မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားဟာ အသင်းနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ပြီးနောက် အားလပ်ရက်ရရှိထားလို့ အပေါင်းအပါတွေနဲ့အတူ ဂရိနိုင်ငံက Mykonos ကျွန်းဆီ အပန်းဖြေခရီးထွက်ခဲ့ရာ ဘားတစ်ခုရဲ့ အပြင်ဘက်မျာ အခြားအဖွဲ့တစ်ခုနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကိုပါ ဆဲဆိုတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သတင်းမီဒီယာများစွာကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Daily Mail

အသက်(၂၇)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား မက်ဂွိုင်းယားဟာ သူရဲ့အားလပ်ရက်အတွင်း ဂရိနိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ မားကပ်ရပ်ဖိုဒ့် ဘရန်ဒန်ဝီလီယံစ်တို့နဲ့ ဆုံတွေ့ခဲ့တဲ့အပြင် တခြားနာမည်ကျော် Celebrities တွေနဲ့ပါ ဆုံတွေ့ဖြစ်ခဲ့ပြီး ကြာသပတေးနေ့ည(သောကြာနေ့မနက်အစောပိုင်း)လောက်မှာ မက်ဂွိုင်းယားနဲ့ သူရဲ့မိတ်ဆွေတွေက အရက်မူးပြီး တခြားသော အင်္ဂလိပ်အဖွဲ့တစ်ခုနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်တွေက အော်ဟစ်ဆဲဆိုမှုတွေပါ လုပ်ဆောင်မိခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ရန်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ ဘာမှထုတ်ပြန်ထားခြင်းမရှိသလို သတင်းမီဒီယာတွေကနေလည်း ဘာမှမထုတ်ပြန်ထားသေးပဲ ရှိနေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ပြောဆိုချက်အရ ဘောလုံးသမားတွေ ပါဝင်လို့နေတဲ့ အဖွဲ့ကနေ စတင်ပြီး စကားလုံးတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အဲ့ဒီနေရာမှာလည်း ရဲတွေများစွာရှိနေပြီး (၃)ယောက်တစ်ဖွဲ့ထဲကမှ လူ(၁)ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေကို တစ်စုံတစ်ရာနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီ(၃)ယောက်ထဲမှာ မက်ဂွိုင်းယားပါဝင်နေပြီး ရဲတွေကို စတင်တိုက်ခိုက်သူက မက်ဂွိုင်းယားဖြစ်နေလား ဆိုတာကိုတော့ အသေးစိတ် မသိရှိရသေးပဲ သူတို့(၃)ယောက်လုံးက ရဲတပ်ဖွဲ့ဝင်တွေကိုတော့ အလွန်ရင့်သီးတဲ့ စကားလုံးတွေနဲ့ ဆဲဆိုခဲ့တယ်လို့ ရဲသားတစ်ဦးက ပြန်လည်ရှင်းပြခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဂွိုင်းယားဟာ ဂရိမှာပဲ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မကြာခင်မှာ သူတို့ရဲ့လုပ်ရက်အတွက် အမိန့်ချမှတ်ခံရတော့မှာဖြစ်ကာ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။