MySport Myanmar

ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ ပြိုင်ဘက်တွေထက် အသာစီးရနေတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်တို့လို ပြိုင်ဘက်အသင်းကြီးတွေကို ကျော်ဖြတ်ပြီး လေဗာကူဆင်အအသင်းရဲ့ ဂျာမနီ ကြယ်ပွင့်ကစားသမား ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Give Me Sport ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ လေဗာကူဆင်ရဲ့ အဓိက ကွင်းလယ်ကစားသမား ဝစ်ဇ်ကို ဒီနွေရာသီမှာ ခေါ်ယူဖို့ အဓိက အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်ကလပ် မန်စီးတီးဟာ ဂျာမနီလက်ရွေးစင် ကစားသမားလေး ဝစ်ဇ်ကို ဒီနွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ကီဗင် ဒီဘရိုင်းနေရာအတွက် တိုက်ရိုက် အစားထိုးနိုင်မယ့်သူအဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား ဝစ်ဇ်ကို ဘွန်ဒစ်လီဂါရဲ့ အင်အားကြီးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ လာလီဂါ ထိပ်သီးအသင်း ရီးယဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် သတင်းတွေအရ လေဗာကူဆင်အသင်းဟာ သူတို့ရဲ့ အဓိက ကစားသမားကို ဒေသတွင်း ပြိုင်ဘက်အသင်းကို ရောင်းချပြီး အဲဒီအသင်းကို ပိုမို အင်အားတောင့်တင်းလာအောင် ကူညီဖို့ ဝန်လေးနေပါတယ်။

ဒီအချက်က မန်စီးတီးအသင်းအတွက် အားသာချက်ဖြစ်လာပြီး သူတို့အနေနဲ့ ဝစ်ဇ်ကို အရ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ လေဗာကူဆင်အသင်းကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး ဝစ်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ဝန်းကျင်အထိ တောင်းဆိုဖွယ်ရှိပါတယ်။

Photo Credit : TEAMtalk

ရီးယဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်အသင်းတို့ကလည်း ဒီနွေရာသီမှာ ဝစ်ဇ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ဇာဘီ အလွန်ဆိုဟာ ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့လာဖို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရီးယဲလ်အသင်းဟာ စပိန်လူမျိုးနည်းပြက ဝစ်ဇ်ကို မက်ဒရစ်ဆီ လိုက်ပါလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

လက်ရှိအချိန်မှာတော့ ဝစ်ဇ်ဟာ လွန်ခဲ့တဲ့လက ဝါဒါဘရီမင်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ ညာဘက် ခြေကျင်းဝတ်အရွတ် စုတ်ပြဲသွားခဲ့တာကြောင့် ရက်သတ္တပတ် အတော်ကြာ အနားယူရဦးမှာ ဖြစ်ပါတယ်။ ဝစ်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ (၃၉)ပွဲကစား (၁၅)ဂိုးသွင်း (၁၃)ဂိုးဖန်တီးပေးထားနိုင်ပါတယ်။

Exit mobile version