MySport Myanmar

ရီးယဲလ် တိုက်စစ်မှူးဟောင်းကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတဲ့ မန်ယူနိုက်တက်

နွေဈေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်ကစားသမားတစ်ဦးခန့်လောက် ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်ပြီး လက်ရှိ အက်စပန်ညိုအသင်းမှာ ပါဝင်ကစားနေသူ ရာအူးဒီသောမတ်စ်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတယ်လို့ စပိန်သတင်းမီဒီယာ El Partidazo de COPE ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit: Managing Madrid

ယူနိုက်တက်အသင်းဟာ အသင်းမှာ အထောင်တိုက်စစ် ကစားသမားတွေအဖြစ် ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ အန်တိုနီမာစီယဲလ်တို့သာ ရှိနေပြီး မားကပ်စ်ရပ်ရှ်ဖို့ဒ် အီလန်ဂါတို့ပါ ဒီနေရာကို ဝင်ကစားနိုင်တယ် ဆိုပေမယ့်လည်း no(9)role စစ်စစ် ကစားသမားတစ်ဦးကို အသင်းဘက်က ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒီနေရာအတွက်ကိုလည်း လတ်တလောမှာ ကစားသမားများစွာနဲ့ သတင်းထွက်နေရပြီး အခုနောက်ဆုံး သတင်းထပ်ထွက်လာသူကတော့ ရီးယဲလ်အကယ်ဒမီထွက် ကစားသမားဟောင်း ရာအူးဒီသောမတ်စ်ပဲ ဖြစ်ပါတယ်။

Photo Credit : Youtube

ရီးယဲလ်စီနီယာအသင်းအတွက် ပြည်တွင်းရှုံးထွက်ပွဲ တစ်ပွဲလေးသာ ပါဝင်ခဲ့ရတဲ့ ဒီသောမတ်စ်ဟာ လက်ရှိမှာတော့ လာလီဂါကလပ် အက်စပန်ညိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေရပြီး စပိန်လက်ရွေးစင်အသင်းရဲ့ ကစားသမားလည်း ဖြစ်နေပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒီသောမတ်စ်ဟာ ကော်ဒိုဘာ ဗယ်လက်ကာနို ဗယ်လာဒိုးလစ်အသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးသလို ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာမှာလည်း ရာသီဝက် ကစားခဲ့ပြီးနောက် အက်စပန်ညိုအသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အက်စပန်ညိုမှာ (၂)ရာသီခွဲအထိ ဖြတ်သန်းထားနိုင်ခဲ့တဲ့ ဒီသောမတ်စ်ဟာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၈၉)ပွဲအတွင်း (၄၅)ထိ သွင်းယူနိုင်ခဲ့ပြီး မနှစ်က လာလီဂါမှာဆိုရင်လည်း ဘန်ဇီမာ အက်စ်ပတ်စ်တို့ရဲ့နောက် တတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် (၁၇)ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီကစားသမားက တိုက်စစ်ကစားသမား အပူတပြင်း လိုအပ်နေတဲ့ မန်ယူနိုက်တက်အသင်းရဲ့ အလိုရှိနေသော ကစားသမားစာရင်းထဲမှာ သူရဲ့ စပိန်အသင်းဖော် အဲလ်ဗာရိုမိုရာတာနဲ့အတူ ပါဝင်လျက် ရှိနေပြီး တကယ်လို့ ယူနိုက်တက်ကသာ ဒီသောမတ်စ်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ယူရို(၂၅)သန်း သန်း(၃၀)ဝန်းကျင်လောက်ပဲ ကျသင့်လိမ့်မယ်လို့ သိရပါတယ်။

Exit mobile version