို ပုံစံမျိုးနဲ့ ကစားသွားနိုင်ခဲ့တယ်လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

ဆောင်းရာသီစျေးကွက်ကမှ ဘန်လေအသင်းကနေ မန်ယူနိုက်တက်အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ဟာ အသင်းရဲ့ အထောင်တိုက်စစ်နေရာအတွက် ကစားပေးရသူ ဖြစ်ပေမဲ့လည်း မနေ့ညက ပွဲစဥ်မှာတော့ နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ နည်းဗျူဟာပိုင်းအရ နံပါတ်(၁၀)နေရာမှာ deeping role ပုံစံနဲ့ ကစားသွားခဲ့ရပါတယ်။ တန်ဟက်ဂ်က ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်ကို striker role မှာ အသုံးပြုခဲ့ပြီး ဗက်ဟို့စ်ကိုတော့ ရပ်ရှ်ဖို့ဒ်ရဲ့အနောက် ပို့ထားခဲ့ကာ ဖာနန်ဒက်ဇ်ကိုလည်း ညာခြမ်းမှာ ထားသုံးသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဗက်ဟို့စ်က ဒီပွဲမှာ အသင်းအတွက် ဘာမှ ဟုတ်တိပတ်တိ လုပ်ဆောင်နိုင်ခဲ့တာ မရှိဘူးဆိုပေမဲ့ တိုက်စစ်မှာ သူ ရှိနေခြင်းကြောင့် အသင်းရဲ့ တခြား တိုက်စစ် ကစားသမားတွေ အကောင်းဆုံး လှုပ်ရှားနိုင်ပြီး ရပ်ရှ်ဖို့ဒ်ဆိုရင်လည်း သူရဲ့ လျင်မြန်လှတဲ့ အမြန်နှုန်းနဲ့ ဘာစီလိုနာ ခံစစ်ကို ပိုမို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီလို CF ရော AM နေရာထိ ကစားပြနိုင်ခဲ့တဲ့ ဗက်ဟို့စ်ကို မန်ယူနိုက်တက် ပရိသတ်တွေက အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖယ်လိုင်နီနဲ့ပါ ခိုင်းနှိုင်းလာခဲ့ပါတယ်။ “ဗက်ဟို့စ်က ဖယ်လိုင်နီလို role မျိုးကနေ ပါဝင်ခဲ့ရပြီး ဒီနေရာမှာလည်း ပွဲချိန်ပြည့်နီးပါး ကစားသွားခဲ့ပါတယ်” “ဗက်ဟို့စ်က ဒီလို ပုံစံမျိုးကို ပြီးခဲ့တဲ့ weekend ကတည်းက ကစားပြသွားခဲ့သေးတယ်” “ကျွန်တော်ကတော့ ဗက်ဟို့စ် နံပါတ်(၁၀)နေရာမှာ ကစားနေရတာကို သဘောကျတယ်။ ဒါက ကျွန်တော့် အတွက်တော့ ဖယ်လိုင်နီ ကစားနေတာကို ပြန်မြင်ရသလို vibe မျိုး ဖြစ်စေတယ်” လို့ ယူနိုက်တက် ပရိသတ်တွေက လူမှုကွန်ယက်ပေါ်ကနေ ရေးသား ဖော်ပြလာခဲ့ပါတယ်။

Exit mobile version