ၿပီးခဲ႔တဲ႔ ဇန္နဝါရီ ၅ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ႔ၾကတဲ့ အက္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ ဂုိးမရွိသေရက်ခဲ႔ရလုိ႔ အုိးထရက္ဖုိဒ့္ကြင္းအတြင္း ျပန္ကန္ပြဲအျဖစ္ ျပန္လည္ကစားခဲ႔ရတဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ဝုလ္ဗ္အသင္းတုိ႔ရဲ႕အက္ေအလား ျပန္ကန္ပြဲမွာေတာ့ အိမ္ရွင္ယူႏုိက္တက္အသင္းက ဟြမ္မာတာရဲ႕တစ္လုံးတည္းေသာအႏုိင္ဂုိးနဲ႔ စတုတၳအဆင့္ကုိ တတ္ေရာက္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

အိမ္ရွင္အျဖစ္ လက္ခံကစားခဲ႔ရတဲ႔ ယူႏုိက္တက္အသင္းကေတာ့ ဒီဂီယာနဲ႔ရပ္ဖုိဒ့္တုိ႔ကလြဲၿပီး က်န္တဲ႔ေနရာေတြမွာ အဓ္က ကစားသမားအစုံအလင္နဲ႔ပြဲထြက္လာခဲ႔ကာ မာစီယဲလ္ ဂရင္းဝုဒ္ ဒန္နီရယ္ဂ်ိမ္းစ္မာတာ ဖရက္ဒ္ မာတစ္ ဝမ္ဘစ္ဆာခါ လင္ဒီေလာ့ ဝီလီယံစ္ မက္ဂြိဳင္းယားနဲ႔ ရုိမဲလ္ရုိးတုိ႔ကုိ သုံးစြဲလာခဲ႔ပါတယ္။ ဝုလ္္ကလည္း ယူႏုိက္တက္လုိပဲ ဂုိးသမားပုိင္းမွာ အရန္ဂုိးသမား ရူဘီကုိ အသုံးျပဳထားခဲ့သလုိ က်န္တဲ႔ေနရာေတြမွာေတာ့ ဂ်ီမီနက္ဇ္ ထရာအုိေရး ကိုအာဒီ ေမာ္တင္ဟုိ နီဗက္စ္တုိ႔လုိ အဓိက ကစားသမားေတြနဲ႔ပဲ ပြဲထြက္လာခဲ႔ပါတယ္။ ပထမပုိင္းပြဲခ်ိန္ေတြအတြင္းမွာေတာ့ အိမ္ရွင္က ေဘာလုံးပုိင္ဆုိင္မႈ ဂုိးေပါက္ၿခိမ္းေျခာက္မႈေတြမွာ အသာစီးရယူခဲ႔ေပမယ့္ ဝုလ္ဗ္ရဲ႕ေကာင္တာတုိက္စစ္ကေနတစ္ဆင့္ တန္ျပန္ထုိးေဖာက္မႈေတြက ပုိမုိထိေရာက္မႈရွိခဲ႔ပါတယ္။ ဂ်ီမီနက္ဇ္ရဲ႕အနီးကပ္ပိတ္သြင္းမႈကုိ ရုိမဲလ္ရုိးက ကာကြယ္ခဲ႔ရသလုိ နက္တုိရဲ႕၁၀မိနစ္မွာ ရရွိခဲ႔တဲ႔ သြင္းဂုိးမွာလည္း ပါဝင္ပတ္သက္ခဲ့တဲ့ ဂ်ီမီနက္ဇ္ ေဘာလုံးကုိလက္နဲ႔ခဲ႔မိလုိ႔ သြင္းဂုိးကေန ပယ္ဖ်က္ခံခဲ႔ရတာျဖစ္ပါတယ္။ ယူနုိက္တက္လည္း ဂုိးေပါက္တည့္ကန္ခ်က္ ၃ႀကိမ္ထိ ရရွိခဲ႔ေပမယ့္ အရန္ဂုိးသမား ရူဘီရဲ႕လက္စြမ္းျပမႈေၾကာင့္ ပထမပုိင္းမွာ သြင္းဂုိးပုိင္ဆုိင္ခဲ႔ျခင္းေတာ့ မရွိခဲ႔ပါဘူး။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာလည္း ပြဲကုိယူႏုိက္တက္အသင္းဘက္ကေန ဆက္လက္စုိးမုိးထားခဲ့ၿပီး လုိအပ္ေနတဲ႔ သြင္းဂုိးကုိေတာ့ မရယူႏုိင္ေသးတာေၾကာင့္ ဂရင္းဝုဒ္နဲ႔ဂ်ိမ္းစ္တုိ႔ေနရာမွာ ပါရဲရား ရပ္ဖုိဒ့္နဲ႔ အစားထုိးၿပီး တုိက္စစ္အင္အားတုိးျမင့္ခဲ႔ပါတယ္။ ဒီလုိ အေျပာင္းအလဲလုပ္ၿပီး ၅မိနစ္အၾကာမွာပဲ ယူႏုိက္တက္အတြက္ ပြဲထြက္ခြင့္ေတြျပန္ရေနၿပီး ေျခစြမ္းျပလုိ႔ေနတဲ႔ မာတာက မာစီယဲလ္ခင္းေပးလုိက္တဲ႔ ေဘာလုံးကေနတစ္ဆင့္ အဖြင့္ဂုိးကုိ ပါးပါးနပ္နပ္နဲ႔ သြင္းယူသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဧည့္သည္ဝုလ္ဗ္အသင္းဘက္ကေန ေခ်ပဂုိးျပန္ရဖုိ႔ ႀကိဳးစားခဲ႔ေပမယ့္ ယူႏုိက္တက္က သူတုိ႔ရရွိထားတဲ႔ တစ္လုံးတည္းေသာသြင္းဂုိးကုိ ထိန္းသိမ္းႏုိင္ခဲ႔တာေၾကာင့္ ေနာက္တင့္ဆက္ကုိ တတ္လွမ္းသြားခဲ႔ရပါတယ္။

