ဒီႏွစ္ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အဖြင့္ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းကုိ ၄ဂုိးျပတ္နဲ႔ အႏုိင္ယူခဲ့ၿပီးေနာက္ပုိင္း အုိးထရက္ဖုိဒ့္မွာ ကစားခဲ့တဲ့ပြဲတုိင္းမွာ သြင္းဂုိး၁ဂုိးထက္ ပုိမုိေအာင္သြင္းယူႏုိင္ျခင္းမ႐ွိေတာ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ဒီေန႔မွာေတာ့ ယူ႐ုိပါလိဂ္ ပြဲစဥ္၄အျဖစ္နဲ႔ အိမ္ကြင္းမွာ ပါတီဇန္ဘဲလ္ဂရိတ္အသင္းနဲ႔ ယွဥ္ျပဳိင္ကစားသြားခဲ့ၿပီး ၃ဂုိး ဂုိးမ႐ွိနဲ႔ကုိ ဂုိးျပတ္အႏုိင္ယူခဲ့ပါတယ္။

Photo Credit : Getty Images

ေနာက္တစ္ဆင့္ကုိ တတ္လွမ္းဖုိ႔ အေျလအေနေကာင္းေနေပမယ့္လည္း ယူႏုိက္တက္အသင္းဟာ အိမ္ကြင္းမွာ ၿပိဳင္ဘက္အသင္းကုိ အသာစီးရယူႏုိင္ဖုိ႔အတြက္ အရင္ကလုိ လူငယ္ကစားသမားေလးေတြကုိ သိပ္မသုံးေတာ့ပဲ ရပ္ဖုိဒ့္ မာစီယဲလ္ မာတာ ဂရင္းဝုဒ္ တြမ္မီေနး ဖရက္ဒ္ မက္ဂြိဳင္းယား ႐ုိဟုိ ယန္း ဝမ္ဘစ္ဆာခါ ႐ုိမဲလ္႐ုိးတုိ႔နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ပထမပုိင္းအစမွာပဲ ႏွစ္ဖက္အသင္းလုံးက သြင္းဂုိး၁ဂုိးစီ သြင္းယူျဖစ္ခဲ့ေပမယ့္ ၂ဂုိးလုံး လူကြၽံေနၾကသလုိ အိမ္႐ွင္ယူႏုိက္တက္ဘက္က ရပ္ဖုိဒ့္အခြင့္အေရးေတြ ဆက္တုိက္ပုိင္ဆုိင္ခဲ့ေပမယ့္ ပုိင္ပုိင္ႏုိင္ႏုိင္ အသုံးမခ်ႏုိင္ခဲ့ပါဘူး။ ပြဲခ်ိန္၂၂မိနစ္မွာေတာ့ အခြင့္အေရးေတြကုိ ျဖဳန္းတီးေနတဲ့ ရပ္ဖုိဒ့္ရဲ႕ဖန္တီးေပးမႈကေနတစ္ဆင့္ ညာျခမ္းမွာ ပါဝင္လာခဲ့တဲ့ ဂရင္းဝုဒ္က အဖြင့္ဂုိးကုိ စတင္သြင္းယူခဲ့ပါတယ္။ ၁၀မိနစ္ဝန္းက်င္ေလာက္ အၾကာမွာေတာ့ ျပီးခဲ့တဲ့ အ​ေဝးကြင္းပြဲမွာ ပါတီဇန္ဘက္ကုိ တစ္လုံးတည္းေသာ အႏုိင္ဂုိးကုိ သြင္းယူခဲ့သူ မာစီယဲလ္က သူရဲ႕အေကာင္းဆုံးပုံစံ ပါတီဇန္ေနာက္ခံလူေတြကုိ ေက်ာ္ျဖတ္ၿပီး ဒုတိယရယဂုိးကုိ သြင္းယူႏုိင္ခဲ့ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ပထမပုိင္းမွာ ဂုိးကန္သြင္းခ်က္ေတြရသေလာက္ အခြင့္အေရးေတြ လက္ဝယ္မပုိင္ဆုိင္ခဲ့ရတဲ႔ မားကပ္ရပ္ဖုိဒ့္က အက္ရွ္ေလယန္းရဲ႕ေပးပုိ႔မႈကေနတစ္ဆင့္ ယူႏုိက္တက္အတြက္ တတိယေျမာက္အႏုိင္ဂုိးကုိ အားပါပါနဲ႔ သြင္းယူသြားခဲ႔ပါတယ္။ ဒုတိယပုိင္းမွာလည္း အိမ္ရွင္အသင္းဘက္ကေနသာ ဖိဖိစီးစီးကစားႏုိင္ခဲ႔ၿပီး ပါတီဇန္ဘက္ကေန ထုိးေဖာက္မႈေတြ မျပဳလုပ္ႏုိင္ေတာ့သလုိ ယူႏုိက္တက္ကလည္း သူတုိ႔ရဲ႕ျပတ္သားေနၿပီျဖစ္တဲ႔ ရလဒ္ကုိ ထိန္းသိမ္းသြားခဲ႔ရာ ပြဲအၿပီးမွာ ၃ဂုိးျပတ္နဲ႔ အႏုိင္ရသြားခဲ႔ၿပီး ရမွတ္၁၀မွတ္ သြင္းဂုိး၅ဂုိး ေပးဂုိးမရွိေသးတဲ႔ အေနအထားနဲ႔ အုပ္စုLရဲ႕ ထိပ္ဆုံးေနရာမွာ ဆက္လက္ဦးေဆာင္ေနခဲ႔ပါတယ္။

