MySport Myanmar

ဒက်ကလန်ရိုက်စ်ကို ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်လာခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းကတော့ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၈၀) + အပိုဆုကြေး ပေါင် (၁၀)သန်း စုစုပေါင်း ပေါင် သန်း(၉၀)နဲ့ တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားတယ်လို့ နာမည်ကျော် သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီနွေမှာ အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်နေသူ ဒက်ကလန်ရိုက်စ်ဟာ ဒီဈေးကွက်ထဲ ဝက်စ်ဟမ်းကနေ သေချာပေါက် ထွက်ခွာတော့မှာဖြစ်လို့ သူ့ကို အာဆင်နယ်ဘက်ကနေ ကမ်းလှမ်းမှု (၂)ကြိမ်တိုင်တိုင် လုပ်ဆောင်ထားခဲ့ရာ (၂)ကြိမ်လုံး ပယ်ချထားခံခဲ့ရပါတယ်။ ဒီအချိန်မှာ ဂွန်ဒိုဂန်ကို ဘာစီလိုနာအသင်းဆီ လက်လွတ်ထားခဲ့ရတဲ့ မန်စီးတီးအသင်းကပါ ဒက်ကလန်ရိုက်စ်ကို စိတ်ဝင်စားလာခဲ့ပြီး ရိုက်စ် race ထဲကို စတင် ဝင်ရောက်လာခဲ့သလို အခုလည်း ကမ်းလှမ်းမှုကြီးတစ်ခုနဲ့ပါ ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းလာခဲ့ပါတယ်။

Photo Credit : Clutch Points

အာဆင်နယ်အသင်းက ရိုက်စ်အတွက် နောက်ဆုံး ကမ်းလှမ်းထားခဲ့တာဟာ ပေါင် (၇၅)သန်း + အပိုဆုကြေး ပေါင် (၁၅)သန်း ဖြစ်ပြီး စီးတီးက အာဆင်နယ်နဲ့ ကမ်းလှမ်းမှု ပမာဏချင်း တူညီနေပေမယ့်လည်း လက်ငင်း ငွေသားအပိုင်းမှာတော့ စီးတီး ပိုသာနေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဘက်ကလည်း ရိုက်စ်အတွက် လက်မလျှော့သေးပဲ တတိယ ကမ်းလှမ်းမှုကို ထပ်မံ လုပ်ဆောင်သွားဖို့ ရှိနေပြီး plan b အနေနဲ့လည်း မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမား ဖိုဖာနာကိုပါ စောင့်ကြည့်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

စီးတီးကတော့ ဂွန်ဒိုဂန် ထွက်ခွာသွားပြီးတဲ့နောက် ချယ်လ်ဆီးက ခရိုအေးရှား ကွင်းလယ်လူ မက်တီအိုကိုဗာချစ်ကို ခေါ်ယူထားခဲ့ပေမယ့်လည်း ဒက်ကလန်ရိုက်စ်လို ကစားသမားမျိုးကိုပါ ထပ်မံ ခေါ်ယူဖို့ ရှိနေသလို ခံစစ်ပိုင်းအတွက်ကိုလည်း လိုက်ပ်ဇစ်ရဲ့ ခရိုအေးရှား နောက်ခံလူ ဂဗာဒီယော်လ်ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version