 

(Unicode)

မနှစ်က အက်အေဖလားရှံးကြွေးကို အိုးထရက်ဖိုဒ့်မှာ ပြန်ဆပ်နိုင်ခဲ့တဲ့ ယူနိုက်တက်

Photo Credit : Getty Images

အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ရတဲ့ ယူနိုက်တက်အသင်းကတော့ ဒီဂီယာနဲ့ရပ်ဖိုဒ့်တို့ကလွဲပြီး ကျန်တဲ့နေရာတွေမှာ အဓ်က ကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့ကာ မာစီယဲလ် ဂရင်းဝုဒ် ဒန်နီရယ်ဂျိမ်းစ်မာတာ ဖရက်ဒ် မာတစ် ဝမ်ဘစ်ဆာခါ လင်ဒီလော့ ဝီလီယံစ် မက်ဂွိုင်းယားနဲ့ ရိုမဲလ်ရိုးတို့ကို သုံးစွဲလာခဲ့ပါတယ်။ ဝုလ််ကလည်း ယူနိုက်တက်လိုပဲ ဂိုးသမားပိုင်းမှာ အရန်ဂိုးသမား ရူဘီကို အသုံးပြုထားခဲ့သလို ကျန်တဲ့နေရာတွေမှာတော့ ဂျီမီနက်ဇ် ထရာအိုရေး ကိုအာဒီ မော်တင်ဟို နီဗက်စ်တို့လို အဓိက ကစားသမားတွေနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်တွေအတွင်းမှာတော့ အိမ်ရှင်က ဘောလုံးပိုင်ဆိုင်မှု ဂိုးပေါက်ခြိမ်းခြောက်မှုတွေမှာ အသာစီးရယူခဲ့ပေမယ့် ဝုလ်ဗ်ရဲ့ကောင်တာတိုက်စစ်ကနေတစ်ဆင့် တန်ပြန်ထိုးဖောက်မှုတွေက ပိုမိုထိရောက်မှုရှိခဲ့ပါတယ်။ ဂျီမီနက်ဇ်ရဲ့အနီးကပ်ပိတ်သွင်းမှုကို ရိုမဲလ်ရိုးက ကာကွယ်ခဲ့ရသလို နက်တိုရဲ့၁၀မိနစ်မှာ ရရှိခဲ့တဲ့ သွင်းဂိုးမှာလည်း ပါဝင်ပတ်သက်ခဲ့တဲ့ ဂျီမီနက်ဇ် ဘောလုံးကိုလက်နဲ့ခဲ့မိလို့ သွင်းဂိုးကနေ ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်လည်း ဂိုးပေါက်တည့်ကန်ချက် ၃ကြိမ်ထိ ရရှိခဲ့ပေမယ့် အရန်ဂိုးသမား ရူဘီရဲ့လက်စွမ်းပြမှုကြောင့် ပထမပိုင်းမှာ သွင်းဂိုးပိုင်ဆိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ပွဲကိုယူနိုက်တက်အသင်းဘက်ကနေ ဆက်လက်စိုးမိုးထားခဲ့ပြီး လိုအပ်နေတဲ့ သွင်းဂိုးကိုတော့ မရယူနိုင်သေးတာကြောင့် ဂရင်းဝုဒ်နဲ့ဂျိမ်းစ်တို့နေရာမှာ ပါရဲရား ရပ်ဖိုဒ့်နဲ့ အစားထိုးပြီး တိုက်စစ်အင်အားတိုးမြင့်ခဲ့ပါတယ်။ ဒီလို အပြောင်းအလဲလုပ်ပြီး ၅မိနစ်အကြာမှာပဲ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်တွေပြန်ရနေပြီး ခြေစွမ်းပြလို့နေတဲ့ မာတာက မာစီယဲလ်ခင်းပေးလိုက်တဲ့ ဘောလုံးကနေတစ်ဆင့် အဖွင့်ဂိုးကို ပါးပါးနပ်နပ်နဲ့ သွင်းယူသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဧည့်သည်ဝုလ်ဗ်အသင်းဘက်ကနေ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်က သူတို့ရရှိထားတဲ့ တစ်လုံးတည်းသောသွင်းဂိုးကို ထိန်းသိမ်းနိုင်ခဲ့တာကြောင့် နောက်တင့်ဆက်ကို တတ်လှမ်းသွားခဲ့ရပါတယ်။