(Unicode)

ဂိုးပြတ်နိုင်ပွဲနဲ့အတူ အိုးထရက်ဖိုဒ့်မှာ သွင်းဂိုးတွေ ပြန်လည်ရှာတွေ့နိုင်ခဲ့တဲ့ ယူနိုက်တက်

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ၄ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက်ပိုင်း အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ပွဲတိုင်းမှာ သွင်းဂိုး၁ဂိုးထက် ပိုမိုအောင်သွင်းယူနိုင်ခြင်းမရှိတော့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနေ့မှာတော့ ယူရိုပါလိဂ် ပွဲစဉ်၄အဖြစ်နဲ့ အိမ်ကွင်းမှာ ပါတီဇန်ဘဲလ်ဂရိတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ၃ဂိုး ဂိုးမရှိနဲ့ကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

Photo Credit : Getty Images

နောက်တစ်ဆင့်ကို တတ်လှမ်းဖို့ အလြေအနေကောင်းနေပေမယ့်လည်း ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ပြိုင်ဘက်အသင်းကို အသာစီးရယူနိုင်ဖို့အတွက် အရင်ကလို လူငယ်ကစားသမားလေးတွေကို သိပ်မသုံးတော့ပဲ ရပ်ဖိုဒ့် မာစီယဲလ် မာတာ ဂရင်းဝုဒ် တွမ်မီနေး ဖရက်ဒ် မက်ဂွိုင်းယား ရိုဟို ယန်း ဝမ်ဘစ်ဆာခါ ရိုမဲလ်ရိုးတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်a။ ပထမပိုင်းအစမှာပဲ နှစ်ဖက်အသင်းလုံးက သွင်းဂိုး၁ဂိုးစီ သွင်းယူဖြစ်ခဲ့ပေမယ့် ၂ဂိုးလုံး လူကျွံနေကြသလို အိမ်ရှင်ယူနိုက်တက်ဘက်က ရပ်ဖိုဒ့်အခွင့်အရေးတွေ ဆက်တိုက်ပိုင်ဆိုင်ခဲ့ပေမယ့် ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန်၂၂မိနစ်မှာတော့ အခွင့်အရေးတွေကို ဖြုန်းတီးနေတဲ့ ရပ်ဖိုဒ့်ရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ညာခြမ်းမှာ ပါဝင်လာခဲ့တဲ့ ဂရင်းဝုဒ်က အဖွင့်ဂိုးကို စတင်သွင်းယူခဲ့ပါတယ်။ ၁၀မိနစ်ဝန်းကျင်လောက် အကြာမှာတော့ ပြီးခဲ့တဲ့ အဝေးကွင်းပွဲမှာ ပါတီဇန်ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူ မာစီယဲလ်က သူရဲ့အကောင်းဆုံးပုံစံ ပါတီဇန်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဒုတိယရယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ပထမပိုင်းမှာ ဂိုးကန်သွင်းချက်တွေရသလောက် အခွင့်အရေးတွေ လက်ဝယ်မပိုင်ဆိုင်ခဲ့ရတဲ့ မားကပ်ရပ်ဖိုဒ့်က အက်ရှ်လေယန်းရဲ့ပေးပို့မှုကနေတစ်ဆင့် ယူနိုက်တက်အတွက် တတိယမြောက်အနိုင်ဂိုးကို အားပါပါနဲ့ သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အိမ်ရှင်အသင်းဘက်ကနေသာ ဖိဖိစီးစီးကစားနိုင်ခဲ့ပြီး ပါတီဇန်ဘက်ကနေ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်တော့သလို ယူနိုက်တက်ကလည်း သူတို့ရဲ့ပြတ်သားနေပြီဖြစ်တဲ့ ရလဒ်ကို ထိန်းသိမ်းသွားခဲ့ရာ ပွဲအပြီးမှာ ၃ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပြီး ရမှတ်၁၀မှတ် သွင်းဂိုး၅ဂိုး ပေးဂိုးမရှိသေးတဲ့ အနေအထားနဲ့ အုပ်စုLရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။