မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာကို (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ ဗြိတိန်ရဲ့ နာမည်ကြီး သတင်းမီဒီယာ The Athletic ကနေ ဖော်ပြသွားခဲ့ပါတယ်။

James Maddison reveals hilarious comment from Pep Guardiola as pair chat at  full-time of Leicester vs Man City | The Sun

Photo Credit : The Sun

စပိန်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ခုနှစ်မှာပဲ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းအတွက် အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့ပေမယ့် သူရဲ့ လက်ရှိစာချုပ်က ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ကုန်ဆုံးသွားတော့မှာဖြစ်လို့ အသင်းဘက်နေ သူ့ကို သက်တမ်း ထပ်တိုးနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အခုတော့ မန်စီးတီးအသင်းက သူတို့နည်းပြ ဂွာဒီယိုလာကို ၂၀၂၅ခုနှစ်အထိ အသင်းမှာပဲ ဆက်လက် ထားရှိသွားနိုင်ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ နာမည်ကျော် အားကစားသတင်းထောက် ဒေးဗစ်အော်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Planet Football

 

မန်စီးတီးအသင်းအနေနဲ့ ဂွာဒီယိုလာကို သက်တမ်းတိုးနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းနေတာဖြစ်ပြီး အခုတော့ သူတို့ရဲ့ ကြိုးပမ်းမှုဟာ အရာထင်လာနိုင်တော့မှာဖြစ်ကာ ဂွာဒီယိုလာကိုလည်း စီးတီးနည်းပြအဖြစ် နောက်ထပ် ၂၀၂၅ခုနှစ်အထိ ဆက်လက် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပနေချိန်မှာ မန်စီးတီးတာဝန်ရှိသူတွေက နည်းပြဂွာဒီယိုလာနဲ့ စာချုပ်ကိစ္စ ဆွေးနွေးနေခဲ့ရာ စာချုပ်ကို ကနဦး တစ်နှစ်စာချုပ်အဖြစ် ချုပ်ဆိုသွားဖို့နဲ့ နောက်ထပ် တစ်ရာသီ option အဖြစ် ထည့်သွင်းသွားဖို့ ကလပ်အသင်းကရော နည်းပြဘက်ကပါ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ အသက်(၅၁)နှစ်အရွယ်ရှိ ဘာစီလိုနာ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့့ နည်းပြဟောင်း ဂွာဒီယိုလာဟာ ဒီအသင်းဟောင်းတွေမှာ ဘာစီလိုနာကို (၄)နှစ် ဘိုင်ယန်မြူးနစ်ကို (၃)နှစ်သာ ကိုင်တွယ်ခဲ့ပေမယ့် အခု သူရဲ့လက်ရှိကလပ် မန်စီးတီးကို ဆယ်စုနှစ်တစ်ခုနီးပါးအထိပါ ကိုင်တွယ်သွားဖို့ အခြေအနေများနေရပြီ ဖြစ်ပါတယ်။