လီဗာပူးလ် ဘန်လေအသင်းတွေကို ဆက်တိုက်အရေးနိမ့်ရခဲ့လို့ ဝေဖန်မှုတွေနဲ့ မြင့်တတ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနေ့ညမှာ လိဂ်ဝမ်းကလပ် ထရန်မဲအသင်းနဲ့ အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို ထရန်မဲအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး တိုက်စစ်စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ကာ ၆ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ပွဲရယူခဲ့ပါတယ်။

Photo Credit : Getty Images

ဧည့်သည်ယူနိုက်တက်အသင်းဟာ ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကာ အဓိက ကစားသမားတွနဲ့ အရန်ကစားသမားတွေကို ရောနှောအသုံးပြုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ မာစီယဲလ် ဂရင်းဝုဒ် လင်ဂတ် မာတစ် ပါရဲရား လုခ်ရှော ဒါလော့ မက်ဂွိုင်းယား ဖီးလ်ဂျုံး လင်ဒီလော့ ရိုမဲလ်ရိုးတို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အိမ်ရှင်အသင်းက ဖိအားပေးကစားခဲ့ပေမယ့်လည်း ပွဲကစားချိန် နည်းနည်းကြာလာတော့ ယူနိုက်တက်ရဲ့ ကစားကွက်အောက်မှာ ထရန်မဲအသင်း ကျရောက်သွားခဲ့ရပြီး ၁၀မိနစ်မှာ မက်ဂွိုင်းယားက အဖွင့်ဂိုးစတင်သွင်းယူခဲ့ပါတယ်။ ဒီဂိုးကတော့ မက်ဂွိုင်းယားရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဂိုးဖြစ်ပြီး အဲ့ဒီနောက်မှာလည်း ဒါလော့ လင်ဂတ် ဖီးလ်ဂျံုးနဲ့ မာစီယဲလ်တို့က ဂိုးတွေဆက်တိုက်သွင်းယူခဲ့ကြပါတယ်။ ယူနိုက်တက်အသင်း ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုး၅ဂိုးလုံးက ဂိုးပေါက်တည့်ကန်ချက် ၅ကြိမ်ကနေ တိုက်ရိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာကတည်းက ၅ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ဒုတိယပိုင်းအစမှာပဲ မာတစ်နဲ့ မာစီယဲလ်တို့ကို အနားပေးခဲ့ကာ ဖရက်ဒ်နဲ့တာဟစ်ချောင်တို့ကို လူစားလဲခဲ့ပါတယ်။  ဒုတိယပိုင်းစပြီး ၁၀မိနစ်အကြာမှာ တာဟစ်ချောင်ကို ထရန်မဲဂိုးသမား ဖြတ်ထုတ်တာ ကြမ်းတမ်းလို့ဆိုပြီး ပင်နယ်တီသတ်မှတ်ပေးခဲ့ရာ ဂရင်းဝုဒ်က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ယူနိုက်တက်က မက်ဂွိုင်းယားကို ထပ်မံအနားပေးပြီး ဝီလီယံစ်ကို အသုံးပြုလာခဲ့ပါတယ်။ ဒါဇင်ဝက်အထိ သွင်းယူပြီးနောက်မှာတော့ ယူနိုက်တက်က ကစားပုံထိန်းသွားခဲ့ပြီး ပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။

(Zawgyi)

ပရက္တန္ပတ္ခ္မွာ ဂုိးမုိးရြာခဲ႔ၿပီး ရလဒ္ဆုိးေနမႈေတြကုိ ရပ္တန္႔ႏုိင္ခဲ႔တဲ႔ ယူႏုိက္တက္

လီဗာပူးလ္ ဘန္ေလအသင္းေတြကုိ ဆက္တုိက္အေရးနိမ့္ရခဲ႔လုိ႔ ေဝဖန္မႈေတြနဲ႔ ျမင့္တတ္လုိ႔ေနတဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ဒီေန႔ညမွာ လိဂ္ဝမ္းကလပ္ ထရန္မဲအသင္းနဲ႔ အက္ေအဖလား စတုတၳအဆင့္ပြဲစဥ္ကုိ ထရန္မဲအသင္းရဲ႕အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ကစားခဲ႔ၿပီး တုိက္စစ္စြမ္းေဆာင္ရည္ေကာင္းျပသႏုိင္ခဲ႔ကာ ၆ဂုိး ဂုိးမရွိနဲ႔ ဂုိးျပတ္ႏုိင္ပြဲရယူခဲ႔ပါတယ္။

