MySport Myanmar

PSV ကြယ်ပွင့် တောင်ပံကစားသမား ဂတ်ခ်ပိုကို ခေါ်ယူသွားဖို့ ဆွေးနွေးနေတဲ့ မန်ယူ

လတ်တလောမှာ တိုက်စစ်ကစားသမား အများအပြားနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ နယ်သာလန်ကလပ် OSV အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ winger ကော်ဒီဂတ်ခ်ပိုကို ခေါ်ယူဖို့အတွက် အသင်းအတွင်းမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

မန်ယူနိုက်တက်အသင်းဟာ နွေဈေးကွက်တစ်လျှောက်လုံး နည်းပြအဲရစ်တန်ဟက်ဂ်ရဲ့ အသင်းဟောင်းဖြစ်တဲ့ အိုင်းယတ်စ်နဲ့ ပတ်သက်ပြီး ကစားသမားဟောင်း ဖရန်ကီဒီယောင်းအပြင် လက်ရှိ အိုင်းယတ်စ်ကစားသမား အန်တိုနီတို့ကို တောက်လျှောက် ပစ်မှတ်ထားလာခဲ့ပေမယ့် ခေါ်ယူနိုင်ဖို့က မလွယ်ကူတော့တာကြောင့် တခြား options တွေကိုသာ ရှာဖွေနေရာ လက်ရှိမှာ ကွင်းလယ်ပိုင်းအတွက် အက်ဒရီယန်ရာဘီယူနဲ့ တောင်ပံတိုက်စစ်နေရာအတွက် ဂတ်ဒ်ပိုတို့ကို အာရုံစိုက်လာခဲ့ပါတယ်။

Photo Credit : Twitter

လက်ရှိမှာ မန်ယူနိုက်တက်ဟာ ပြင်သစ်ကွင်းလယ်လူ ရာဘီယူကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၇)သန်းနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပေမယ့်လည်း ဒါက ရာဘီယူရဲ့ လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းနဲ့သာ ရရှိထားတဲ့ သဘောတူညီမှုဖြစ်ပြီး ရာဘီယူရဲ့အေးဂျင့်နဲ့ပါ သဘောတူညီမှု ရရှိဖို့ လိုအပ်နေပါသေးတယ်။ ရာဘီယူရဲ့အပြောင်းအရွှေ့ အောင်မြင်ခါနီးပြီဆိုတာနဲ့ နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ် နယ်သာလန် ဘယ်တောင်ပံကစားသမား ဂတ်ခ်ပိုကို ထပ်မံ ကြိုးပမ်းသွားဖို့ စီစဉ်နေကြပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ PSV လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ စီနီယာကစားသမားဘဝကိုလည်း PSV မှာပဲ စတင်ခဲ့သလို PSV အသင်းအတွက် ပါဝင်ကစားလာခဲ့တာဟာလည်း ဘောလုံးရာသီ (၅)ရာသီအထိပင် ရှိနေပြီ ဖြစ်ပါတယ်။ လျင်မြန်ဖြတ်လပ်ပြီး အလိမ်အခေါက်စွမ်းရည် ထူးချွန်သူဖြစ်တဲ့ ဂတ်ခ်ပိုကို အာဆင်နယ်အသင်းကလည်း အလိုရှိခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ မန်ယူနိုက်တက် တစ်သင်းတည်းကသာ ဂတ်ခ်ပိုကို လိုချင်နေတာဖြစ်ပြီး PSV ဘက်ကတော့ သူတို့ ကြယ်ပွင့်ကစားသမားကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေပါတယ်။ ဒါပေမယ့် ကစားသမားဘက်ကတော့ သူရဲ့ ကစားသမားဘဝကို မြှင့်တင်နိုင်ဖို့အတွက် ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးကို ပြောင်းရွှေ့ချင်နေပြီး လက်ရှိ ယူနိုက်တက်ရဲ့ ဘယ်တောင်ပံမှာ ရပ်ရှ်ဖို့ဒ်က ခြေစွမ်းပြဖို့ထက် ပုံမှန်ခြေမျိုးရဖို့တောင် ရုန်းကန်နေရတာမို့ ဂတ်ခ်ပိုသာ ရောက်လာမယ်ဆိုရင် အသင်းမှာ ပုံမှန်ကစားခွင့်ပါ ရလာနိုင်ခြေ ရှိနေပါတယ်။

Exit mobile version