မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီယင်နုအသင်းရဲ့ နယ်သာလန် ဘယ်နောက်ခံကစားသမားလေး တေလာမာလာစီယာကို လိုင်ယွန်အသင်းဆီ မပြောင်းရွှေ့ခင်မှာပဲ ကြားဖြတ် ခေါ်ယူသွားနိုင်ဖို့အတွက် သဘောတူညီချက် ရရှိနိုင်အောင် ကြိုးပမ်းနေတယ်လို့ အပြောင်းအရွှေ့ဆိုင်ရာ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြလာခဲ့ပါတယ်။

Manchester United: Erik ten Hag is targeting £20million Feyenoord defender Tyrell  Malacia | Daily Mail Online

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွယ်ရှိ နယ်သာလန် လက်ရွေးစင် နောက်ခံအစွန်လူ မာလာစီယာဟာ ဖီယင်နု လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားလေးတစ်ဦးဖြစ်ပြီး မနှစ်က ဘောလုံးရာသီအတွင်းမှာ ဖီယင်နုအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၅၀)အထိ ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်ကနေ ဖီယင်နု စီနီယာအသင်းအတွက် စတင်ကစားပေးခဲ့တဲ့ မာလာစီယာဟာ အခုဆိုရင် ဘောလုံးရာသီ(၅)ရာသီအတွင်း အသင်းအတွက် ပွဲပေါင်း(၁၃၆)ပွဲအထိကို ကစားပေးထားနိုင်ခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင်အသင်းအတွက်ပါ ကစားခွင့် ရထားသူ မာလာစီယာကို လိုင်ယွန်အသင်းကနေ ခေါ်ယူဖို့ နှုတ်အားနဲ့ သဘောတူညှီု ရယူထားနိုင်ခဲ့ပေမယ့်လည်း ဒီအပြောင်းအရွှေ့့ အထမမြောက်ခင်မှာ ယူနိုက်တက်ဘက်က မာလာစီယာကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

Euro Paper Talk: £13m Tyrell Malacia deal opens up for Man Utd, as Ten Hag  also eyes Nicolas Tagliafico

Photo Credit : TEAMtalk

ဒတ်ချ်သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ မာလာစီယာနဲ့ လိုင်ယွန်အသင်းတို့ အပြောင်းအရွှေ့ မဖြစ်လာခင်အတွင်းမှာပဲ ဒီအပြောင်းအရွှေ့ထဲကို ပါဝင်လာခဲ့ပြီး မာလာစီယာကို ကြားဖြတ် ခေါ်ယူနိုင်ဖို့အတွက်ပါ ဖီယင်နုအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ နောက်တစ်ခု ထူးခြားတာကတော့ မာလာစီယာဟာ ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ နယ်သာလန် အသင်းဖော် ဖရန်ကီဒီယွန်းနဲ့ အေးဂျင့်ချင်း အတူတူ ဖြစ်နေတာပါ။ လက်ရှိမှာ ယူနိုက်တက်အသင်းဟာ ဒီယွန်းကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိနေရာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အခြေအနေများနေရတာကြောင့် ဒီယွန်းနဲ့ အေးဂျင့်အတူတူဖြစ်တဲ့ မာလာစီယာကိုပါ အသင်းဆီ အရခေါ်ယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ နွေဈေးကွက်အတွင်း ကစားသမားသစ်တွေ တစ်ဦးတစ်လေမှ ခေါ်ယူထားနိုင်ခြင်း မရှိသေးပဲ နည်းပြတန်ဟက်ဂ်နဲ့ ယူနိုက်တက်အသင်းသားတွေကတော့ ပထမဆုံးအကြိမ် ရာသီကြို လေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။