မေန႔ညက အုိးထရက္ဖုိဒ့္ကြင္းမွာ က်င္းပခဲ႔တဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ မန္စီးတီးအသင္းတုိ႔ရဲ႕လိဂ္ဖလား ဆီမီးဖုိင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာေတာ့ ဧည့္သည္မန္စီးတီးအသင္းက ပထမပုိင္းအတြင္းက သြင္းယူခဲ႔တဲ႔ သြင္းဂိုးေတြအပါအဝင္ ၁ဂုိး၃ဂုိးနဲ႔ကုိ အႏုိင္ရရွိသြားခဲ႔ၿပီး ဒုတိယအေက်ာ့ မကစားခင္မွာပဲ ဖုိင္နယ္အဆင့္ဆီကုိ ထပ္မံတတ္လွမ္းႏုိင္ဖုိ႔ အေျခအေနေကာင္းသြားခဲ႔ရပါတယ္။ ဒီပြဲနဲ႔ပတ္သက္ၿပီး ေျပာစရာေတြက မ်ားစြာရွိေနတဲ႔အထဲကမွ ကြ်န္ေတာ္တုိ႔ရဲ႕MYSPORT MYANMAR ပရိသတ္ေတြ သိရွိထားသင့္တဲ႔ ပြဲဲၿပီးသုံးသပ္ခ်က္ေတြကုိ ေဖာ္ျပေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Sportskeeda

ပထမဆုံးေျပာျပခ်င္တာကေတာ့ ဂြာဒီယုိလာရဲ႕နည္းစနစ္အေၾကာင္းပါ။ ဂြာဒီယုိလာဟာ အခုမန္ခ်က္စတာဒါဘီမွာ အေထာင္တုိက္စစ္မွဴး လုံးဝသုံးစြဲလာျခင္းမရွိပဲ ဘာနာဒုိေဆးဗားကုိပဲ False 9 ေနရာအျဖစ္ အသုံးျပဳလာခဲ႔ကာ စတာလင္းနဲ႔မာရက္ဇ္တုိ႔ကုိ ေတာင္ပံတုိက္စစ္ေတြမွာ တြဲဖက္အသုံးျပဳလာခဲ႔ပါတယ္။ False 9 role မွာ ေျခစြမ္းအထူးျပႏုိင္ခဲ႔တဲ႔ ဘာနာဒုိေဆးဗားက အသင္းအတြက္ အဖြင့္ဂုိးကုိ ဧရိယာျပင္ပကေန သြင္းယူႏုိင္ခဲ႔သလုိ ဒုတိယဂုိးကုိလည္း သူရဲ႕အကြက္ျမင္လွတဲ႔ ဂုိးဖန္တီးမႈကေနတစ္ဆင့္ မာရက္ဇ္က သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒါဟာ နည္းစနစ္ကြ်မ္းက်င္လြန္းတဲ႔ မန္စီးတီးနည္းျပ ဂြာဒီယုိလာရဲ႕နည္းဗ်ဴဟာေတြေၾကာင့္ျဖစ္ၿပီး ပထမပုိင္းမွာကတည္းက ပြဲအေျဖေပၚေအာင္ ကစားႏုိင္ခဲ႔ပါတယ္။

