MySport Myanmar

နောက်ရာသီမှာ ယူနိုက်တက်က အသင်းတိုင်းအတွက် ပြသာနာကြီးတစ်ခု ဖြစ်စေမယ်လို့ ခါဘစ်သုံးသပ်

UFC ရဲ့ နာမည်ကျော် ဖိုက်တာဟောင်းတစ်ဦးဖြစ်သလို မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း အရူးအမူး အားပေးသူဖြစ်တဲ့ ခါဘစ်က သူနှစ်သက်အားပေးရတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ကလပ်အသင်းတိုင်းအတွက ကြီးမားတဲ့ ပြသာနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester United

အသက်(၃၃)နှစ်အရွှယ်ရှိ ရုရှားနိုင်ငံသား ခါဘစ်ဟာ UFC နယ်ပယ်မှာ အလွန်ကျော်ကြားခဲ့သူဖြစ်ပြီး ၂၀၂၁ခုနှစ် မတ်လကပဲ သူရဲ့ UFC ကစားသမားဘဝကို အဆုံးသတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဂရိတ်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်တဲ့ ခါဘစ်ဟာ ရော်နယ်လ်ဒိုရဲ့ လက်ရှိကလပ် ယူနိုက်တက်အသင်းကို အားပေးသူလည်းဖြစ်ပြီးတော့ သူအားပေးနေတဲ့ အသင်းက လာမယ့်ဘောလုံးရာသီမှာဆိုရင် တခြားသော အသင်းအတွက် တကယ့်ကို ကြီးမားလှတဲ့ ပြသာနာကြီး ဖြစ်လာနိုင်တယ်လို့ Sky Sports ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : ESPN

ခါဘစ်က “သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ငယ်ရွှယ်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ နောက်နှစ်မှာတော့ သူတို့တွေ အရမး်ကောင်းတဲ့ ပုံစံနဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်အောင် လုပ်ဆောင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု သူတို့မှာက ကစားသမားသစ်တွေ အများကြီး ရှိနေတယ်ဆိုပေမယ့် သူတို့တွေ ကောင်းကောင်း မချိတ်ဆက်နိုင်ကြသေးဘူး။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ မန်ချက်စတာယူနိုက်တက်က ကလပ်အသင်းအားလုံးအတွက် ကြီးမားတဲ့ ပြသာနာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အဆင့်(၄)နေရာနဲ့ ရာသီသိမ်းသွားနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေသလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲဘက်မှာလည်း (၁၆)သင်း ရှုံးထွက်အဆင့်ကနေ တတ်နိုင်သလောက် ဆက်လက်တတ်လှမ်းနိုင်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အက်အေဖလား လိဂ်ဖလားပြိုင်ပွဲတွေကနေ ထွက်ခွာထားရတဲ့ ယူနိုက်တက်အသင်းအတွက် ဒီရာသီဟာလည်း ဖလားလက်မဲ့ ထပ်ဖြစ်ဖို့ နီးစပ်နေပေမယ့်လည်း အသင်းရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ Top 4 ဝင်ခွင့်အတွက် အကြိတ်အနယ် ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Exit mobile version