အခုနှစ် ဘောလုံးရာသီအတွင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းက top-four အပြင်ဘက်မှာသာ ရပ်တည်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ လွဲချော်ခဲ့ရမယ်ဆိုရင် စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းကို အရ ခေါ်ယူသွားနိုင်လိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက ယုံကြည်လျက် ရှိနေပါတယ်။

Harry Kane is the subject of interest from Manchester United with his deal expiring next year

Photo Credit : Daily Mail

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ကိန်းဟာ လက်ရှိမှာ အသက်(၂၉)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း သူရဲ့စပါးအသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့က အလှမ်းဝေးနေဆဲဖြစ်ပြီး မကြာသေးခင်ကမှ အက်အေဖလားပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့် တတ်လှမ်းနိုင်ဖို့က မရေမရာ ဖြစ်နေရပါတယ်။ ဒါ့အပြင် လက်ရှိ ပရီးမီးယားလိဂ်မှာလည်း top-four နေရာ ဆက်လက် ရပ်တည်နိုင်ဖို့က အဆင့်(၅)နေရာမှာ ရှိနေတဲ့ လီဗာပူးလ်အသင်းရဲ့ အနီးကပ် ဖိအားပေးမှုတွေကြောင့် စိုးရိမ်စရာ အခြေအနေ ဖြစ်လာခဲ့ရသလို တကယ်လို့သာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ရမယ်ဆိုရင် ကိန်း အပါအဝင် အသင်းရဲ့ အဓိက ကစားသမားတွေကို ဆက်လက် ထိန်းသိမ်းဖို့ ခက်ခဲသွားနိုင်ပါတယ်။

Man United 'confident of signing Harry Kane in the summer if Tottenham  finish outside the top four' | Daily Mail Online

Photo Credit : Daily Mail

ချန်ပီယံလိဂ်လို ဥရောပထိပ်တန်း ပြိုင်ပွဲကြီးတွေထဲ ဝင်ရောက် ဆင်နွဲဖို့ လွဲချော်သွားရမယ်ဆိုရင် စပါးအသင်းအနေနဲ့ ကိန်းအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးသွားရဖွယ် ရှိနေပြီး ကစားသမားသာ အသင်းပြောင်းဖို့ ဆန္ဒရှိလာမယ်ဆိုရင်လည်း သူရဲ့ ဆန္ဒကို လိုက်လျောပေးသွားရဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေ ဖြစ်လာမယ်ဆိုရင်တော့ တိုက်စစ် ကစားသမားတစ်ဦး မဖြစ်မနေ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက အကောင်းဆုံး အသုံးချသွားဖွယ် ရှိနေပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းကနေ လက်လွတ်ထားခဲ့ရပြီးနောက်ပိုင်း အထောင်တိုက်စစ် နေရာအတွက် ထိပ်တန်း ကစားသမားတစ်ဦး ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ယူနိုက်တက်ဟာ ကိန်းနဲ့ အိုဆင်မန်တို့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Harry Kane Can't Be Going Anywhere But Man United' - Rio Ferdinand Urges Red  Devils To Pay Whatever It Takes For The Tottenham Striker

Photo Credit : Sportzwiki

ကိန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ အကျွမ်းတဝင် ရှိပြီးသား ဖြစ်တာမို့ ယူနိုက်တက်က အိုဆင်မန်ထက် ကိန်းကို ပိုမို အလိုရှိနေတာဖြစ်ကာ တကယ်လို့ ကိန်းသာ ရောက်ရှိလာမယ်ဆိုရင် ကိန်း နဲ့ ရပ်ရှ်ဖို့ဒ် အင်္ဂလန် တိုက်စစ်အတွဲအဖက်နဲ့ ယူနိုက်တက် တိုက်စစ်အစုအဖွဲ့က စိတ်ဝင်စားစဖွယ် ဖြစ်လာနိုင်ပါတယ်။