MySport Myanmar

ဂျေလိဂ်က ဂျပန် ဂိုးသမားလေးကိုပါ ခေါ်ယူသွားနိုင်တော့မယ့် ယူနိုက်တက်

အင်တာမီလန် ဂိုးသမား အန်ဒရေအိုနာနာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဂျပန် ဂျေလိဂ်ကလပ် အူရာဝါရက်စ်ဒိုင်းမွန်းအသင်းရဲ့ ဂျပန် ဂိုးသမား ဇီယွန်ဆူဇီကီးကိုပါ ခေါ်ယူသွားနိုင်ဖို့ အလွန် နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Goal

အသက် (၂၀)အရွယ်ရှိ ဂိုးသမားလေး ဆူဇူကီးကို မန်ယူနိုက်တက်အသင်းဘက်က ၂၀၁၇ခုနှစ်ကတည်းက စတင် စောင့်ကြည့်လာခဲ့တာဖြစ်ပြီး အခုဆိုရင် (၆)နှစ်ခန့်လောက်အထိ စောင့်ကြည့်ပြီးချိန်မှာ ပြောင်းရွှေ့ကြေး ပေါင် (၅)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့ ဒီကမ်းလှမ်းမှုကိုသာ အူရာဝါရက်စ်အသင်းဘက်က လက်ခံခဲ့မယ်ဆိုရင်တော့ ဒါဟာ ဂျေလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။

Photo Credit : Youtube

အရပ် (၆)ပေ (၃)လက်မအထိ အရပ်အမောင်း မြင့်မားလှတဲ့ ဂိုးသမား ဆူဇူကီးက ဂျပန် ဂိုးသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဂါနာဖခင် နဲ့ ဂျပန်မိခင်တို့ကနေ မွေးဖွားလာတဲ့သူဖြစ်လို့ တခြားသော ဂျပန်လူမျိုးတွေနဲ့တော့ အနည်းငယ် ကွာခြားနေပါတယ်။ အမေရိကန်နိုင်ငံဖွား ဂိုးသမား ဆူဇူကီးဟာ ဂျပန်လက်ရွေးစင်အသင်းအတွက်ကိုပါ (၁)ပွဲ ကစားထားခဲ့ရပြီး သူ့ကို ဒီနွေမှာ ဂိုးသမား (၂)ဦး ဖြည့်တင်းဖို့ လ်ိုအပ်နေတဲ့ မန်ယူနိုက်တက်က ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Busby Bee

ယူနိုက်တက်က အသင်းနဲ့ ဆယ်စုနှစ်တစ်ခုကျော်အထိ လက်တွဲခဲ့တဲ့ ဂိုးသမား ဒေးဗစ်ဒီဟေးယားနဲ့ လက်တွဲဖြုတ်ထားခဲ့သလို နော်တင်ဟမ်ဖောရက်စ်ကနေ အငှားပြည့်လို့ အသင်းဆီ ပြန်ရောက်လာခဲ့သူ ဒင်းဟန်ဒါဆန်ကိုလည်း အသင်းကနေ အပြီးသတ် ရောင်းထုတ်ချင်နေတာကြောင့် သူတို့နေရာအတွက် အိုနာနာ နဲ့ ဆူဇူကီးတို့ကို ပြန်လည် ဖြည့်တင်းသွားဖွယ် ရှိနေပါတယ်။

Exit mobile version