မန္ခ်က္စတာယူနုိက္တက္အသင္းကေတာ့ နယူးကာဆဲလ္အသင္းကုိ အေဝးကြင္းမွာ ၁ဂုိးတည္းနဲ႔ ကပ္အေရးနိမ္ခဲ႔ၿပီးေနာက္ပုိင္းမွာ ယူႏုိက္တက္အသင္းနည္းျပဆုိးလ္ရွားရဲ႕ အနာဂတ္ေတြက မေရမရာ ျဖစ္လာခဲ့ရၿပီး လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္(၉)အတြင္း အုိးထရက္ဖုိဒ့္ကြင္းမွာ လီဗာပူးလ္အသင္းကုိ ဧည္ခံကစားသြားသြားရမယ့္ ပြဲစဥ္အတြင္းမွာ ထပ္ၿပီးရွုံးနိမ့္ျဖစ္ခဲ႔မယ္ဆုိရင္ေတာ့ ဆုိးလ္ရွားကုိ ယူႏုိက္တက္အသင္းကေနၿပီး နည္းျပရာထူးကေန ထုတ္ပယ္လိမ့္မယ္လုိ႔ သတင္းေတြ ထြက္ေပၚလာခဲ႔ပါတယ္။ ဒါေၾကာင့္ အခုလက္ရွိမွာ နည္းျပေတာ္ေတာ္မ်ားမ်ားက ယူႏုိက္တက္နည္းျပရာထူးအတြက္ ေရပန္းစားလာခဲ႔ရၿပီး ဒီထဲမွာ ဂ်ဴလီယန္နာဂတ္စ္မန္းလည္း ပါဝင္လာခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၃၂ႏွစ္အရႊယ္သာရွိေသးတဲ႔ လုိက္ပ္ဇစ္အသင္းရဲ႕ နည္းျပျဖစ္သူ နာဂတ္စ္မန္းကေတာ့ ငယ္စဥ္ကတည္းက ေဘာလုံးသမားဘဝကုိ ဒူးဒဏ္ရာျပသာနာေတြေၾကာင့့္ ေစာစီးစြာ အဆုံးသတ္လုိက္ရတာျဖစ္ၿပီး အသက္၂၈ႏွစ္အရႊယ္မွာပဲ ေဟာ့ဖန္ဟိမ္းအသင္းရဲ႕ နည္းျပျဖစ္လာခဲ႔လုိ႔ ဘြန္ဒက္လီဂါၿပိဳင္ပြဲတေလွ်ာက္ အသက္အငယ္ဆုံးနည္းျပအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ နာဂတ္စ္မန္းက သူရဲ႕အသင္းေဟာင္းေဟာ့ဖန္ဟိမ္းအသင္းကုိ ၂၀၁၆-၂၀၁၇ ေဘာလုံးရာသီမွာ အဆင့္၄အတြင္းဝင္ေအာင္ စြမ္းေဆာင္ေပးႏုိင္္ခဲ႔ကာ အသင္းကုိလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ အေကာင္းဆုံးလုပ္ေဆာင္ေပးႏုိင္ခဲ့ပါတယ္။

Photo Credit : Getty Images

နာဂတ္စ္မန္းဟာ ဒီႏွစ္ေဘာလုံးရာသီအစမွာေတာ့ လုိက္ပ္ဇစ္အသင္းဆီကုိ ၄ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႔ေရာက္ရွိလာခဲ႔ၿပီး အသင္းကုိ လတ္တေလာမွာ ဘြန္ဒက္လီဂါပြဲစဥ္ ၇ပြဲကုိင္တြယ္ခဲ့ၿပီးေနာက္ ရမွတ္၁၄မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္၄ေနရာမွာ ရပ္တည္ႏုိင္ေအာင္ စြမ္းေဆာင္ေပးထားခဲ႔ပါတယ္။ ဒီလုိ အသက္ငယ္ငယ္ေလးနဲ႔ စြမ္းေဆာင္ရည္ေကာင္းေတြကုိ ျပသထားႏုိင္ခဲ႔တဲ႔ နာဂတ္စ္မန္းကုိ ယူႏုိက္တက္အသင္းဘက္ေန စတင္ပစ္္မွတ္ထားလာခဲ႔ပါတယ္။ လက္ရွိမွာ အသင္းပုိင္ရွင္ေတြက ဆုိးလ္ရွားကုိ နည္းျပရာထူးအတြက္ အာမခံခ်က္ အျပည့္အဝေပးထားခဲ႔ေပမယ့္လည္း လာမယ့္အနာဂတ္အတြက္ေတာ့ ယူႏိုက္တက္နည္းျပရာထူးအတြက္ နာဂတ္စ္မန္းကုိ စိတ္ဝင္စားေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အသင္းကေတာ့ ဆုိးလ္ရွားလက္ထက္မွာ အသင္းအေပၚ အားမရမႈေတြ ရွိေနတာေၾကာင့္မုိ႔ လာမယ့္ပြဲေတြအတြင္းမွာ ျဖစ္လာႏုိင္မယ့္ ရလဒ္ေတြေပၚမူတည္ၿပီး ဆုိးလ္ရွားရဲ႕ အနာဂတ္ကုိ အဆုံးအျဖတ္ခံယူသြားေတာ့မွာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ယူႏုိက္တက္ရဲ႕ နည္းျပရာထူးေနရာမွာေတာ့ ဂ်ဳဗင္တပ္စ္နည္းျပေဟာင္းအယ္လီဂရီ စပါးအသင္းရဲ႕ လက္ရွိနည္းျပ ပုိခ်က္တီႏုိတုိ႔နဲ႔ သတင္းေတြ ထြက္ေပၚလ်က္ရွိေနၿပီး အသင္းရဲ႕ အေျခအေနေတြက သိပ္မဟန္ေတာ့တာေၾကာင့္ ဆုိးလ္ရွားအေနနဲ႔ကေတာ့ ယူႏုိက္တက္နည္းျပဘဝကုိ ႏႈတ္ဆက္ရေတာ့မယ့္ အေနအထားမ်ိဳးျဖစ္လုိ႔ေနပါတယ္ခင္ဗ်ာ။

