မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းသွားမှာဖြစ်ပြီး ကိုဒီဂက်ပိုထက် အန်တိုနီကိုသာ ဦးစားပေး အလိုရှိတာကြောင့်လည်း အလုံးစုံ သဘောတူညီမှု ရရှိအောင် လုပ်ဆောင်မှာ ဖြစ်တာကြောင့် ခေါ်ယူနိုင်လိမ့်မယ်လို့ပါ ယုံကြည်နေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Antony wants Man Utd! Brazilian decides to try late transfer push at Ajax |  Goal.com

Photo Credit : Goal

အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်နေတဲ့ ယူနိုက်တက်အင်းဟာ လတ်တလောမှာ နယ်သာလန်လိဂ်ရဲ့ attacking wingers တွေဖြစ်တဲ့ အန်တိုနီနဲ့ ဂက်ပိုတို့နှစ်ဦးကို ပစ်မှတ်ထားနေပေမယ့် အိုင်းယတ်စ်ရဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကိုသာ ဦးစားပေး အလိုရှိနေပါတယ်။ လတ်လော အခြေအနေတွေအရလည်း အန်တိုနီကိုယ်တိုင်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားချင်နေတယ်ဆိုတာ ရှင်းလင်းသိသာနေတာကြောင့် ကစားသမားနဲ့ personal agreed က စိတ်ပူစရာ မရှိပေမယ့် အိုင်းယတ်စ်ဘက်က သူတို့ကစားသမားကို အလွယ်တကူ ရောင်းချဖို့ စိတ်ကူးမရှိသလို တကယ်လို့ ရောင်းချရမယ်ဆိုရင်တောင် ယူရိုသန်း(၁၀၀)လောက်နီးနီး တန်ကြေးသတ်မှတ်ထားတာက အပြောင်းအရွှေ့ ဖြစ်လာဖို့အတွက် အနည်းငယ် ခက်ခဲနေရပါတယ်။

Ajax want club record sale for increasingly frustrated Antony

Photo Credit : 90Min

အိုင်းယတ်စ်က အန်တိုနီကို ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက နောင်တစ်ချိန်ချိန်မှာ အန်တိုနီအနေနဲ့ တခြားသော ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ (၂၀)%ကို ပေးချေရမယ်ဆိုတဲ့ အချက်တစ်ခု ထည့်သွင်ထားခဲ့တာကြောင့် အခုလို ယူရိုသန်း(၁၀၀)နီးပါးလောက်အထိ တောင်းဆိုချင်နေရတာ ဖြစ်တယ်လို့လည်း The Times က ဖော်ပြထားပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ ယူနိုက်တက်ဘက်က အန်တိုနီထက် ဈေးသက်သာတဲ့ နယ်သာလန် တောင်ပံကစားသမား ဂက်ပိုကို ခေါ်ယူဖို့ထက် အန်တိုနီကိုပဲ အလိုရှိနေတာကြောင့် ယူရို(၉၄)သန်းလောက်နဲ့ ကမ်းလှမ်းသွားဖို့အထိ စီစဉ်ထားသလို ကစားသမားဘက်ကလည်း သူ့ကို လက်ခံနိုင်လောက်တဲ့ တန်ကြေးမျိုးသာ သတ်မှတ်ပေးဖို့နဲ့ အဲ့ဒီလ်ု တန်ကြေးမျိုးနဲ့ ကမ်းလှမ်းလာခဲ့ရင်လည်း လက်ခံပေးသွားဖို့ အိုင်းယတ်စ်အသင်းဆီ ဖိအားပေး တောင်းဆိုလာခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အိုင်းယတ်စ်က သူတို့ကစားသမားဟောင်း ဟာကင်ဇီယက်ရှ်ကို ပြန်လည် ခေါ်ယူသွားဖို့ပါ လုပ်ဆောင်နေရပြီး အန်တိုနီရဲ့အေးဂျင့်တွေကလည်း လန်ဒန်မှာပဲ ဈေးကွက်နောက်ဆုံးနေ့အထိ ဆက်ရှိနေမှာဖြစ်သလို အန်တိုနီကိုယ်တိုင်ကလည်း မန်ချက်စတာမြို့ ချက်ရှိုင်းယားဒေသမှာ နေစရာ အိမ်တစ်လုံးကို ရှာဖွေနေပြီလို့ပါ သတင်းထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဘက်ကလည်း ဒီနွေဈေးကွက်မပိတ်ခင်မှာ သူတို့ရဲ့ အလိုအရှိဆုံး ကစားသမားဖြစ်သူ အန်တိုနီကို အသင်းဆီ အရ ခေါ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။