MySport Myanmar

ဂဗာဒီယော်လ်အတွက် မန်စီးတီးရဲ့ ကနဦး ကြိုးပမ်းမှု ပယ်ချခံခဲ့ရ

မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမို မာကျော ကျစ်လစ်လာစေဖို့အတွက် လိုက်ပ်ဇစ်အသင်းရဲ့ ခရိုအေးရှား နောက်ခံလူ ဂဗာဒီယော်လ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေရာ ပထမဆုံးအကြိမ် ကြိုးပမ်းမှုကိုတော့ လိုက်ပ်ဇစ်ဘက်က ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Telegraph

မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာက ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာရော ပြီးခဲ့တဲ့ ဘောလုံးရာသီ လိုက်ပ်ဇစ်အသင်းမှာပါ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသက် (၂၁)နှစ်အရွယ် ဗဟို ခံစစ်ကစားသမား ဂဗာဒီယော်လ်ကို အသင်းဆီ အရ ခေါ်ဆောင်ချင်နေပြီး ဂဗာဒီယော်လ် ကိုယ်တိုင်ကပါ စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီ ထားခဲ့ပါသေးတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ အထမြောက်ဖို့က အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးပိုင်းကို အသေအချာလေး ညှိနှိုင်းရဖွယ် ရှိနေပြီး စီးတီးရဲ့ ပထမဆုံး ကြိုးပမ်းမှုကတော့ ပယ်ချခံလိုက်ရပါတယ်။

Photo Credit : The Real Champ

မန်စီးတီးက ဂဗာဒီယော်လ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း + အပိုဆုကြေးတို့နဲ့ ကမ်းလှမ်းမှု လုပ်ဆောင်သွားဖို့ ချဉ်းကပ်လာခဲ့ပေမယ့်လည်း လိုက်ပ်ဇစ်ဘက်ကတော့ ဒီချဉ်းကပ်မှုကို လက်မခံခဲ့ပဲ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း (၁၀၀)အထိ အလိုရှိနေပါတယ်။ ဂဗာဒီယော်လ်က အရည်အချင်း ပြည့်ဝပြီး အသက်လည်း (၂၁)နှစ်သာ ရှိနေသေးသလို စာချုပ်သက်တမ်းကလည်း ၂၀၂၇ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်လို့ အခုလို ယူရို သန်း (၁၀၀)အထိ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် transfermarket ကနေ ဖော်ပြထားတဲ့ ဂဗာဒီယော်လ်ရဲ့ တန်ကြေးမှာလည်း ယူရို (၇၅)သန်းအထိ ရှိနေတာဖြစ်လို့ စီးတီးအနေနဲ့ ဒီကစားသမားလေးအတွက် သေချာပေါက် ကနဦး ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးထက် ထပ်တိုး ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

မန်စီးတီးအသင်းဆီ ဂဗာဒီယော်လ် မရောက်လာခင် စီးတီးရဲ့ စပိန် နောက်ခံကစားသမား လာပေါ့တ်ကလည်း အသင်းကနေ ထွက်ခွာဖွယ် ရှိနိုင်ပြီး လာပေါ့တ်ရဲ့ အခြေအနေကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက စောင့်ကြည့်လျက် ရှိနေပါတယ်။

Exit mobile version