Photo Credit : Sportskeeda

ဒီအေၾကာင္းနဲ႔ ဆက္စပ္ၿပီး ေျပာခ်င္တာကေတာ့ မန္စီးတီးရဲ႕ပထမပုိင္းကစားပုံပါပဲ။ ေဘာလုံးပုိင္ဆုိင္မႈ ဂုိးေပါက္ၿခိမ္းေျခာက္မႈ အစရွိသမွ်အပုိင္းေတြအားလုံးမွာ အိမ္ရွင္ယူႏုိက္တက္ထက္ အသာရယူႏုိင္ခဲ႔တဲ႔ မန္စီးတီးအသင္းဟာ ပထမပုိင္းမွာ ဂုိးေပါက္တည့္ကန္ခ်က္ ၃ႀကိမ္အထိ ရွိခဲ႔ရၿပီး အဲ႔ဒီ၃ႀကိမ္လုံးကေနတစ္ဆင့္ သြင္းဂုိး၃ဂုိးလုံးကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ရၿပီး အိမ္ရွင္အသင္းကုိ ပထမပုိင္းမွာပဲ လုံးဝၿဖိဳခြင္းႏုိင္ခဲ႔ပါတယ္။ ဒီရလဒ္ေၾကာင့္ မန္စီးတီးက ဒုတိယပုိင္းကုိ သာသာယာယာ ကစားႏုိင္ခဲ႔ၿပီး ေခ်ပဂုိးတစ္ဂုိးပဲ ျပန္လည္ခြင့္ျပဳရကာ ၁ဂုိး၃ဂုိးနဲ႔ အႏုိင္ရရွိသြားခဲ႔တာျဖစ္ပါတယ္။

Photo Credit : Sportskeeda

ေနာက္ဆုံးတင္ဆက္ေပးခ်င္တာကေတာ့ အိမ္ရွင္ယူႏုိက္တက္အသင္းရဲ႕အေၾကာင္းပါ။ ယူႏုိက္တက္က ဒီပြဲမွာ မက္ဂြိဳင္းယား ေပါ့ဘာ မာစီယဲလ္နဲ႔ တြမ္မီေနးတုိ႔လုိ အသင္းရဲ႕အဓိက ကစားသမားေတြကုိ လူစာရင္းမွာ ထည့္သြင္းအသုံးျပဳႏုိင္ျခင္းမရွိပဲ ခံစစ္မွာ လင္ဒီေလာ့နဲ႔ ဖီးလ္ဂ်ံဳးတုိ႔ကုိ တြဲဖက္အသုံးျပဳခဲ႔ရသလုိ ေပါ့ဘာ တြမ္မီေနးတုိ႔မပါဝင္တဲ႔ ကြင္းလယ္ပိုင္းက အားနည္းလြန္းေနခဲ႔ပါတယ္။ ဒါေၾကာင့္လည္း ယူႏုိက္တက္တုိက္စစ္က ဘာမွမလုပ္ေဆာင္ႏုိင္ခဲ႔သလုိ ကြင္းလယ္နဲ႔ခံစစ္ပုိင္းရဲ႕အမွားေတြေၾကာင့္ ပထမပုိင္းမွာ သြင္းဂုိးေတြ အလြယ္တကူ ခြင့္ျပဳခဲ႔ရတာျဖစ္ကာ ဒုတိယအေက်ာ့မွာ ျပန္လာႏုိင္ဖုိ႔ဆုိတာ မလြယ္ကူႏုိင္ေတာ့ပါဘူး။

(Unicode)

ယူနိုက်တက်၁-၃မန်စီးတီး လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲရဲ့ပွဲပြီးသုံးသပ်ချက်

မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ ဧည့်သည်မန်စီးတီးအသင်းက ပထမပိုင်းအတွင်းက သွင်းယူခဲ့တဲ့ သွင်းဂိုးတွေအပါအဝင် ၁ဂိုး၃ဂိုးနဲ့ကို အနိုင်ရရှိသွားခဲ့ပြီး ဒုတိယအကျော့ မကစားခင်မှာပဲ ဖိုင်နယ်အဆင့်ဆီကို ထပ်မံတတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ရပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ပြောစရာတွေက များစွာရှိနေတဲ့အထဲကမှ ကျွန်တော်တို့ရဲ့MYSPORT MYANMAR ပရိသတ်တွေ သိရှိထားသင့်တဲ့ ပွဲဲပြီးသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Sportskeeda

