မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ကာ မလွယ်ကူတော့တာကြောင့် နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်တဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ရှ်ဘက်ကို ပြန်လည်မြှားဦးလှည့်လာခဲ့သလို ကစားသမားနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာလည်း ချိတ်ဆက်မှုတွေက ဆက်လက်ရှိနေသေးတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(အသက်၂၄)နှစ်အရွယ်ရှိ အဂ်လန်ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ ဒီနှစ်ဘောလုံးရာသီမှ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ပါဝင်ခဲ့ရတာဖြစ်ပြီး အသင်းကို ချန်ပီယံရှစ်ဆီ ပြန်လည်တန်းမဆင်းသွားရအောင်လည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ နွေစျေးကွက်မတိုင်ခင်ကတည်းက ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွေ့သတင်းတွေ ကျယ််ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သူဖြစ်ပေမယ့် နွေစျေးကွက်စချိန်မှာတော့ ယူနိုက်တက်က ဆန်ချိုကိုပဲ ဦးစားပေးကမ်းလှမ်းနေခဲ့တာကြောင့် ဂရီးလစ်ရှ်နဲ့ သတင်းတွေက ပြန်လည်အေးစက်သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ဂရီးလစ်ရှ်နဲ့ အဆက်အသွယ်တွေ ဆက်လက်ရှိနေသေးပြီး ကမ်းလှမ်းမှုတွေကိုလည်း လုပ်ဆောင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : Football365

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဗီလာအသင်းအတွက် အတော်လေး ခြေစွမ်းပြထားနိုင်ခဲ့လို့ ပရီးမီးယားလိဂ်မှာလည်း အခွင့်အရေးဖန်တီးမှုအများဆုံး ကွင်းလယ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်အဖြစ် သတ်မှတ်ခံထားရပေမယ့်လည်း လာမယ့်စက်တင်ဘာလမှာ ယှဉ်ပြိုင်ကစားသွားရမယ့် အင်္ဂလန်အသင်းရဲ့ UEFA Nations League လူစာရင်းထဲမှာတော့ ရွေးချယ်ခံရခြင်းမရှိတဲ့အပေါ် စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဝင်ရောက်ကစားချင်နေတာကြောင့် ယူနိုက်တက်အသင်းဘက်ကနေသာ တကယ်တမ်း ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ဂရီးလစ်ရှ်ဘက်က လက်ခံဖွယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ဗီလာအသင်းဘက်ကတော့ သူတို့အသင်းရဲ့အသင်းခေါင်းဆောင် Icon ကစားသမားဖြစ်သူ ဂရီးလစ်ရှ်ကို အသင်းကနေ ရောင်းချသွားမှာမဟုတ်ပဲ ရောင်းချခဲ့မယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၇၅)သန်းအထိ တောင်းဆိုလာနိုင်တာကြောင့် ယူနိုက်တက်ဘက်ကနေ စဉ်းစားဖွယ်ရှိနေပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂိုးသမားရိုမဲရိုးကို အလိုက်ပေးပြီး ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။