မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ မန္စီးတီးအသင္းတုိ႔နဲ႔ ပတ္သက္တဲ႔ သတင္းေတြကုိ အၿမဲတမ္းတင္ဆက္ေပးေနၾကျဖစ္တဲ႔ Manchester Evening News (MEN) ကေန လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံအသင္းျဖစ္တဲ႔ မန္စီးတီးအသင္းရဲ႕ ဆယ္စုႏွစ္တစ္ခုအတြင္း အသင္းမွာ ပါဝင္ခဲ႔တဲ့ ကစားသမားေတြမ်ားစြာထဲကမွ အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းအျပႏုိင္ဆုံး အထက္ျမက္ဆုံးေသာ ကစားသမား(၁၁)ေယာက္ကုိ ေရြးခ်ယ္မႈျပဳလုပ္ေပးခဲ႔ရာ မန္စီးတီးပရိသတ္ေတြရဲ႕စိတ္ဆႏၵနဲ႔ တစ္ထပ္တည္းက်ႏုိင္မလားဆုိတာ ေလ့လာၾကည့္လုိက္ပါဦးခင္ဗ်ာ။

Photo Credit : Getty Images

မန္စီးတီးရဲ႕ဆယ္စုႏွစ္တစ္ခုအတြင္း အေကာင္းဆုံး ကစားသမား(၁၁)ဦး (၄-၃-၃ပုံစံ)

ဂုိး – အီဒါဆင္

ေနာက္တန္း – အလက္ဆန္းဒါးကုိလာေရာ့(လက္ရွိရုိးမား) ၊ လာေပၚေတး ၊ ဗင္းဆင့္ကြန္ပနီ(လက္ရွိအန္ဒါလက္ခ်္) ၊ ေပၚလုိဇာဘလက္တာ(လက္ရွိဝက္စ္ဟမ္း)

အလယ္- ေဒးဗစ္ေဆးဗား ၊ ယာယာတုိေရး(အနားယူ) ၊ ကယ္ဗင္ဒီဘရုိင္း

ေရွ႕တန္း – ရာဟန္စတာလင္း ၊ ဆာဂ်ီယုိအဂူရုိ ၊ ကားလုိ႔တဲဗက္ဇ္(လက္ရွိဘုိကာဂ်ဴနီယာ)

Photo Credit : Getty Images

 ဒီစာရင္းမွာ ပါဝင္လာသူေတြကေတာ့ မန္စီးတီးပရိ္သတ္ေတြ တကယ္ေၾကြခဲ႔ရတဲ႔ ကစားသမားေတြျဖစ္သလုိ လက္ရွိအသင္းမွာ ပါဝင္ေနေသးတဲ႔ ဖာနန္ဒင္ဟုိတုိ႔ ဘာနာဒုိေဆးဗားတုိ႔ မပါႏုိင္တာကေတာ့ ကစားသမား(၁၁)ေယာက္စာပဲ ေရြးခ်ယ္ရတာေၾကာင့္ ျဖစ္ႏုိင္ေပမယ့္ တခ်ိဳ႕မန္စီးတီးအသင္းပရိသတ္ေတြေတာ့ လက္မခံခ်င္စရာ ျဖစ္ေစႏုိင္ပါတယ္။ ဆယ္စုႏွစ္တစ္ခုအတြင္း အေကာင္းဆုံးကစားသမား(၁၁)ေယာက္မွာ ဂုိးသမား အလယ္တန္းနဲ႔ ေရွ႕တန္း ၃ေနရာလုံးမွာ  လက္ရွိကစားေနေသးတဲ႔ ကစားသမားေတြက ၁ေနရာမွာ ၂ေယာက္ေလာက္ ပါဝင္ေနတာကုိၾကည့္ရင္း လက္ရွိ မန္စီးတီးခံစစ္က လုိအပ္ခ်က္ေတြ ဘယ္ေလာက္မ်ားေနသလဲဆုိတာ ပုိၿပီးျမင္သာေနပါတယ္။ ေနာက္ထပ္ထူးျခားခ်က္ကေတာ့ မန္စီးတီးရဲ႕ဆယ္စုႏွစ္တာအတြင္း အေကာင္းဆုံးကစားသမားေတြထဲမွာ အဂၤလန္ကစားသမားဆုိလုိ႔ စတာလင္းတစ္ေယာက္သာ ပါဝင္ေနတာပါပဲ။ ဆုိလုိခ်င္တာကေတာ့ မန္စီးတီးမ်ာ အဂၤလန္အသင္းသားေတြ သိပ္မေအာင္ျမင္တတ္ဘူးဆုိတဲ႔ သေဘာမ်ိဳးျဖစ္ေနပါတယ္။ ဒါေပမယ့္ တကယ့္ကုိ ပါသင့္ပါထုိက္တဲ႔သူေတြကုိ ေရြးခ်ယ္ထားတာလုိ႔ ျမင္မိပါတယ္။

