မန္ယူအသင္းဟာ စပို႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမဲ့လည္း စတို႔တင္းအသင္းက ဖာနန္ဒက္စ္ရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို (၄၈) နာရီအတြင္း (၂) ဆနီးပါး၊ ယူ႐ို သန္း (၈၀) တိုးလိုက္တာေၾကာင့္ မန္ယူအသင္းအေနနဲ႔ ျပင္ဆင္ထားၿပီးသား ညိႏႈိင္းမႈကို ခဏ ရပ္ဆိုင္းသြားမွာ ျဖစ္တယ္လို႔ SKy Sports က ယေန႔၊ စေနေန႔ ညေနပိုင္းမွာ ေဖာ္ျပသြားပါတယ္။

Photo Credit: Skysports

စပို႔တင္းအသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္ကို ေျပာင္းေ႐ြ႕ေၾကး ယူ႐ို (၄၅) သန္း သတ္မွတ္ခဲ့တာ ျဖစ္ေပမဲ့ ယခုလ ဇန္နဝါရီလ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာေတာ့ ၿပီးခဲ့တဲ့ (၄၈) နာရီအတြင္းမွာ ေျပာင္းေ႐ြ႕ေၾကးကို (၂) ဆနီးပါး ယူ႐ို သန္း (၈၀) သတ္မွတ္လိုက္လို႔ မန္ယူအသင္းက ေရွ႕ဆက္တိုးဖို႔ ခက္ခဲေနပါတယ္။

Photo Credit: Skysports

မန္ယူအသင္းကေတာ့ ဖာနန္ဒက္စ္ရဲ႕ ေျပာင္းေ႐ြ႕ေၾကး တိုးလာတာက သူ႔ရဲ႕ပုံစံေကာင္းေၾကာင့္ ျဖစ္ႏိုင္ေခ် ရွိတယ္လို႔ ယူဆေနတယ္လို႔ Sky Sports သတင္းက ေဖာ္ျပသြားခဲ့ၿပီး ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ လက္ရွိရာသီမွာ စပို႔တင္းအသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၁) ပြဲ ကစားၿပီးရာမွာေတာ့ ကြင္းလယ္ ကစားသမား တစ္ဦး ျဖစ္ေပမဲ့ သြင္းဂိုး (၁၃) ဂိုးအထိေတာင္ သြင္းယူထားပါတယ္။

Photo Credit: Skysports

မန္ယူအသင္းဟာ ကြင္းလယ္ ကစားသမားေတြ ျဖစ္ၾကတဲ့ တြန္မီေနး နဲ႔ ေပါ့ဘာတို႔ ဒဏ္ရာ ကိုယ္စီနဲ႔ ႀကံခိုင္မႈ မျပည့္ဝၾကတဲ့ အခ်ိန္မွာ စတို႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ကို ေခၚယူခ်င္ ေနတာေၾကာင့္ လာမယ့္ ေရွ႕အပတ္မွာ စပို႔တင္းအသင္းနဲ႔ ညႇိႏႈိင္းမႈ ျပန္စတင္ႏိုင္ဖြယ္ ရွိေနၿပီး၊ မန္ယူအသင္း နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ အေျပာင္းအေ႐ြ႕ ဘယ္လို ျဖစ္လာမလဲ ဆက္လက္ ေစာင့္ၾကည့္ရမွာပါ။

{Unicode}

မန်ယူအသင်းဟာ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမဲ့လည်း စတို့တင်းအသင်းက ဖာနန်ဒက်စ်ရဲ့ ပြောင်းရွေ့ကြေးကို (၄၈) နာရီအတွင်း (၂) ဆနီးပါး၊ ယူရို သန်း (၈၀) တိုးလိုက်တာကြောင့် မန်ယူအသင်းအနေနဲ့ ပြင်ဆင်ထားပြီးသား ညိနှိုင်းမှုကို ခဏ ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ SKy Sports က ယနေ့၊ စနေနေ့ ညနေပိုင်းမှာ ဖော်ပြသွားပါတယ်။

Photo Credit: Skysports

စပို့တင်းအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကို ပြောင်းရွေ့ကြေး ယူရို (၄၅) သန်း သတ်မှတ်ခဲ့တာ ဖြစ်ပေမဲ့ ယခုလ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ (၄၈) နာရီအတွင်းမှာ ပြောင်းရွေ့ကြေးကို (၂) ဆနီးပါး ယူရို သန်း (၈၀) သတ်မှတ်လိုက်လို့ မန်ယူအသင်းက ရှေ့ဆက်တိုးဖို့ ခက်ခဲနေပါတယ်။

Photo Credit: Skysports

မန်ယူအသင်းကတော့ ဖာနန်ဒက်စ်ရဲ့ ပြောင်းရွေ့ကြေး တိုးလာတာက သူ့ရဲ့ပုံစံကောင်းကြောင့် ဖြစ်နိုင်ချေ ရှိတယ်လို့ ယူဆနေတယ်လို့ Sky Sports သတင်းက ဖော်ပြသွားခဲ့ပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လက်ရှိရာသီမှာ စပို့တင်းအသင်းအတွက် ပြိုင်ပွဲစုံ (၂၁) ပွဲ ကစားပြီးရာမှာတော့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်ပေမဲ့ သွင်းဂိုး (၁၃) ဂိုးအထိတောင် သွင်းယူထားပါတယ်။

Photo Credit: Skysports

မန်ယူအသင်းဟာ ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ တွန်မီနေး နဲ့ ပေါ့ဘာတို့ ဒဏ်ရာ ကိုယ်စီနဲ့ ကြံခိုင်မှု မပြည့်ဝကြတဲ့ အချိန်မှာ စတို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူချင် နေတာကြောင့် လာမယ့် ရှေ့အပတ်မှာ စပို့တင်းအသင်းနဲ့ ညှိနှိုင်းမှု ပြန်စတင်နိုင်ဖွယ် ရှိနေပြီး၊ မန်ယူအသင်း နဲ့ ဖာနန်ဒက်စ်တို့ရဲ့ အပြောင်းအရွေ့ ဘယ်လို ဖြစ်လာမလဲ ဆက်လက် စောင့်ကြည့်ရမှာပါ။