မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမား ဂန်ဒိုဂန်က ပရီးမီးယားလိဂ် ဆုဖလား ပြိုင်ပွဲမှာ မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို ရှုံးနိမ့်သွားပြီ ဖြစ်တယ်လို့ ပြောကြားသွားလိုက်ပြီး နည်းပြ ကလော့ပ် နဲ့ နည်းပြ ဂွါဒီယိုလာကို ကမ္ဘာ့ အကောင်းဆုံး နည်းပြလို့လည်း ချီးကျူးခဲ့ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ (၂၀၁၇-၁၈) ရာသီ နဲ့ (၂၀၁၈-၁၉) ရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို (၂) နှစ်ဆက် ရရှိခဲ့တာကြောင့် လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို ထပ်မံ ရရှိရင်တော့ ပရီးမီးယားလိဂ် ဆုဖလား (၃) နှစ်ဆက် ရရှိမှာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာ အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၅) မှတ် ကွာဟနေတာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ မဖြစ်နိုင်တော့ဘဲ ပရီးမီးယားလိဂ် ဆုဖလား (၃) နှစ်ဆက် ရရှိနိုင်တဲ့ အခွင့်အရေးက ပျက်စီးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဂန်ဒိုဂန်ကတော့ ပရီးမီးယားလိဂ် ဆုဖလား ပြိုင်ပွဲမှာ မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို ရှုံးနိမ့်သွားပြီ ဖြစ်တယ်လို့ ပြောသွားခဲ့ပြီး လီဗာပူးလ် နည်းပြ နဲ့ မန်စီးတီး နည်းပြက ကမ္ဘာ့ အကောင်းဆုံး နည်းပြလို့ ပြောသွားပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဂန်ဒိုဂန်က “ကျွန်တော်တို့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ် အသင်းရဲ့ နောက်မှာ ကျန်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်ခဲ့တဲ့ နောက်ဆုံး (၂) နှစ်ကလို ခြေစွမ်းမပြနိုင်ခဲ့ကြဘူး။ ကျွန်တော်တို့ ဘောလုံး ပွဲစဉ်ကို ကောင်းကောင်း ကစားခဲ့လား၊ မကစားခဲ့ဘူးလား ဆိုတာက အရေးမကြီးဘဲ ကျွန်တော်တို့က ရမှတ်တွေကို ဆုံးရှုံးခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းက ရမှတ်တွေကို ဆုံးရှုံးခြင်း မရှိဘဲနဲ့ ဒီအဆင့်အထိကို ရောက်ရှိလာခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့က ရမှတ်တွေ အများကြီးကို ဆုံးရှုံးခဲ့ပါတယ်။ ဒီတော့ ခြားနားမှုက များပြားလာပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ် နဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ကမ္ဘာ့ အကောင်းဆုံး နည်းပြ နှစ်ဦးပါ”လို့ ပြောသွားပါတယ်။