ဒီနေ့ ကြာသပတေးနေ့ညမှာတော့ နောက်ထပ် ဥရောပဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ပွဲများကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး  ည၂နာရီမိနစ်၃၀အချိန် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကလပ်ဘရုဂျ်အသင်းတို့ ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းက ၅ဂိုး ဂို်းမရှိနဲ့ ဂိုးပြတ်အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၆ဂိုး ၁ဂိုးနဲ့ ၁၆သင်းအဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Getty Images

ပြီးခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ဘယ်ဂျီယံမြေမှာ ကလပ်ဘရုဂျ်ကို သရေပဲရအောင် ကစားနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းက အိုးထရက်ဖိုဒ့်မှာ နိုင်ပွဲပြီး နောက်တစ်ဆင့်တတ်လှမ်းနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ကာ အီဂါလိုကိုလည်း ပွဲထွက်စာရင်းမှာ ပထမဆုံး အသုံးပြုခဲ့သလို ဖာနန်ဒက်စ် မာတာ ဒင်နီရယ်ဂျိမ်းစ် ဖရက်ဒ် တွမ်မီနေး ဝမ်ဘစ်ဆာခါ မက်ဂွိုင်းယား ဘုုိင်လီ လုခ်ရှောနဲ့ ရိုမဲလ်ရိုးတို့ကိုလည်း လူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။ ဒင်းနစ်မပါဝင်နိုင်ခဲဲ့့ ကလပ်ဘရုဂျ်အသင်းကလည်း သူတို့အသင်းရဲ့ အကောင်းဆုံးလူစာရင်းနဲ့ အိမ်ရှင်ယူနိုက်တက်ကို ရင်ဆိုင်လာခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပွဲစချင်းပဲ တောက်လျှောက်တိုက်စစ်ဆင်ခဲ့လို့ မိနစ်၂၀အတွင်းမှာ ဂိုးများစွာရနိုင်လောက်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပေမယ့် တကယ်တမ်းသွင်းဂိုးကတော့ ၂၃မိနစ်မှာ ပိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဖာနန်ဒက်စ်က သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပင်နယ်တီကန်ခွင့်လည်း ရရှိခဲ့သလို အဲ့ဒီပင်နယ်တီ ဖြစ်စေခဲ့တဲ့ ကလပ်ဘရုဂျ် နောက်ခံလူဒယ်လီမှာလည်း ရည်ရွှယ်ချက်ရှိရှိ ဘောလုံးကို လက်နဲ့ထိခဲ့လို့ အနီကတ်ပြခံခဲ့ရပြီး ကစားသမားတစ်ယောက် လျော့သွားခဲ့ရပါတယ်။ ဒီလို ၁၁ယောက် ၁၀ယောက်ဖြစ်သွားချိန်မှာ ယူနိုက်တက်က လုံးဝကြီးကို အသာစီးရသွားခဲ့ပြီး ၃၄မိနစ်မှာပဲ တိုက်စစ်မှူးအီဂါလိုကပါ ယူနိုက်တက်ရဲ့ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၄၁မိနစ်မှာလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလို့ အသင်းနဲ့ ပွဲထွက်ကစားခဲ့တဲ့ တွမ်မီနေးကပါ တတိယမြောက်သွင်းဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ယူနိုက်တက်က ဒင်နီရယ်ဂျိမ်းစ်အစား လူငယ်ကစားသမားလေး တာဟစ်ချောင်ကို ထည့်သွင်းခဲ့သလို ၆၅မိနစ်မှာလည်း ဖာနန်ဒက်စ်အစား လင်ဂတ် ရ၂မိနစ်မှာ တွမ်မီနေးအစား ဂရင်းဝုဒ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ယူနိုက်တက်ကပဲ အသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးပြတ်နိုင်နေပြီဖြစ်လို့ ပထမပိုင်းကလောက် သိပ်အားထုတ်ကစားတော့ခြင်းမရှိသလို ကလပ်ဘရုဂျ်အသင်းကလည်း တစ်ယောက်လျော့နဲ့ ဘာမှကို မလုပ်ပြနိုင်ခဲ့ပါဘူး။ ၈၂မိနစ်မှာတော့ လင်ဂတ်ရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ဖရက်ဒ်က ယူနိုက်တက်အတွက် သွင်းဂိုးကို ရယူနိုင်ခဲ့လို နာကျင်အချိန်ပိုမှာလည်း တာဟစ်ချောင်ရဲ့ ပေးပို့မှုကနေ ဖရက်ဒ်ကပဲ ပွဲသိမ်းဂိုးကို ဆက်လက်ရယူပေးခဲ့ပါတယ်။