MySport Myanmar

နွေဈေးကွက်ထဲ ကစားသမား (၁၅)ဦးအထိ ရှင်းထုတ်သွားဖွယ်ရှိနေတဲ့ ယူနိုက်တက်

မကြာခင်မှာ နယ်သာလန် ကစားသမားတွေဖြစ်တဲ့ ဖရန်ကီဒီယွန်းနဲ့ တီလာမာလာစီယာတို့ကို ခေါ်ယူသွားနိုင်တော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အခု ဇူလိုင်လအတွင်းမှာပဲ ကစားသမားသစ် ခေါ်ယူမှုတွေအပြင် အသင်းက ကစားသမား အမြောက်အများကိုလည်း ရှင်းထုတ်သွားဖွယ် ရှိနေရာ ကစားသမား(၁၅)ယောက်လောက်အထိ အသင်းနဲ့ လမ်းခွဲသွားရနိုင်တယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲ ကစားသမားသစ် တစ်ဦးမှကို မခေါ်ယူထားနိုင်သေးတဲ့ ယူနိုက်တက်ဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကွင်းလယ်လူဒီယွန်းနဲ့ ဘယ်နောက်ခံလူ မာလာစီယာတို့ကို ခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီကစားသမားတွေကို မခေါ်ယူနိုင်ခင်က အသင်းရဲ့ ကစစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာ ဂျက်ဆီလင်ဂတ် နီမန်ဂျာမာတစ် ဟွမ်မာတာနဲ့ အက်ဒီဆင်ကာဗာနီတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားခဲ့ရပြီး ဂိုးသမား ဒင်းဟန်ဒါဆန်ကလည်း တန်းတတ်နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေရပါတယ်။

Photo Credit : The Mirror

ဒီကစားသမားတွေက အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းတွေ အသီးသီး ကုန်ဆုံးသွားကြတာဖြစ်လို့ အသင်းကနေ ဒီကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးကို တစ်ပြားတစ်ချပ်မှ ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင်းရဲ့ နောက်ထပ် ကစားသမား(၉)ယောက်ဖြစ်တဲ့ မာစီယဲလ် ဖီးလ်ဂျုံးစ် ဘိုင်လီ ဘစ်ဆာခါ ပါရဲရား တွမ်ဇီဘီ တဲလက်စ် ဘရန်ဒန်ဝီလီယံစ်နဲ့ တာဟစ်ချောင်တို့ကို ရောင်းထုတ်သွားချင်နေပါတယ်။ ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်အနေနဲ့ကလည်း အသင်းရဲ့ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့အတွက် အေဂျက်စ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒီယွန်းနဲ့ အဲရစ်ဆင်တို့ကို အလိုရှိနေသလို ခံစစ်ပိုင်းမှာလည်း ဖီးလ်ဂျုံး ဘိုင်လီ တွမ်ဇီဘီတို့လို ဗဟိုခံစစ်မှူးတွေကို ရှင်းထုတ်သွားပြီး အေဂျက်စ်က အာဂျင်တီးနား ခံစစ်ကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို ပြန်လည်ခေါ်ယူချင်နေပါတယ်။ ဒါ့အပြင် အသင်းကို ဘယ်နောက်ခံလူ မာလာစီယာ ရောက်ရှိတော့မှာဖြစ်လို့ အဲလက်စ်တဲလက်စ်ကိုပါ ရှင်းထုတ်သွားချင်နေသလို နောက်ခံအစွန်လူတွေဖြစ်တဲ့ ဘစ်ဆာခါနဲ့ ဝီလီယံစ်တို့ကိုလည်း ရှင်းထုတ်ချင်နေပါတယ်။ ဒါ့အပြင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာစီယဲလ်နဲ့ ချောင်တို့ကိုလည်း အသင်းကနေ ရောင်းချပြီး တိုက်စစ်ပိုင်းအတွက်လည်း ကစားသမားသစ်တစ်ဦးခန့်လောက် ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version