(Unicode)

မန်စီးတီးအသင်းရဲ့ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံးကစားသမား(၁၁)ယောက်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို အမြဲတမ်းတင်ဆက်ပေးနေကြဖြစ်တဲ့ Manchester Evening News (MEN) ကနေ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေများစွာထဲကမှ အသင်းအတွက် အကောင်းဆုံးခြေစွမ်းအပြနိုင်ဆုံး အထက်မြက်ဆုံးသော ကစားသမား(၁၁)ယောက်ကို ရွေးချယ်မှုပြုလုပ်ပေးခဲ့ရာ မန်စီးတီးပရိသတ်တွေရဲ့စိတ်ဆန္ဒနဲ့ တစ်ထပ်တည်းကျနိုင်မလားဆိုတာ လေ့လာကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Getty Images

မန်စီးတီးရဲ့ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံး ကစားသမား(၁၁)ဦး (၄-၃-၃ပုံစံ)

ဂိုး – အီဒါဆင်

နောက်တန်း – အလက်ဆန်းဒါးကိုလာရော့(လက်ရှိရိုးမား) ၊ လာပေါ်တေး ၊ ဗင်းဆင့်ကွန်ပနီ(လက်ရှိအန်ဒါလက်ချ်) ၊ ပေါ်လိုဇာဘလက်တာ(လက်ရှိဝက်စ်ဟမ်း)

အလယ်- ဒေးဗစ်ဆေးဗား ၊ ယာယာတိုရေး(အနားယူ) ၊ ကယ်ဗင်ဒီဘရိုင်း

ရှေ့တန်း – ရာဟန်စတာလင်း ၊ ဆာဂျီယိုအဂူရို ၊ ကားလို့တဲဗက်ဇ်(လက်ရှိဘိုကာဂျူနီယာ)

Photo Credit : Getty Images

 ဒီစာရင်းမှာ ပါဝင်လာသူတွေကတော့ မန်စီးတီးပရိ်သတ်တွေ တကယ်ကြွေခဲ့ရတဲ့ ကစားသမားတွေဖြစ်သလို လက်ရှိအသင်းမှာ ပါဝင်နေသေးတဲ့ ဖာနန်ဒင်ဟိုတို့ ဘာနာဒိုဆေးဗားတို့ မပါနိုင်တာကတော့ ကစားသမား(၁၁)ယောက်စာပဲ ရွေးချယ်ရတာကြောင့် ဖြစ်နိုင်ပေမယ့် တချို့မန်စီးတီးအသင်းပရိသတ်တွေတော့ လက်မခံချင်စရာ ဖြစ်စေနိုင်ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံးကစားသမား(၁၁)ယောက်မှာ ဂိုးသမား အလယ်တန်းနဲ့ ရှေ့တန်း ၃နေရာလုံးမှာ  လက်ရှိကစားနေသေးတဲ့ ကစားသမားတွေက ၁နေရာမှာ ၂ယောက်လောက် ပါဝင်နေတာကိုကြည့်ရင်း လက်ရှိ မန်စီးတီးခံစစ်က လိုအပ်ချက်တွေ ဘယ်လောက်များနေသလဲဆိုတာ ပိုပြီးမြင်သာနေပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ မန်စီးတီးရဲ့ဆယ်စုနှစ်တာအတွင်း အကောင်းဆုံးကစားသမားတွေထဲမှာ အင်္ဂလန်ကစားသမားဆိုလို့ စတာလင်းတစ်ယောက်သာ ပါဝင်နေတာပါပဲ။ ဆိုလိုချင်တာကတော့ မန်စီးတီးမျာ အင်္ဂလန်အသင်းသားတွေ သိပ်မအောင်မြင်တတ်ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် တကယ့်ကို ပါသင့်ပါထိုက်တဲ့သူတွေကို ရွေးချယ်ထားတာလို့ မြင်မိပါတယ်။