Photo Credit : Getty Images

ဧည့္သည္ယူႏုိက္တက္အသင္းဟာ ၃-၄-၁-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ႔ကာ အဓိက ကစားသမားတြနဲ႔ အရန္ကစားသမားေတြကုိ ေရာေႏွာအသုံးျပဳသြားခဲ႔ပါတယ္။ ယူႏုိက္တက္အသင္းရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ မာစီယဲလ္ ဂရင္းဝုဒ္ လင္ဂတ္ မာတစ္ ပါရဲရား လုခ္ေရွာ ဒါေလာ့ မက္ဂြိဳင္းယား ဖီးလ္ဂ်ံဳး လင္ဒီေလာ့ ရုိမဲလ္ရုိးတုိ႔ ပါဝင္လာခဲ႔ပါတယ္။ ပြဲအစပုိင္းမွာ အိမ္ရွင္အသင္းက ဖိအားေပးကစားခဲ႔ေပမယ့္လည္း ပြဲကစားခ်ိန္ နည္းနည္းၾကာလာေတာ့ ယူႏုိက္တက္ရဲ႕ ကစားကြက္ေအာက္မွာ ထရန္မဲအသင္း က်ေရာက္သြားခဲ႔ရၿပီး ၁၀မိနစ္မွာ မက္ဂြိဳင္းယားက အဖြင့္ဂုိးစတင္သြင္းယူခဲ႔ပါတယ္။ ဒီဂုိးကေတာ့ မက္ဂြိဳင္းယားရဲ႕ ယူႏုိက္တက္ကစားသမားဘဝ ပထမဆုံးဂုိးျဖစ္ၿပီး အဲ႔ဒီေနာက္မွာလည္း ဒါေလာ့ လင္ဂတ္ ဖီးလ္ဂ်ံဳးနဲ႔ မာစီယဲလ္တုိ႔က ဂုိးေတြဆက္တုိက္သြင္းယူခဲ႔ၾကပါတယ္။ ယူႏုိက္တက္အသင္း ပထမပုိင္းမွာ သြင္းယူခဲ႔တဲ႔ ဂုိး၅ဂုိးလုံးက ဂုိးေပါက္တည့္ကန္ခ်က္ ၅ႀကိမ္ကေန တုိက္ရုိက္ရရွိခဲ႔တာလည္းျဖစ္ပါတယ္။

Photo Credit : Getty Images

ပထမပုိင္းမွာကတည္းက ၅ဂုိးျပတ္နဲ႔ ဦးေဆာင္ထားႏုိင္ခဲ႔တာေၾကာင့္ ဒုတိယပုိင္းအစမွာပဲ မာတစ္နဲ႔ မာစီယဲလ္တုိ႔ကုိ အနားေပးခဲ႔ကာ ဖရက္ဒ္နဲ႔တာဟစ္ေခ်ာင္တုိ႔ကုိ လူစားလဲခဲ႔ပါတယ္။  ဒုတိယပုိင္းစၿပီး ၁၀မိနစ္အၾကာမွာ တာဟစ္ေခ်ာင္ကုိ ထရန္မဲဂုိးသမား ျဖတ္ထုတ္တာ ၾကမ္းတမ္းလုိ႔ဆုိၿပီး ပင္နယ္တီသတ္မွတ္ေပးခဲ႔ရာ ဂရင္းဝုဒ္က အမွားအယြင္းမရွိ အဆုံးသတ္ႏုိင္ခဲ႔ပါတယ္။ အဲ႔ဒီေနာက္မွာ ယူႏုိက္တက္က မက္ဂြိဳင္းယားကုိ ထပ္မံအနားေပးၿပီး ဝီလီယံစ္ကုိ အသုံးျပဳလာခဲ႔ပါတယ္။ ဒါဇင္ဝက္အထိ သြင္းယူၿပီးေနာက္မွာေတာ့ ယူႏုိက္တက္က ကစားပုံထိန္းသြားခဲ႔ၿပီး ပြဲကုိအဆုံးသတ္ႏုိင္ခဲ႔ပါတယ္။