ပထမဆုံးပြောပြချင်တာကတော့ ဂွာဒီယိုလာရဲ့နည်းစနစ်အကြောင်းပါ။ ဂွာဒီယိုလာဟာ အခုမန်ချက်စတာဒါဘီမှာ အထောင်တိုက်စစ်မှူး လုံးဝသုံးစွဲလာခြင်းမရှိပဲ ဘာနာဒိုဆေးဗားကိုပဲ False 9 နေရာအဖြစ် အသုံးပြုလာခဲ့ကာ စတာလင်းနဲ့မာရက်ဇ်တို့ကို တောင်ပံတိုက်စစ်တွေမှာ တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ False 9 role မှာ ခြေစွမ်းအထူးပြနိုင်ခဲ့တဲ့ ဘာနာဒိုဆေးဗားက အသင်းအတွက် အဖွင့်ဂိုးကို ဧရိယာပြင်ပကနေ သွင်းယူနိုင်ခဲ့သလို ဒုတိယဂိုးကိုလည်း သူရဲ့အကွက်မြင်လှတဲ့ ဂိုးဖန်တီးမှုကနေတစ်ဆင့် မာရက်ဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ နည်းစနစ်ကျွမ်းကျင်လွန်းတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့နည်းဗျူဟာတွေကြောင့်ဖြစ်ပြီး ပထမပိုင်းမှာကတည်းက ပွဲအဖြေပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit : Sportskeeda

ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ပြောချင်တာကတော့ မန်စီးတီးရဲ့ပထမပိုင်းကစားပုံပါပဲ။ ဘောလုံးပိုင်ဆိုင်မှု ဂိုးပေါက်ခြိမ်းခြောက်မှု အစရှိသမျှအပိုင်းတွေအားလုံးမှာ အိမ်ရှင်ယူနိုက်တက်ထက် အသာရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ပထမပိုင်းမှာ ဂိုးပေါက်တည့်ကန်ချက် ၃ကြိမ်အထိ ရှိခဲ့ရပြီး အဲ့ဒီ၃ကြိမ်လုံးကနေတစ်ဆင့် သွင်းဂိုး၃ဂိုးလုံးကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး အိမ်ရှင်အသင်းကို ပထမပိုင်းမှာပဲ လုံးဝဖြိုခွင်းနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်စီးတီးက ဒုတိယပိုင်းကို သာသာယာယာ ကစားနိုင်ခဲ့ပြီး ချေပဂိုးတစ်ဂိုးပဲ ပြန်လည်ခွင့်ပြုရကာ ၁ဂိုး၃ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Sportskeeda

နောက်ဆုံးတင်ဆက်ပေးချင်တာကတော့ အိမ်ရှင်ယူနိုက်တက်အသင်းရဲ့အကြောင်းပါ။ ယူနိုက်တက်က ဒီပွဲမှာ မက်ဂွိုင်းယား ပေါ့ဘာ မာစီယဲလ်နဲ့ တွမ်မီနေးတို့လို အသင်းရဲ့အဓိက ကစားသမားတွေကို လူစာရင်းမှာ ထည့်သွင်းအသုံးပြုနိုင်ခြင်းမရှိပဲ ခံစစ်မှာ လင်ဒီလော့နဲ့ ဖီးလ်ဂျုံးတို့ကို တွဲဖက်အသုံးပြုခဲ့ရသလို ပေါ့ဘာ တွမ်မီနေးတို့မပါဝင်တဲ့ ကွင်းလယ်ပိုင်းက အားနည်းလွန်းနေခဲ့ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်တိုက်စစ်က ဘာမှမလုပ်ဆောင်နိုင်ခဲ့သလို ကွင်းလယ်နဲ့ခံစစ်ပိုင်းရဲ့အမှားတွေကြောင့် ပထမပိုင်းမှာ သွင်းဂိုးတွေ အလွယ်တကူ ခွင့်ပြုခဲ့ရတာဖြစ်ကာ ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ဆိုတာ မလွယ်ကူနိုင်တော့ပါဘူး။