ဒီေန႔ည ပရီးမီးယားလိဂ္ပြဲစဥ္ရဲ႕ ဒီဇင္ဘာ ပြဲက်ပ္ကာလအစ ပြဲစဥ္(၁၅) ဒုတိယညပြဲစဥ္မ်ားရဲ႕စိတ္ဝင္စားစရာအေကာင္းဆံုးပြဲစဥ္ျဖစ္တဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ယူႏုိက္တက္နည္းျပေဟာင္းေမာ္ရင္ဟုိ ကုိင္တြယ္ေနတဲ႔ စပါးအသင္းတုိ႔ရဲ႕ပြဲမွာေတာ့ အေတာ္ေလးကုိ အႀကိတ္အနယ္ရွိခဲ႔ၿပီး ဆုိးလ္ရွားရဲ႕ယူႏုိက္တက္အသင္းက ရပ္ဖုိဒ့္ရဲ႕သြင္းဂုိးေတြနဲ႔အတူ ေမာ္ရင္ဟုိရဲ႕စပါးအသင္းကုိ အႏုိင္ယူခဲ႔ပါတယ္။

Photo Credit : Getty Images

အိမ္႐ွင္ယူႏုိက္တက္အသင္းကေတာ့ အရင္တုန္းကပြဲေတြနဲ႔ ကြဲျပားလွတဲ့ လူထုတ္ပုံမ်ိဳး ပြဲထြက္လာခဲ့ၿပီး အဓိကအားျဖင့္ တုိက္စစ္ပုိင္းကုိ ျပင္ဆင္မ်ားစြာ ျပဳလုပ္လာခဲ့ရာ ရပ္ဖုိဒ့္ကုိအေထာင္ထားၿပီး သူရဲ႕ေနာက္မွာေတာ့ ဒင္နီရယ္ဂ်ိမ္းစ္ လင္ဂတ္ ဂရင္းဝုဒ္တုိ႔ကုိ အသုံးျပဳလာခဲ့ပါတယ္။ ယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ဟုိရဲ႕ စပါးအသင္းကေတာ့ ကြင္းလယ္ပုိင္းေလာက္ကုိသာ အေျပာင္းအလဲေတြ ျပဳလုပ္လာၿပီး က်န္တဲ့ေနရာေတြမွာေတာ့ အသုံးျပဳေနက် ကစားသမားေတြကုိသာ အသုံးျပဳလာခဲ့ပါတယ္။ ေပါ့ဘာ မာစီယဲလ္တုိ႔ မပါဝင္ႏုိင္ခဲ့ၾကေပမယ့္လည္း တြမ္မီေနး ျပန္လည္ပါဝင္လာတဲ့ ကြင္းလယ္ပုိင္းက စပါးကုိ အေကာင္းဆုံးထိန္းခ်ဳပ္ထားႏုိင္ခဲ့ၿပီး အသင္းႀကီးေတြနဲ႔ ရင္ဆုိင္ရတုိင္းမွာ ဂုိးျမဴးတတ္ေလ့႐ွိတဲ့ ရပ္ဖုိဒ့္ေၾကာင့္ပဲ ၆မိနစ္မွာ ယူႏုိက္တက္တုိ႔ ဂုိးစတင္ရရွိခဲ႔ပါတယ္။ စတင္ဦးေဆာင္ႏုိင္ၿပီးေနာက္ မိနစ္၃၀ေလာက္အထိ စပါးအသင္းကုိ အေကာင္းဆုံးထိန္းခ်ဳပ္နုိင္ခဲ႔ၿပီး ေနာက္ထပ္ဂုိးရႏုိင္လုိက္တဲ႔ ထုိးေဖာက္မႈေတြလည္း ျပဳလုပ္ႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္လည္း စပါးကေတာ့ ရတဲ႔အခြင့္အေရးကုိ အေကာင္းဆုံးအသုံးခ်ႏုိင္ခဲ႔ၿပီးေတာ့ အလီက လွလွပပ သြင္းယူခဲ့တာျဖစ္ပါတယ္။

