မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာကို အသင်းကနေ ရောင်းထုတ်ပြီး အဲ့ဒီလို ရောင်းထုတ်လို့ ရလာမယ့်ငွေတွေကို အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ရမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပြီးတော့ ဒီဂီယာရဲ့နေရာအတွက်လည်း လက်ရှိ ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားချထားတဲ့ အင်္ဂလန်လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ် ပြန်လည်ခေါ်ယူ အသုံးပြုလာဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်၂၉နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာဟာ ယူနိုက်တက်အသင်းရဲ့ ဦးစားပေးဂိုးသမားတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူဖြစ်ပြီး ဒီနှစ်ရာသီအစမှာလည်း အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လို့ထားပါတယ်။ ဒီဂီယာဟာ ရာသီအစပိုင်းလောက်ကပဲ သူရဲ့လက်စွမ်းမတည်ငြိမ်မှုတွေ အမှားတွေကနေ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာဖြစ်ပြီး လက်ရှိမှာ လက်စွမ်းပိုင်း ပြန်လည်တည်ငြိမ်နေပြီဆိုပေမယ့် သူရဲ့အကောင်းဆုံးအချိန်တွေတုန်းက တည်ငြိမ်မှုမျိုးလောက်တော့ ပြန်လည်မရသေးတဲ့အပြင် ရှက်ဖီးမှာ အငှားနဲဲ့သွားကစားနေတဲ့ ဂိုးသမားလေး ဟန်ဒါဆန်ကလည်း ယူနိုက်တက်ကသာ သူ့ကိုနေရာမပေးတော့ရင် အခြားအသင်းကိုပဲ ရွေးချယ်ဖွယ်ရှိနေတာကြောင့် ဒီအခြေအနေကို ယူနိုက်တက်ဘက်ကနေ အမြန်ဆုံးဖြေရှင်းရတော့မှာဖြစ်ပါတယ်။

Photo Credit : Daily Express

လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ယူနိုက်တက်အသင်းအနေနဲ့ အသက်အရွှယ်ငယ်ရွှယ်သေးပြီး အသင်းအတွက်လည်း အလားအလာပိုရှိတဲ့ ဒင်းဟန်ဒါဆန်ကိုပဲ အသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် နေရာပိုပေးချင်တာကြောင့် ဒီဂီယာကို ဒီရာသီအကုန်မှာပဲ အသင်းကနေ ရောင်းထုတ်သွားမှာဖြစ်ကာ ရောင်းထုတ်လို့ရတဲ့ငွေနဲ့ အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားသစ်တွေ ခေါ်ယူရမှာ သုံးစွဲသွားမယ်လို့ သိရပါတယ်။ လတ်တလောမှာ ဒီဂီယာကို ဂျုဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတို့ကနေ စောင့်ကြည့်နေကြပြီး ယူနိုက်တက်အသင်းကတော့ ပြောင်းရွှေ့ကြေးပိုပေးနိုင်မယ့် အသင်းဆီကိုပဲ ရောင်းချဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဒီရာသီမှာ အသင်းကနေ အငှားနဲ့ထွက်ခွာထားတဲ့ ဆန်းချက်ဇ် စမောလင်းနဲ့ ရိုဟိုတို့ကို အသင်းကနေ အပြီးသတ်ရောင်းချလိုက်တာမျိုး ပြုလုပ်ချင်နေတယ်လို့ သိရှိရပါတယ်။