MySport Myanmar

FA Cup မှာ ဟက်ထရစ် သွင်းယူပြီး စံချိန်သစ်တစ်ခု ပိုင်ဆိုင်သွားခဲတဲ့ မာရက်ဇ်

မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား ရီးယတ်ဒ်မာရက်ဇ်ကတော့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း ဟက်ထရစ် သွင်းယူခဲ့ပြီးတဲ့နောက် စံချိန်သစ်တစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

အယ်လ်ဂျီးရီးယား လက်ရွေးစင် ညာတောင်ပံ ကစားသမား မာရက်ဇ်ဟာ မနေ့ညက FA Cup ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ဝင်ဘာလေကွင်းထဲ ကျင်းပတဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း ပထမဆုံးသော ဟက်ထရစ် သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။ ဒါ့အပြင် မာရက်ဇ်က တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပြီး မာရက်ဇ်ရဲ့ မန်စီးတီးအသင်းဟာလည်း (၅၇)နှစ်တာ ကာလအတွင်း FA Cup ပြိုင်ပွဲထဲ ပေးဂိုး တစ်ဂိုးမှ ခွင့်မပြုနိုင်တဲ့ ပထမဆုံး ကလပ်အသင်းအဖြစ်လည်း စံချိန်တင်သွားခဲ့ရပါသေးတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ မာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့အတူ ရှက်ဖီးယူနိုက်တက်ကို သာသာယာယာ ကျော်ဖြတ်သွားခဲ့ရပြီး ဒီနေ့ညမှာ ကစားသွားရမယ့် မန်ယူနိုက်တက် နဲ့ ဘရိုက်တန်တို့ ပွဲကနေ အနိုင်ရလာမယ့် အသင်းနဲ့ FA Cup ဖိုင်နယ်အဖြစ် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်နဲ့ FA Cup ပြိုင်ပွဲ (၃)ခုထဲ ဆုဖလား (၃)လုံး လမ်းကြောင်းမှာ ရပ်တည်နေရပြီး ပရီးမီးယားလိဂ် နဲ့ FA Cup ပြိုင်ပွဲတွေအတွင်း ဆုဖလား ပိုင်ဆိုင်နိုင်ဖို့က အခြေအနေ အကောင်းဆုံး ဖြစ်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာမို့ ခက်ခဲနိုင်ခြေ ရှိပါတယ်။

Exit mobile version