Photo Credit : Getty Images

ပထမပုိင္းကုိ ၁ဂုိးစီသေရရလဒ္နဲ႔ အဆုံးသတ္ခဲ႔ၿပီးတဲ႔ေနာက္ ဒုတိယပုိင္းျပန္စၿပီး သိပ္မၾကာခင္မွာပဲ ယူႏုိက္တက္တုိ႔ ရပ္ဖုိဒ့္ေၾကာင့္ ပင္နယ္တီကန္သြင္းခြင့္ရရွိခဲ့ရၿပီး ဒီပင္နယ္တီကုိ ရပ္ဖုိဒ့္ကပဲ အမွားအယြင္းမရွိ သြင္းယူႏုိင္ခဲ႔ပါတယ္။ ျပန္လည္ဦးေဆာင္ႏုိင္ခဲ႔ၿပီးေနာက္မွာလည္း အိမ္ရွင္ကပဲ စပါးအသင္းကုိ ဆက္လက္ဖိအားေပးကစားႏုိင္ခဲ့ကာ အခြင့္အေရးတခ်ိဳ႕လည္း ရရွိခဲ႔ပါေသးတယ္။ ဒါေပမယ့္ စပါးအသင္းရဲ႕ဂုိးသမားဂါဇာနီကာက ပထမပုိင္းမွာေရာ ဒုတိယပုိင္းမွာပါ အေကာင္းဆုံးလက္စြမ္းျပ ကာကြယ္မႈေတြ လုပ္ေဆာင္ႏုိင္ခဲ႔လု႔ိသာ စပါးတုိ႔ သက္သာခဲ႔ရာရခဲ႔တာျဖစ္ပါတယ္။ ဒီလုိပဲ ပြဲၿပီးခါနီးမွာလည္း စပါးဘက္ကေန ထုိးေဖာက္လာမႈေတြကုိ ယူႏုိက္တက္ဂုိးသမားဒီဂီယာက လက္စြမ္းျပကာကြယ္ႏုိင္ခဲ႔တာေၾကာင့္ သြင္းဂုိးေတြကုိ ဆက္လက္မျမင္ေတြ႔ရေတာ့ပဲ အိမ္ရွင္ယူႏုိက္တက္ကပဲ အိမ္ကြင္းမွာ ဟုိေဆးေမာ္ရင္ဟုိရဲ႕စပါးအသင္းကုိ အႏုိင္ယူခဲ႔ပါတယ္။

(Unicode)

အိုးထရက်ဖိုဒ့်မှာ မော်ရင်ဟိုရဲ့စပါးအသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့တဲ့ ယူနိုက်တက်

ဒီနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ဒီဇင်ဘာ ပွဲကျပ်ကာလအစ ပွဲစဉ်(၁၅) ဒုတိယညပွဲစဉ်များရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးအသင်းတို့ရဲ့ပွဲမှာတော့ အတော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းက ရပ်ဖိုဒ့်ရဲ့သွင်းဂိုးတွေနဲ့အတူ မော်ရင်ဟိုရဲ့စပါးအသင်းကို အနိုင်ယူခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ယူနိုက်တက်အသင်းကတော့ အရင်တုန်းကပွဲတွေနဲ့ ကွဲပြားလှတဲ့ လူထုတ်ပုံမျိုး ပွဲထွက်လာခဲ့ပြီး အဓိကအားဖြင့် တိုက်စစ်ပိုင်းကို ပြင်ဆင်များစွာ ပြုလုပ်လာခဲ့ရာ ရပ်ဖိုဒ့်ကိုအထောင်ထားပြီး သူရဲ့နောက်မှာတော့ ဒင်နီရယ်ဂျိမ်းစ် လင်ဂတ် ဂရင်းဝုဒ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ ကွင်းလယ်ပိုင်းလောက်ကိုသာ အပြောင်းအလဲတွေ ပြုလုပ်လာပြီး ကျန်တဲ့နေရာတွေမှာတော့ အသုံးပြုနေကျ ကစားသမားတွေကိုသာ အသုံးပြုလာခဲ့ပါတယ်။ ပေါ့ဘာ မာစီယဲလ်တို့ မပါဝင်နိုင်ခဲ့ကြပေမယ့်လည်း တွမ်မီနေး ပြန်လည်ပါဝင်လာတဲ့ ကွင်းလယ်ပိုင်းက စပါးကို အကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့ပြီး အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတိုင်းမှာ ဂိုးမြူးတတ်လေ့ရှိတဲ့ ရပ်ဖိုဒ့်ကြောင့်ပဲ ၆မိနစ်မှာ ယူနိုက်တက်တို့ ဂိုးစတင်ရရှိခဲ့ပါတယ်။ စတင်ဦးဆောင်နိုင်ပြီးနောက် မိနစ်၃၀လောက်အထိ စပါးအသင်းကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး နောက်ထပ်ဂိုးရနိုင်လိုက်တဲ့ ထိုးဖောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးကတော့ ရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီးတော့ အလီက လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းကို ၁ဂိုးစီသရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပြီးတဲ့နောက် ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ ယူနိုက်တက်တို့ ရပ်ဖိုဒ့်ကြောင့် ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ရပြီး ဒီပင်နယ်တီကို ရပ်ဖိုဒ့်ကပဲ အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီးနောက်မှာလည်း အိမ်ရှင်ကပဲ စပါးအသင်းကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ကာ အခွင့်အရေးတချို့လည်း ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် စပါးအသင်းရဲ့ဂိုးသမားဂါဇာနီကာက ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ အကောင်းဆုံးလက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့လို့သာ စပါးတို့ သက်သာခဲ့ရာရခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲ ပွဲပြီးခါနီးမှာလည်း စပါးဘက်ကနေ ထိုးဖောက်လာမှုတွေကို ယူနိုက်တက်ဂိုးသမားဒီဂီယာက လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေကို ဆက်လက်မမြင်တွေ့ရတော့ပဲ အိမ်ရှင်ယူနိုက်တက်ကပဲ အိမ်ကွင်းမှာ ဟိုဆေးမော်ရင်ဟိုရဲ့စပါးအသင်းကို အနိုင်ယူခဲ့ပါတယ်။