ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေးကို ဘူကာယိုဆာခါကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ မြင့်တတ်လာခဲ့ပြီး အာဆင်နယ်ဘက်က ဆာခါကို ကာလရှည် သက်တမ်းတိုးဖို့ ကြန့်ကြာနေချိန်မှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေသလို လီဗာပူးလ်အသင်းနဲ့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

England and Arsenal star is the subject of interest from both Manchester City and Liverpool

Photo Credit : Daily Mail

အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန်လက်ရွေးစင် စွယ်စုံရကစားသမားလေး ဆာခါဟာ အသက်(၇)နှစ်အရွှယ်မှာကတည်းက အာဆင်နယ်အသင်းရဲ့ ဟေးလ်အန့်အကယ်ဒမီကို စတင်ရောက်ရှိနေတာဖြစ်ပြီး (၁၀)နှစ်အကြာမှာပဲ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖြစ်ပြီး ယူ-၂၃အသင်းမှာ စတင်ကစားခွင့်ရခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ အာဆင်နယ်စီနီယာအသင်းအတွက် စတင်ပါဝင်ခွင့် ရရှိခဲ့တဲ့ ဆာခါဟာ အခုဆိုရင် အသင်းအတွက် (၁၃၁)ပွဲအထိ ပါဝင်ထားရပြီဖြစ်ပြီး သွင်းဂိုး(၂၃)ဂိုးလည်း သွင်းယူထားကာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာလည်း အာဆင်နယ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Saka is unlikely to be the subject of any offer this year with both clubs exploring other options

Photo Credit : Daily Mail

Right midfield ရော left midfield အပြင် left-back အဖြစ်ပါ ကစားတတ်သူ ဆာခါဟာ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အသင်းဘက်က သူတို့ရဲ့ အဓိက ကစားသမားလေးကို ကာလရှည်စာချုပ်ချုပ်ဖို့ စီစဉ်ထားသလို အရည်အသွေးကောင်းတွေရော အလားအလာကောင်းတွေပါ ပိုင်ဆိုင်ထားတဲ့ ဆာခါကို လီဗာပူးလ်အသင်းအပြင် မန်စီးတီးအသင်းတို့ကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး ခေါ်ယူသွားဖို့လည်း ဆန္ဒရှိနေကြပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ထားခဲ့ရတာကြောင့် အသင်းရဲ့ နွေရာသီ ကစားသမားသစ် ခေါ်ယူရေး အစီအစဉ်တွေမှာရော ဆာခါရဲ့ စာချုပ်သစ်ကိစ္စမှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေတာကြောင့် ဆာခါကို မန်စီးတီးနဲ့ လီဗာပူးလ်တို့က အပြိုင်စိတ်ဝင်စားနေကြတာဖြစ်ပြီး အသင်းနှစ်သင်းလုံးက central midfield ပိုင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူချင်နေတာကြောင့် ကွင်းလယ်(၃)ယောက်တန်း ဘယ်ရောညာရော ကစားနိုင်တဲ့ ဆာခါကို ခေါ်ယူချင်နေသလို ဆာခါကလည်း အာဆင်နယ်အသင်းကို ချစ်မြတ်နိုးပေမယ့် သူရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်မယ့် ရွေးချယ်မှုတွေကို လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။