MySport Myanmar

နာမည်ကျော် ခရိုအေရှား ကစားသမား(၂)ဦးကို ခေါ်ယူသွားမယ့် မန်စီးတီး

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ Treble Champions ဖြစ်လာခဲ့ရတဲ့အထိ သမိုင်းဝင် အောင်မြင်မှုကြီးတွေ ပိုင်ဆိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ မကြာခင် ဖွင့်လှစ်တော့မယ့် နွေဈေးကွက်အတွင်းမှာလည်း အသင်းအတွက် ခရိုအေးရှား ထိပ်တန်း ကစားသမား(၂)ဦးကိုပါ ထပ်မံ အားဖြည့်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Football London

ဒီကစားသမားတွေကတော့ ချယ်လ်ဆီး ကွင်းလယ်လူ မက်တီအိုကိုဗာချစ် နဲ့ လိုက်ပ်ဇစ် နောက်ခံလူ ယို့စ်ကိုဂဗာဒီယော်လ်တို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအနေနဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်ကစားသမား ကိုဗာချစ်ကို ခေါ်ယူနိုင်ဖို့က ကစားသမားနဲ့ သဘောတူညီမှုလည်း ရရှိထားခဲ့ပြီ ဖြစ်သလို ကစားသမားကလည်း စီးတီးကို ပြောင်းရွှေ့ချင်နေတာကြောင့် အပြောင်းအရွှေ့ အထမြောက်ဖို့အတွက် စီးတီး နဲ့ ချယ်လ်ဆီးတို့ကြား ပြောင်းရွှေ့ကြေးသာ ဆက်လက် ညှိနှိုင်းရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Football Transfer

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ရင် ချယ်လ်ဆီးကလည်း ကိုဗာချစ်ကို ရောင်းချချင်တယ် ၊ ကိုဗာချစ်ကလည်း ချယ်လ်ဆီးကနေ စီးတီးဆီကို ပြောင်းချင်တယ် ဒီအခြေအနေတွေကြောင့် done deal ဖြစ်ဖို့ သေချာသလောက် အနေအထားလို့ ယူဆနိုင်ပါတယ်။ ကိုဗာချစ်ကို ခေါ်ယူနိုင်ခဲ့ရင်လည်း ကိုဗာချစ်ရဲ့ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဗဟို ခံစစ် ကစားသမား ဂဗာဒီယော်လ်ကိုပါ ဆက်လက် ကြ်ုးပမ်းလာဖို့ ရှိနေပါတယ်။ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ခံစစ်ပိုင်းအတွက် ဂဗာဒီယော်လ်ကို အသင်းရဲ့ main target အဖြစ် သတ်မှတ်ထားပြီး လွန်ခဲ့တဲ့ နှစ်ကတည်းကပဲ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo Credit : Fabrizio Romano

ဒါပေမယ့် ဈေးကွက်တိုင်းလိုလိုမှာ အသင်းရဲ့ key players ပေါင်းများစွာကို ဆုံးရှုံးနေရတဲ့ လိုက်ပ်ဇစ်က သူတို့ ကစားသမားအတွက် ခံစစ် ကစားသမားတွေအတွင်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးအထိ ကမ်းလှမ်းမှသာ လက်လွတ်ဖွယ် ရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ ဂွာဒီယိုလာလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြလက်အောက်မှာ ပါဝင် ကစားချင်နေပါတယ်။

Exit mobile version