မန်စီးတီးအသင်းကတော့ အသင်းရဲ့ ဝါရင့်ကွင်းလယ်ခံစစ်ကစားသမား ဖာနန်ဒင်ဟိုကို လက်လွတ်ရတော့မယ့်အချိန် တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်လို့ သူရဲ့နေရာမှာ အစားထိုးဝင်ရောက်ကစားနိုင်မယ့် ကွင်းလယ်လူတစ်ယောက်ကို ရှာဖွေလျက်ရှိနေရာ လက်ရှိအချိန် စီးရီးအေကလပ် ဆာဆူအိုလိုအသင်းရဲ့ အီတလီကွင်းလယ်ကစားသမား မန်နူရယ်လိုကာတယ်လီကို စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : Juvefc

အသက်(၂၃)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား လိုကာတယ်လီဟာ အေစီမီလန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ၂၀၁၆ခုနှစ်မှာပဲ မီလန်စီနီယာအသင်းဆီ တတ်လှမ်းခဲ့ရပေမယ့် သူရဲ့ခြေစွမ်းတွေက သိပ်မထင်ရှားသေးတာကြောင့် ဆာအူအိုလိုအသင်းဆီ အငှားချခဲ့ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာပဲ ဆာဆူအိုလိုအသင်းကနေ လိုကာတယ်လီကို ယူရို(၁၂.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူဖြစ်ခဲ့ပါတယ်။ အခုတော့ လိုကာတယ်လီဟာ ဆာဆူအိုလိုအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေရတဲ့အပြင် အီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ ကစားသမားတစ်ယောက်ပါ ဖြစ်လို့နေပါတယ်။

Photo Credit : CalcioMercato

ကွင်းလယ်ဗဟိုနေရာမှာရော ကွင်းလယ်ခံစစ်နေရာမှာပါ ကျွမ်းကျွမ်းကျင်ကျင် ပါဝင်ကစားတတ်တဲ့ ကွင်းလယ်လူ လိုကာတယ်လီကို စီးရီးအေရဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းနဲ့ သူရဲ့ကလပ်အသင်းဟောင်း အေစီမီလန်တို့ကပါ ခေါ်ယူသွားဖို့ စိတ်ဝင်တစားရှိနေကြပြီး လတ်တလောမှာတော့ မန်စီးတီးအသင်းကပါ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် လိုကာတယ်လီကို စတင်ပစ်မှတ်ထားလာခဲ့ပါတယ်။ လိုကာတယ်လီရဲ့ လက်ရှိတန်ကြေးကတော့ ယူရို(၃၅)သန်းခန့် (ပေါင်သန်း၃၀)ဝန်းကျင် ရှိလို့နေပြီး ဆာဆူအိုလိုဘက်ကလည်း သူတို့ကစားသမားအတွက် အဲ့ဒီလောက်တန်ကြေးရမှသာ အသင်းကနေ လက်လွတ်သွားဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းကတော့ ကွင်းလယ်ပိုင်းအတွက် အီတလီကွင်းလယ်လူ လိုကာတယ်လီအပြင် ဒီနှစ်ဘောလုံးရာသီအတွင်း ဘရိုက်တန်အသင်းမှာ ခြေစွမ်းပြနေပြီး ကလပ်အသင်းတိုင်းရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ ဘစ်ဆူးမားကိုလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂွာဒီယိုလာရဲ့တပည့်ဟောင်း ဒေးဗစ်အလာဘာကိုလည်း အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။