MySport Myanmar

မာတီနက်ဇ်ကို မာရှယ် + ပြောင်းရွှေ့ကြေး နဲ့ ကမ်းလှမ်းသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာ အလိုအပ်ဆုံး နေရာဖြစ်သော တိုက်စစ်နေရာကို အင်အားဖြည့်တင်းဖို့အတွက် အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ခေါ်ယူသွားချင်နေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀)အပြင် အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီမာရှယ်ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီ မီဒီယာ Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mundo Albiceleste

ယူနိုက်တက်ရဲ့ ဒီရာသီအတွင်း တိုက်စစ်ပိုင်း စွမ်းဆောင်ရည်တွေဟာ တသမတ်တည်းမှာ ရှိမနေပဲ ဂိုးမြူးလှတဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ် ကိုယ်တိုင် ဒီနောက်ပိုင်းပွဲတွေမှာ ပုံမှန် ခြေစွမ်း မပြသနိုင်တော့ပဲ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အထောင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာရှယ် ဗက်ဟို့စ်တို့ကလည်း အားကိုးအားထားစရာ အနေအထားမှာ ရှိမနေတာကြောင့် လာမယ့်နွေမှာ တိုက်စစ် အားကောင်းတဲ့ ကစားသမားကို မဖြစ်မနေ ခေါ်ယူအားဖြည့် ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

လက်ရှိ ယူနိုက်တက်အသင်း စောင့်ကြည့်နေတဲ့ အထောင် တိုက်စစ်ကစားသမားတွေ များစွာ ရှိနေပြီး ဒီထဲကမှ အင်တာမီလန်ရဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတစ်ခုကို စီစဉ်လာခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀)နဲ့ မာရှယ်ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ဖြစ်ပြီး ပြောင်းရွှေ့ကြေးရော ကစားသမားပါ ပြန်ရမယ့် ကမ်းလှမ်းမှုဖြစ်လို့ အင်တာအနေနဲ့ အသေအချာ စဉ်းစားနိုင်ဖွယ် ရှိနိုင်ပါတယ်။

Photo Credit : ESPN

တစ်ခုရှိတာကတော့ ယူနိုက်တက်အသင်းရဲ့ တောင်အမေရိက ကစားသမားတွေနဲ့ အကျိုးပေးလေ့ သိပ်မရှိတာပါပဲ။ ဒါပေမယ့်လည်း ကားလို့စ်တဲဗက်ဇ်လို အာဂျင်တီးနား ကစားသမားကြီးလိုမျိုး ယူနိုက်တက်ရဲ့ တိုက်စစ်မှာ ခြေစွမ်းပြသနိုင်ဖို့လည်း မျှော်လင့်ရနိုင်ပါတယ်။ ဒါ့အပြင် အင်တာမီလန်ကလည်း ဘဏ္ဍာရေး ပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလပ်အသင်း ဖြစ်နေလို့ ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရနိုင်မယ့် သူတို့ရဲ့ အဓိက ကစားသမားတချို့ကို ရောင်းထုတ်ရဖွယ် ရှိနေတာကြောင့် မာတီနက်ဇ်ကိုပါ ရောင်းချသွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version