(Unicode)

ဆိုးလ်ရှားနေရာကို အစားဖို့အတွက် ဘွန်ဒက်လီဂါနည်းပြကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းကတော့ နယူးကာဆဲလ်အသင်းကို အဝေးကွင်းမှာ ၁ဂိုးတည်းနဲ့ ကပ်အရေးနိမ်ခဲ့ပြီးနောက်ပိုင်းမှာ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားရဲ့ အနာဂတ်တွေက မရေမရာ ဖြစ်လာခဲ့ရပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်(၉)အတွင်း အိုးထရက်ဖိုဒ့်ကွင်းမှာ လီဗာပူးလ်အသင်းကို ဧည်ခံကစားသွားသွားရမယ့် ပွဲစဉ်အတွင်းမှာ ထပ်ပြီးရှုံးနိမ့်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားကို ယူနိုက်တက်အသင်းကနေပြီး နည်းပြရာထူးကနေ ထုတ်ပယ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အခုလက်ရှိမှာ နည်းပြတော်တော်များများက ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းစားလာခဲ့ရပြီး ဒီထဲမှာ ဂျူလီယန်နာဂတ်စ်မန်းလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၃၂နှစ်အရွှယ်သာရှိသေးတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြဖြစ်သူ နာဂတ်စ်မန်းကတော့ ငယ်စဉ်ကတည်းက ဘောလုံးသမားဘဝကို ဒူးဒဏ်ရာပြသာနာတွေကြောင့့် စောစီးစွာ အဆုံးသတ်လိုက်ရတာဖြစ်ပြီး အသက်၂၈နှစ်အရွှယ်မှာပဲ ဟော့ဖန်ဟိမ်းအသင်းရဲ့ နည်းပြဖြစ်လာခဲ့လို့ ဘွန်ဒက်လီဂါပြိုင်ပွဲတလျှောက် အသက်အငယ်ဆုံးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နာဂတ်စ်မန်းက သူရဲ့အသင်းဟောင်းဟော့ဖန်ဟိမ်းအသင်းကို ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ အဆင့်၄အတွင်းဝင်အောင် စွမ်းဆောင်ပေးနိုင််ခဲ့ကာ အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

နာဂတ်စ်မန်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာတော့ လိုက်ပ်ဇစ်အသင်းဆီကို ၄နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းကို လတ်တလောမှာ ဘွန်ဒက်လီဂါပွဲစဉ် ရပွဲကိုင်တွယ်ခဲ့ပြီးနောက် ရမှတ်၁၄မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။ ဒီလို အသက်ငယ်ငယ်လေးနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ နာဂတ်စ်မန်းကို ယူနိုက်တက်အသင်းဘက်နေ စတင်ပစ််မှတ်ထားလာခဲ့ပါတယ်။ လက်ရှိမှာ အသင်းပိုင်ရှင်တွေက ဆိုးလ်ရှားကို နည်းပြရာထူးအတွက် အာမခံချက် အပြည့်အဝပေးထားခဲ့ပေမယ့်လည်း လာမယ့်အနာဂတ်အတွက်တော့ ယူနိုက်တက်နည်းပြရာထူးအတွက် နာဂတ်စ်မန်းကို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းကတော့ ဆိုးလ်ရှားလက်ထက်မှာ အသင်းအပေါ် အားမရမှုတွေ ရှိနေတာကြောင့်မို့ လာမယ့်ပွဲတွေအတွင်းမှာ ဖြစ်လာနိုင်မယ့် ရလဒ်တွေပေါ်မူတည်ပြီး ဆိုးလ်ရှားရဲ့ အနာဂတ်ကို အဆုံးအဖြတ်ခံယူသွားတော့မှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်ရဲ့ နည်းပြရာထူးနေရာမှာတော့ ဂျုဗင်တပ်စ်နည်းပြဟောင်းအယ်လီဂရီ စပါးအသင်းရဲ့ လက်ရှိနည်းပြ ပိုချက်တီနိုတို့နဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး အသင်းရဲ့ အခြေအနေတွေက သိပ်မဟန်တော့တာကြောင့် ဆိုးလ်ရှားအနေနဲ့ကတော့ ယူနိုက်တက်နည်းပြဘဝကို နှုတ်ဆက်ရတော့မယ့် အနေအထားမျိုးဖြစ်လို့နေပါတယ်ခင်ဗျာ။